Connect with us

Hi, what are you looking for?

News

တော်လှန်ရေး သီတင်းကျွတ်မီးတောက်တွေနဲ့ အာဏာရှင်ကို လောင်ကျွမ်းစေမယ်လှုပ်ရှားမှု မြောင်တွင်ပြုလုပ်

“စစ်အာဏာရှင်စနစ်မသေသေးသ၍ ကျွန်တော်တို့ရဲ့ တော်လှန်ရေးမပြီးဆုံးဘူး။လက်နက်နဲ့ပဲတိုက်ရ တိုက်ရ ဘယ်လို နည်းနဲ့ပဲ ဖြစ်ဖြစ် အာဏာရှင်စနစ်ကို တွန်းလှန်နေမယ်”ဟု MRA မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA)က “တော် လှန်ရေး သီတင်းကျွတ် မီးတောက်တွေနဲ့ အာဏာရှင်ကို လောင်ကျွမ်းစေမယ်”ကမ်ပိန်းကို ယနေ့ (အောက်တိုဘာ ၂၀ ရက်)က ပြုလုပ်ခဲ့သည်။

အဆိုပါကမ်ပိန်းတွင် ရပ်ရွာနေပြည်သူများလည်း တပ်ဖွဲ့ဝင်များနှင့်အတူပါဝင်ခဲ့ပြီး အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြသည်။

“စစ်အာဏာရှင်စနစ်မသေသေးသ၍ ကျွန်တော်တို့ရဲ့ တော်လှန်ရေးမပြီးဆုံးဘူး။လက်နက်နဲ့ပဲတိုက်ရ တိုက်ရ ဘယ်လို နည်းနဲ့ပဲ ဖြစ်ဖြစ် အာဏာရှင်စနစ်ကို တွန်းလှန်နေမယ်”ဟု MRA မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြောင်မြို့နယ်အပါအဝင် စစ်ကိုင်းတိုင်း၌ စစ်ကောင်စီက ထိုးစစ်များအင်းအားတိုးဆောင်ရွက်နေပြီး အောက်တို ဘာ ၁၂ရက်တွင် စစ်ကောင်စီတပ်က အင်အားသုံး၍ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှ PDF စခန်းတစ် ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ထိုဖြစ်စဥ် တွင် ပြည်သူ့တပ်ဖွဲ့မှ သတင်းကြိုတင်ရရှိခဲ့သဖြင့် ဖမ်းဆီးခံရသူနှင့် ထိခိုက်သေဆုံးမှုများမရှိခဲ့ပေ။

Public Service Announcement

Public Service Announcement

သို့သော် စခန်းအတွင်းရှိ စားနပ်ရိက္ခာများနှင့် တဲစခန်းများကို အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်စီးခဲ့သည်။ထို့ကြောင့် လက်ရှိတွင် ယာယီစခန်းများဖွဲ့ကာ နေထိုင်နေရကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ် ရေးနှင့် လုံခြုံရေးအဖွဲ့က ဆိုသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ပျူစောထီးအဖွဲ့ဝင်တဦးရဲ့ ဘောင်းဘီပေါ်က မန်ယူအသင်းတံဆိပ်ကို ဓားနဲ့ကွင်းလှီးခဲ့တဲ့ မန်ယူဖန်ပြည်သူ့ကာကွယ်ရေးရဲဘော်ကတော့ လက်ရှိအချိန်အထိ တိုက်ပွဲဝင်နေဆဲဖြစ်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့ပေါ်မှာ သီတင်းကျွတ်လပြည့်နေ့က ပေါက်ကွဲမှုဖြစ်ပွားပြီး အဘွားအို ၁ဦးသေဆုံးကာ ပြည်သူ ၁ဦး ဒဏ်ရာရခဲ့ကြောင်း မြို့ခံတွေက ပြော​ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ကံပေါက်ဒေသမှာ အောက်တိုဘာ၂၇ရက်ညက သီတင်းကျွတ်ပွဲတော်လည်ပတ်တဲ့ လူ‌ငယ်တွေ ခိုက်ရန်ဖြစ်ပွားပြီး ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့​က သီတင်းကျွတ်ဘုရားကြီးပွဲလာသူအချို့ရဲ့ ဆိုင်ကယ်နဲ့ သုံးဘီးဆိုက်တွဲတွေ ပျောက်ဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။