Connect with us

Hi, what are you looking for?

LuduNwayOo

News

ကိုလင်းပိုင်စိုးအတွက် စစ်ကောင်စီကို သွေးကြွေးဆပ်ချေမှုန်းမည်ဟု ဂေါ်ရခါးကာကွယ်ရေးတပ်ကြေညာ

ကိုလင်းပိုင်စိုးကွယ်လွန်ခဲ့သည့်အပေါ် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြောင်းနှင့်တော်လှန်ရေးတွင် ကျဆုံးခဲ့သူတစ်ဦးချင်းစီအတွက် စစ်ကောင်စီအား သွေးကြွေး ဆပ်ချေမှုန်းသွားမည်ဟုလည်း GDFက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်ခဲ့၍ စစ်ကြောရေးတွင် ကွယ်လွန်ခဲ့သည့် ဂေါ်ရခါးလူမျိုး ကိုလင်းပိုင်စိုးအတွက် ဝမ်းနည်းကြောင်းနှင့် စစ်ကောင်စီကို သွေးကြွေးဆပ် ချေမှုန်းသွားမည်ဟု ဂေါ်ရခါးကာကွယ် ရေးတပ်(Gurkha Defence Force – GDF)က ယနေ့(အောက်တိုဘာ၁၉)ကြေညာချက်ထုတ်ပြန်သည်။

နေပြည်တော်နှင့် မန္တလေးမြို့တို့မှ စစ်ကောင်စီဆန့်ကျင်ရေး လူထုဆန္ဒထုတ်ဖော်ပွဲများတွင် ဦးဆောင်ခဲ့သည့် ကိုလင်းပိုင်စိုးကို စစ်ကောင်စီက စက်တင်ဘာ ၃၀ရက်တွင် ဖမ်းဆီးသွားပြီး စစ်ကြောရေး၌ အောက်တိုဘာ ၁ ရက်တွင် သေဆုံးခဲ့သည်ကို မိသားစုက ယမန်နေ့ (အောက်တိုဘာ ၁၈)တွင်မှ သိရှိခဲ့သည်။

ကိုလင်းပိုင်စိုးကွယ်လွန်ခဲ့သည့်အပေါ် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြောင်းနှင့်တော်လှန်ရေးတွင် ကျဆုံးခဲ့သူတစ်ဦးချင်းစီအတွက် စစ်ကောင်စီအား သွေးကြွေး ဆပ်ချေမှုန်းသွားမည်ဟုလည်း GDFက ထုတ်ပြန်သည်။

” အာဏာရူးစစ်ကောင်စီနှင့် အပေါင်းအပါများလုံးကို သွေးကြွေးများပြန်လည်ပေးဆပ်ရင်း အောင်မြင်မှုပန်းတိုင် ဆွတ်ခူးနိုင်သည်အထိ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ဂတိသစ္စာပြုအပ်ပါသည်”ဟု GDFက ပြည်သူလူထုထံ သစ္စာပြုထားသည်။

Public Service Announcement

Public Service Announcement

ကိုလင်းပိုင်စိုးသည် ကျောက်ဆည်နည်းပညာတက္ကသိုလ်မှ နောက်ဆုံးနှစ်အင်ဂျင်နီယာကျောင်းသားတစ်ဦး ဖြစ် သည်။

ဆက်စပ်သတင်းများ

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။