Connect with us

Hi, what are you looking for?

News

ကိုလင်းပိုင်စိုးအတွက် စစ်ကောင်စီကို သွေးကြွေးဆပ်ချေမှုန်းမည်ဟု ဂေါ်ရခါးကာကွယ်ရေးတပ်ကြေညာ

ကိုလင်းပိုင်စိုးကွယ်လွန်ခဲ့သည့်အပေါ် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြောင်းနှင့်တော်လှန်ရေးတွင် ကျဆုံးခဲ့သူတစ်ဦးချင်းစီအတွက် စစ်ကောင်စီအား သွေးကြွေး ဆပ်ချေမှုန်းသွားမည်ဟုလည်း GDFက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်ခဲ့၍ စစ်ကြောရေးတွင် ကွယ်လွန်ခဲ့သည့် ဂေါ်ရခါးလူမျိုး ကိုလင်းပိုင်စိုးအတွက် ဝမ်းနည်းကြောင်းနှင့် စစ်ကောင်စီကို သွေးကြွေးဆပ် ချေမှုန်းသွားမည်ဟု ဂေါ်ရခါးကာကွယ် ရေးတပ်(Gurkha Defence Force – GDF)က ယနေ့(အောက်တိုဘာ၁၉)ကြေညာချက်ထုတ်ပြန်သည်။

နေပြည်တော်နှင့် မန္တလေးမြို့တို့မှ စစ်ကောင်စီဆန့်ကျင်ရေး လူထုဆန္ဒထုတ်ဖော်ပွဲများတွင် ဦးဆောင်ခဲ့သည့် ကိုလင်းပိုင်စိုးကို စစ်ကောင်စီက စက်တင်ဘာ ၃၀ရက်တွင် ဖမ်းဆီးသွားပြီး စစ်ကြောရေး၌ အောက်တိုဘာ ၁ ရက်တွင် သေဆုံးခဲ့သည်ကို မိသားစုက ယမန်နေ့ (အောက်တိုဘာ ၁၈)တွင်မှ သိရှိခဲ့သည်။

ကိုလင်းပိုင်စိုးကွယ်လွန်ခဲ့သည့်အပေါ် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြောင်းနှင့်တော်လှန်ရေးတွင် ကျဆုံးခဲ့သူတစ်ဦးချင်းစီအတွက် စစ်ကောင်စီအား သွေးကြွေး ဆပ်ချေမှုန်းသွားမည်ဟုလည်း GDFက ထုတ်ပြန်သည်။

” အာဏာရူးစစ်ကောင်စီနှင့် အပေါင်းအပါများလုံးကို သွေးကြွေးများပြန်လည်ပေးဆပ်ရင်း အောင်မြင်မှုပန်းတိုင် ဆွတ်ခူးနိုင်သည်အထိ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ဂတိသစ္စာပြုအပ်ပါသည်”ဟု GDFက ပြည်သူလူထုထံ သစ္စာပြုထားသည်။

Public Service Announcement

Public Service Announcement

ကိုလင်းပိုင်စိုးသည် ကျောက်ဆည်နည်းပညာတက္ကသိုလ်မှ နောက်ဆုံးနှစ်အင်ဂျင်နီယာကျောင်းသားတစ်ဦး ဖြစ် သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook