Connect with us

Hi, what are you looking for?

သတင်း

မိုးမောက်-ဗန်းမော်လမ်းနှင့် ဖားကန့်တွင် တိုက်ပွဲပြင်းထန်ခဲ့ဟု KIA အသိပေး

ကချင်ပြည်နယ် မိုးမောက်-ဗန်းမော်လမ်းပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့က တိုက်ပွဲပြင်းထန်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

KIA ပူးပေါင်းတပ်က ဩဂုတ် ၁၉ရက်တွင် မိုးမောက်အခြေစိုက် စစ်ကောင်စီ​၏ ခမရ(၄၃၇) တပ်ရင်းကို သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - The Kachin Net

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် မိုးမောက်-ဗန်းမော်လမ်းပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့က တိုက်ပွဲပြင်းထန်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

စစ်ကောင်စီက မိုးမောက်မြို့နယ်ဘက်သို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ၍ စက်တင်ဘာ ၄ရက် နံနက်အစောတွင် KIA ပူးပေါင်းတပ်က မိုးမောက် – ဗန်းမော်လမ်း (၆)မိုင် အောင်မြေကျေးရွာတွင် တိုက်ပွဲပြင်းထန်ခဲ့ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲကြောင့် ထိခိုက်ကျဆုံးအခြေအနေကိုဖော်ပြထားခြင်းမရှိပေ။ KIA ပူးပေါင်းတပ်က ဩဂုတ် ၁၉ရက်တွင် မိုးမောက်အခြေစိုက် စစ်ကောင်စီ​၏ ခမရ(၄၃၇)တပ်ရင်းကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ထိုးစစ်ဆင်မှုများ ပြန်လည်ပြုလုပ်လာ၍ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

ယမန်နေ့ တိုက်ပွဲဖြစ်ပွားရာသို့ ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟုလည်း KIAက အသိပေးသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်လည်း ယမန်နေ့က တိုက်ပွဲဖြစ်ခဲ့ကြောင်း KIAက သတင်းဖော်ပြသည်။ ဆိုင်းတောင်အပါအဝင် ဒေသတွင်းသို့ စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားလာ၍ KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ ရာတိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာဒေသရှိ ပြည်သူများသည် လုံခြုံရာသို့ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဖော်ပြထားသည်။

KIAသည် ဖားကန့်နှင့် မိုးမောက်မြို့နယ်အပါအဝင် ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း၊ ဗျူဟာကုန်း၊ တပ်ရင်းဌာနချုပ်များအပါအဝင် စခန်းကြီးငယ် ၂၀၀ ကျော်ကို ယခုနှစ်အတွင်း တိုက်ခိုက်သိမ်းပိုက် ထားပြီး စစ်ကိုင်း၊ မန္တလေး ဒစစ်ဆင်ရေးများ၌လည်း ပါဝင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။