Connect with us

Hi, what are you looking for?

News

တော်လှန်ရေး သီတင်းကျွတ်မီးတောက်တွေနဲ့ အာဏာရှင်ကို လောင်ကျွမ်းစေမယ်လှုပ်ရှားမှု မြောင်တွင်ပြုလုပ်

“စစ်အာဏာရှင်စနစ်မသေသေးသ၍ ကျွန်တော်တို့ရဲ့ တော်လှန်ရေးမပြီးဆုံးဘူး။လက်နက်နဲ့ပဲတိုက်ရ တိုက်ရ ဘယ်လို နည်းနဲ့ပဲ ဖြစ်ဖြစ် အာဏာရှင်စနစ်ကို တွန်းလှန်နေမယ်”ဟု MRA မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA)က “တော် လှန်ရေး သီတင်းကျွတ် မီးတောက်တွေနဲ့ အာဏာရှင်ကို လောင်ကျွမ်းစေမယ်”ကမ်ပိန်းကို ယနေ့ (အောက်တိုဘာ ၂၀ ရက်)က ပြုလုပ်ခဲ့သည်။

အဆိုပါကမ်ပိန်းတွင် ရပ်ရွာနေပြည်သူများလည်း တပ်ဖွဲ့ဝင်များနှင့်အတူပါဝင်ခဲ့ပြီး အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြသည်။

“စစ်အာဏာရှင်စနစ်မသေသေးသ၍ ကျွန်တော်တို့ရဲ့ တော်လှန်ရေးမပြီးဆုံးဘူး။လက်နက်နဲ့ပဲတိုက်ရ တိုက်ရ ဘယ်လို နည်းနဲ့ပဲ ဖြစ်ဖြစ် အာဏာရှင်စနစ်ကို တွန်းလှန်နေမယ်”ဟု MRA မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြောင်မြို့နယ်အပါအဝင် စစ်ကိုင်းတိုင်း၌ စစ်ကောင်စီက ထိုးစစ်များအင်းအားတိုးဆောင်ရွက်နေပြီး အောက်တို ဘာ ၁၂ရက်တွင် စစ်ကောင်စီတပ်က အင်အားသုံး၍ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှ PDF စခန်းတစ် ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ထိုဖြစ်စဥ် တွင် ပြည်သူ့တပ်ဖွဲ့မှ သတင်းကြိုတင်ရရှိခဲ့သဖြင့် ဖမ်းဆီးခံရသူနှင့် ထိခိုက်သေဆုံးမှုများမရှိခဲ့ပေ။

Public Service Announcement

Public Service Announcement

သို့သော် စခန်းအတွင်းရှိ စားနပ်ရိက္ခာများနှင့် တဲစခန်းများကို အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်စီးခဲ့သည်။ထို့ကြောင့် လက်ရှိတွင် ယာယီစခန်းများဖွဲ့ကာ နေထိုင်နေရကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ် ရေးနှင့် လုံခြုံရေးအဖွဲ့က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ မြောင်မြို့နယ်က ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက ဆန်နဲ့ ဆေးဝါး ကူညီထောက်ပံ့တာတွေ ဒီက​နေ့ (သြဂုတ် ၂၇) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

ကျောင်းထိုင်ဆရာတော်အပါအဝင် ၁၂ ဦးသေဆုံး၊ ၂၀ ဦးခန့်ဒဏ်ရာရ

Facebook