Connect with us

Hi, what are you looking for?

သတင်း

တပ်ကုန်းက နာရီပေါင်းများစွာ ပိတ်မိနေတဲ့ သံဃာတော်နဲ့ ကိုရင်တွေကို ကယ်ထုတ်

နေပြည်တော်၊ တပ်ကုန်းမြို့နယ် မန်ကျီးပင်ကျေးရွာစစ်ဆေးရေးဂိတ်အနီးက အုတ်ဖိုကျောင်းမှာ နာရီပေါင်းများစွာ ပိတ်မိနေတဲ့ သံဃာတော်တွေနဲ့ ကိုရင်တွေကို ကယ်ထုတ်နိုင်ခဲ့ပြီလို့ သိရပါတယ်။

ကယ်ထုတ်နိုင်ခဲ့တဲ့ ကိုရင်ငယ်များ (ဓာတ်ပုံ-CJ)

ဇေအောင်/People’s Spring

နေပြည်တော်၊ တပ်ကုန်းမြို့နယ် မန်ကျီးပင်ကျေးရွာစစ်ဆေးရေးဂိတ်အနီးက အုတ်ဖိုကျောင်းမှာ နာရီပေါင်းများစွာ ပိတ်မိနေတဲ့ သံဃာတော်တွေနဲ့ ကိုရင်တွေကို ကယ်ထုတ်နိုင်ခဲ့ပြီလို့ သိရပါတယ်။

စက်တင်ဘာ ၁၁ ရက် မနေ့က နံနက် ၂ နာရီခွဲကတည်းက ပိတ်မိ​နေတဲ့ သံဃာတော် ၃ပါး၊ ကိုရင်၂ပါးနဲ့ ဒကာတစ်ဦးကို ဒီကနေ့ စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းမှာ ရန်ကုန် သန်းမင်းကြွယ် ပရဟိတအဖွဲ့ကနေ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

ကယ်ထုတ်နိုင်ခဲ့တဲ့ သံဃာတော်နဲ့ကိုရင်ငယ်များ ဓာတ်ပုံ-CJ

ဆရာတော်နှစ်ပါးနဲ့ကိုရင်နှစ်ပါးဟာ ရေတွေတက်လာလို့ ကျောင်းခေါင်မိုးပေါ်အထိ တက်နေခဲ့ရပါတယ်။ ရေအနည်းငယ်ကျသွားခဲ့ပေမယ့် ရေစီးတအားသန်နေတာ​ကြောင့် ခက်ခက်ခဲခဲသွားရောက်ကယ်ဆယ်ခဲ့ရတယ်လို့ သွားကယ်တဲ့ပရဟိတသမားတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဘုန်းဘုန်းကျောင်းကို လိုင်းပေါ်မှာ ကယ်ပေးဖို့ ပြောနေကြတာ။ ရေစီးက တအားသန်တယ်။ ကယ်ဆယ်ရေးတွေက ရေတိမ်လည်း ရေစီးသန်တော့မမောင်းရဲဘူးဖြစ်နေတာ။”လို့ ပရဟိတသမားတစ်ဦးက ပြောပါတယ်။

“ဒီပေါ်မှာဦးဇင်းတို့နေတာ နှစ်ညပေါ့။ ကိုရင်လေးတွေကိုလည်း ရင်ခွင်ထဲထည့်ထားလို့ အမိုးကမရှိဘူး။”လို့ ဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။

ကားများလည်း ရေမြုပ်နေပြီး ကျွဲနွားတိရိစ္ဆာန်တွေပါ ရေထဲမျောပါသေဆုံးတာတွေ ရှိနေတယ်လို့ သိရပါတယ်။ ရေစီးသန်နေတာကြောင့် ဆရာတော်တွေဟာ ဘုရားတ၍ လိုက်ပါခဲ့ရပါတယ်။

အခုလက်ရှိမှာ နေပြည်တော်၊တပ်ကုန်း၊ ဇေယျာသီရိ၊ ပျဥ်းမနားမြို့နယ်မှာ ရေကြီးရေလျှံနေဆဲဖြစ်ပြီး ပိတ်မိတဲ့ ပြည်သူတွေလည်း အများအပြား ရှိနေတယ်လို့ သိရပါတယ်။ ​ရေ​ဘေးသင့်ပြည်သူ​တွေအများအပြားရှိ​နေပြီးသန်းမင်းကြွယ် ပရဟိတအဖွဲ့က​နေ စက်တင်ဘာ ၁၁ ရက်နဲ့ စက်တင်ဘာ ၁၂ ရက် နံနက် ၁၁ နာရီ​​ကျော်အထိ

စက်​လှေ နဲ့ အ​ခေါက် ၂၀ ရဟန်းနဲ့ပြည်သူ ၁၀၀ ​လောက်ကို ကယ်တင်ထားနိုင်ပြီလို့ အဖွဲ့က တာဝန်ရှိသူက People’s Spring ကို​ပြောပါတယ် ။

​ရေ​ဘေး​ကြောင့်တံတားတွေ၊ လမ်းတွေလည်း ကျိုးကျပျက်စီးတာတွေရှိနေလို့ ရန်ကုန်-မန္တလေးလမ်းဟောင်းဘက်မှာလည်း သွားလာလို့မရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

နေပြည်တော်တဝိုက်အပြင် ပျော်ဘွယ်၊ ရမည်းသင်း၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ မြစ်သား၊ ကျောက်ဆည်မြို့နယ်တွေအထိ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး လူပေါင်းသောင်းချီ ရေဘေးဒုက္ခကြုံနေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်မှုဆက်တိုက်ရင်ဆိုင်နေရပြီး ယမန်နေ့(‌ဇွန်လ ၆ရက်)ကလည်း ရွှေညောင်မြို့မှာ တောင်ကျရေကြောင့် မြေနိမ့်ပိုင်းနေရာတွေ ရေကြီးမှုဖြစ်ခဲ့ပါတယ်။

သတင်း

ဘင်္ဂလားပင်လယ်အော်မှာမေလနှောင်းပိုင်းအတွင်းလေဖိအားနည်းရပ်ဝန်း ထပ်မံဖြစ်ပေါ်နိုင်ပြီး ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOSLHA )ကထုတ်ပြန်ပါတယ်။

သတင်း

နေပြည်တော် တပ်ကုန်းမြို့နယ်မှာ ရွေးကောက်ပွဲလုံခြုံရေးအတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြောက်ကျားတိုက်ခိုက်ခဲ့တာ သုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ နေပြည်တော် PDF တပ်ရင်း(၈၀၃) တာဝန်ရှိသူက ပြောပါတယ်။