Connect with us

Hi, what are you looking for?

သတင်း

ရေဘေးသင့်ဒေသများသို့ ကယ်ဆယ်ရေးနှင့် အရေးပေါ်စားနပ်ရိက္ခာပံ့ပိုးမှုများ PDF ရဲဘော်များ ချိတ်ဆက်ဆောင်ရွက်နေဟု NUG ပြော

ရေကြီးရေလျှံဒေသများသို့ ကူညီကယ်ဆယ်ရေးနှင့် အရေးပေါ်စားနပ်ရိက္ခာပံ့ပိုးခြင်း လုပ်ငန်းများအား မြို့နယ်တာဝန်ခံများမှတဆင့် ချိတ်ဆက် ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိပေးသည်။

ရေကြီးရေလျှံမှုဖြစ်သည့် ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသော PDF ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - NUG

ဇေအောင်/People’s Spring

ရေကြီးရေလျှံဒေသများသို့ ကူညီကယ်ဆယ်ရေးနှင့် အရေးပေါ်စားနပ်ရိက္ခာပံ့ပိုးခြင်း လုပ်ငန်းများအား မြို့နယ်တာဝန်ခံများမှတဆင့် ချိတ်ဆက် ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိပေးသည်။

ရာဂီတိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် ရေကြီးရေလျှံဒေသများသို့ ကူညီကယ်ဆယ်ရေးနှင့် ဒေသခံပြည်သူများကို ရေဘေးလွတ်ရာသို့ ရွေ့ပြောင်းရေးနှင့် အရေးပေါ်စားနပ်ရိက္ခာပံ့ပိုးခြင်း လုပ်ငန်းများကို မြို့နယ်တာဝန်ခံများမှတဆင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း NUG၏ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ယနေ့(စက်တင်ဘာ ၁၆ ရက်)တွင် အသိပေးသည်။

Public Service Announcement

Public Service Announcement

ရေကြီးရေလျှံမှုဖြစ်သည့် ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသော PDF ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – NUG

လတ်တလော ရေကြီးရေလျှံမှုကြောင့် ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်းဒေသရှိ စိုးမိုးနယ်မြေများတွင် ရေဘေးသင့်ပြည်သူများကို အကူအညီများ အချိန်မီရရှိနိုင်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ်ပကဖ၊ ပအဖအဖွဲ့များနှင့် လူသားစာနာတာဝန်ခံများက ရေဘေးသင့် အိမ်ထောင်စုများမှ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် စစ်ဘေးရှောင်များကို ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းထောက် ပံ့ကူညီမှုများ ဆက်လက် ဆောင်ရွက်ပေးနေသည်ဟု သိရသည်။

ထို့အပြင် အခြားတိုင်းနှင့် ပြည်နယ်များအလိုက် ရေဘေးသင့်ပြည်သူများစာရင်းကောက်ယူခြင်း၊ လိုအပ်ချက်များကို ဆန်းစစ်ခြင်းနှင့် ထောက်ပံ့မှုပေးခြင်းများကိုလည်း ဆောင်ရွက်ပေးနေပြီး ထိုသို့ထောက်ပံ့နိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပမှ လှူဒါန်းပေးကြသည့် စေတနာရှင်၊ အလှူရှင်များကိုလည်း ကျေးဇူးတင်ရှိကြောင်း NUG၏ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထပ်မံအသိပေးသည်။

စက်တင်ဘာ ၁၃ ရက်ကမူ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ရေဘေးသင့် ပြည်သူများကို ကူညီကယ်ဆယ်ရင်း ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော် တိုင်းစစ်ဌာန၊ ဗျုဟာအမှတ် (၁၇) ကွပ်ကဲမှုအောက်ရှိ တပ်ရင်းအမှတ် (၉၀၁)မှ ရဲဘော် Eagle အသက်ဆုံးပါးခဲ့ကြောင်း NUG၏ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးသည်။

“ရွာတွေထဲရေတွေအများကြီးစဝင်လာကတည်းက ပြည်သူတွေကို ရွှေ့ပြောင်းပေးနေကြတာ ပိတ်မိသူတွေကယ်ရင်းဖြစ်သွားတာပါ။

နေရာက စစ်တောင်းမြစ်ဝှမ်းဒေသကမြစ်ကမ်းနဲ့နီးတော့ ဆယ်ရွာကျော်လောက်ရေနစ်နေကြတာ။ (အလယ်ပိုင်းတိုင်း) နေပြည်တော် PDFတပ်ရင်းတွေကော၊ တောင်ပိုင်းတိုင်းPDFတွေကော၊ ရေဘေးကယ်ဆယ်ရေးလုပ်ပေးနေရင်း ရေစီးနဲ့မျောပါသွားတာပါ။”ဟု နေပြည်တော်တပ်ရင်း(၉၀၁)က တာဝန်ရှိသူက ပြောသည်။

ရေကြီးရေလျှံမှုဖြစ်သည့် ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသော PDF ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – NUG

လက်ရှိတွင် မကွေးတိုင်းနှင့် ပဲခူးတိုင်းရှိ ရေဘေးသင့်နှင့် စစ်ဘေးရှောင် ပြည်သူများအတွက် အရေးပေါ် အကူအညီများ ထောက်ပံ့ပေးနေသည်ဟု ၎င်းက ဆိုသည်။

ပဲခူးတိုင်း အရှေ့ခြမ်းရှိ တော်ဝင်ဒေါင်းတပ်ရင်းကလည်း ၎င်းတို့၏ စိုးမိုးနယ်မြေဒေသများတွင် ရေကြီးရေလျှံမှုများကို ကြိုတင်ကာကွယ်ရန် ပြည်သူလူထုနှင့် တပ်ရင်း၏ ရဲဘော်များ ပူးပေါင်းကာ သဲအိတ်များကို ထပ်၍ တာဘောင်များကို ခိုင်မာစေရန် ပြုလုပ်ခဲ့ကြောင်း အဆိုပါတပ်ရင်းက အသိပေးထားသည်။

စက်တင်ဘာဒုတိယပတ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းတို့တွင် ရေကြီးရေလျှံမှုများကြောင့် ရေဘေးဒုက္ခသည်သိန်းချီရှိနေကာ ပြည်သူရာချီသေဆုံးခဲ့သည်။ ယနေ့အထိလည်း ကူညီကယ်ဆယ်ရေးနှင့် စားနပ်ရိက္ခာများလိုအပ်နေဆဲဖြစ်ကြောင်း ရေဘေးသင့်ပြည်သူများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

Facebook