Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ အေးရိပ်ငြိမ်သုဿန်တွင် အရိုးပြာအိုးတစ်နေရာ ကျပ်ငါးသိန်းဖြင့် စစ်ကောင်စီ ရောင်းချ

အေးရိပ်ငြိမ်သုဿန်တွင် အရိုးပြာအိုးတစ်နေရာ ကျပ်ငါးသိန်းဖြင့် စစ်ကောင်စီလက်အောက်ခံ မန္တလေးမြို့စည်ပင်သာယာရေးဌာနက ဌားရမ်းရောင်းချနေကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ အေးရိပ်ငြိမ်သုဿန်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

အင်ကြင်း/People’s Spring

အေးရိပ်ငြိမ်သုဿန်တွင် အရိုးပြာအိုးတစ်နေရာ ကျပ်ငါးသိန်းဖြင့် စစ်ကောင်စီလက်အောက်ခံ မန္တလေးမြို့စည်ပင်သာယာရေးဌာနက ဌားရမ်းရောင်းချနေကြောင်း သတင်းရရှိသည်။

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန် ကျေးရွာရှိ အေးရိပ်ငြိမ်သုဿန်တွင် အရိုးပြာအဆောက်အအုံကို တည်ဆောက်ပြီးစီးသွားပြီဖြစ်ပြီး ကွယ်လွန်သူများ၏ အရိုးပြာအိုးကို အဆိုပါ အဆောက်အအုံအတွင်းရှိ အခန်းငယ်တစ်ခန်းလျှင် တစ်သက်တာငှားရမ်းခ ကျပ်ငါးသိန်းပေး၍ ထည့်သွင်းနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ မန္တလေးစည်ပင်က ကြေညာသည်။

အရိုးပြာအဆောက်အအုံကို မြန်မာနိုင်ငံ၏ ပထမဆုံးသော အရိုးပြာအဆောက်အအုံဟု မန်းစည်ပင် က အမွှန်းတင်ထားပြီး လက်ရှိ ၁၂၅ခန်း ငှားရမ်းပေးထားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ပိုက်ဆံသက်သက်ရှာတာ။ လူတွေဖြင့်မွဲနေပါတယ်ဆိုမှ သေတဲ့သူဆီကပါ ပိုက်ဆံလိုချင်နေတာ”ဟု ချမ်းမြသာစည်မြို့နယ်နေ အသက်(၅၅) နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

အေးရိပ်ငြိမ်သုဿန်သည် မတ္တရာမြို့နယ်နှင့်ကပ်နေပြီး မန္တလေးမြို့ပေါ်နာရေးများအား အဆိုပါ သုဿန်၌ သွားရောက်ပြုလုပ်လေ့ရှိကြောင်း၊ ပြီးခဲ့သည့် ဇူလိုင်အတွင်းကပင် တိုက်ပွဲအခြေအနေများကြောင့် ထိုသုဿန်သို့ နာရေးကိစ္စများ သွားရောက်ပြုလုပ်ခြင်းမပြုတော့ဘဲ တောင်မြင့်သုဿန်သို့ ယာယီပြောင်းရွှေ့ပြုလုပ်ခဲ့ရကြောင်း မန္တလေးမြို့ခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

Facebook