Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမြို့ပေါ်တွင် စစ်တပ်တပ်စွဲရာ ငါး​နေရာကို PDF များတိုက်ခိုက်

စစ်ကောင်စီတပ်စွဲထားသည့်ဒီပဲယင်းမြို့ပေါ်မှ နေရာငါး​နေရာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့​​ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ဒီပဲယင်းမြို့​ပေါ်တွင်တပ်စွဲထား​သော စစ်​ကောင်စီတပ်ကို PDF ၊ပကဖ နှင့်ပူး​ပေါင်းတပ်များကတိုက်ခိုက်စဥ်။ ။ဓါတ်ပုံ- Freedom Revolution Force (FRF)

မိထက်/People’s Spring

စစ်ကောင်စီတပ်စွဲထားသည့်ဒီပဲယင်းမြို့ပေါ်မှ နေရာငါး​နေရာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့​​ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်များအထိုင်ချတပ်စွဲထားသောကံပြားရွာပုပ္ပါရုံဘုန်းကြီးကျောင်း၊ ဇွဲတိုက်၊ရွှေဇာလီဘုရား၊ အ.ထ.ကစာသင်ကျောင်းနှင့် ကုန်းသာဦးဘုရားဝင်းတို့အားပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက စက်တင်ဘာလ (၁၇)ရက်တွင် တပြိုင်နက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“သူတို့ကင်းတွေ မလှည့်နိုင်တော့အောင် စိုးမိုးနယ်မြေ ပြန်ယူတာပါ။ ရလဒ်ကောင်းပါတယ်”ဟု ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

အဆိုပါ ၅ နေရာအား တစ်ပြိုင်နက်တိုက်ခိုက်ခဲ့ရာ ကံပြားရွာ ပုပ္ပါရုံကျောင်းတွင်တပ်စွဲထားသော စသားခန့်မှန်းအင်အား (၂၀)ခန့်မှာ အထိခိုက်များစွာဖြင့် တပ်စွဲထားသောနေရာအား စွန့်ခွာထွက်ပြေးသွားသည်ဟုFreedom Revolution Force (FRF)ကထုတ်ပြန်သည်။ထို့အပြင်ရွှေဇာလီကုန်းပေါ်မှ စစ်​ကောင်စီတပ်သားများမှာ (၄၀)မမများ တိုက်ရိုက်ထိမှန်ပြီး ဒဏ်ရာရသူများကိုသယ်

ဆောင်၍ စာသင်ကျောင်းဘက်သို့ထွက်ပြေးသွားသည်ဟု FRF ကအသိ​ပေးသည်။

စက်တင်ဘာလ၁၇ရက်က အဆိုပါစစ်ဆင်​ရေးကို Freedom Revolution Force (FRF)နှင့်အတူ ​ဒီပဲယင်းမြို့နယ်ပကဖ (တိုက်နယ် (၅)၊ Burmese Guerrilla Force (GBF) ပူးပေါင်းအဖွဲ့တို့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးရဲဘော်များထိခိုက်မှုမရှိခဲ့ဟု သတင်းထုတ်ပြန်ထားသည်။

ဒီပဲယင်းမြို့ရှိစစ်တပ်စခန်းများကို PDF ပူးပေါင်းတပ်ဖွဲ့များက ဩဂုတ်လ၁၅ရက်ညနေမှ စတင်တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၁၈ ရက်၊ နံနက်တွင် သိမ်းပိုက်ရရှိခဲ့သည်။ သို့​သော်ထို့နေ့တွင်ပင် စစ်ကောင်စီက လေကြောင်းမှအပြင်းအထန်တိုက်ခိုက်ပြီး ရဟတ်ယာဥ်ဖြင့်စစ်ကူများ​စေလွတ်၍ ပြန်လည်ထိန်းချုပ်သွားခဲ့သည်။ ထိုနောက်ပိုင်းတိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီသည် လေကြောင်းသုံး၍ အင်အားအများအပြားဖြည့်တင်းထားကြောင်းသတင်းရရှိသည်။

မြို့တွင်း၌ပြန်လည်တပ်ဆွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နေအိမ်များ၊ ခြံဝန်းများအတွင်းPDFများ ဝင်ရောက်နေရာမယူနိုင်ရန် စစ်ကြောင်းထိုး၍စစ်ဆေးခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခဲ့သည်။ ဒီပဲယင်းမြို့ပေါ်မှာလွဲ၍ ပတ်ဝန်းကျင်ကျေးရွာများအားလုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကထိန်းချုပ်ထားသည်။ မြို့ပေါ်လူဦးရေငါးထောင်နီးပါးသည် ဘေးပတ်ဝန်းကျင်ကျေးရွာများ၌ တိမ်းရှောင်နေရဆဲဖြစ်သည်။

“ပြည်သူတွေရဲ့ လေကြောင်းအန္တရာယ်အတွက် ကျနော်တို့တွေ ထိန်းထိန်းသိမ်းသိမ်းလုပ်နေရတယ်” ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

သြဂုတ်လလယ် ဒီပဲယင်းမြို့သိန်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော် လေးဦး ကျဆုံးခဲ့သည်။ စစ်ကောင်စီဘက်မှထိခိုက်သေဆုံးမှုများသည့် အပြင် လက်နက်မျိုးစုံ (၂၂) လက်၊ ကျည်မျိုးစုံ (၄၉၀၀) ခန့်၊ ဗုံးသီးမျိုးစုံ (၅၇) လုံး၊ မိုင်းမျိုးစုံ (၂၀) လုံး၊ ကျည်အိမ် (၈) ခုနှင့် ငွေကျပ် သိန်း (၃၄၀) ကျော် သိမ်းဆည်းရမိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တိုက်တိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ရေဘေးကြောင့် ပြည်သူ ၇ ဦးသေဆုံးပြီး ၂၅၀၀၀ ကျော်ဟာ ရေဘေးသင့်ကာ အကူအညီတွေ လိုအပ်နေကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲက ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။