Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်သားတစ်ဦး စက်သေနတ်ငယ် ၂ လက်ယူလာပြီး PDF ဇိုလဲန်းထံအလင်းဝင်

ချင်းပြည်နယ် တီးတိန်မြို့ အခြေစိုက် စစ်ကောင်စီတပ်သား တစ်ဦး စက်သေနတ်ငယ် ၂ လက် ယူဆောင်လာပြီးအလင်းဝင်လာကြောင်းPDF ဇိုလဲန်းက အသိပေးထားသည်။

အလင်းဝင်လာ​သောစစ်သားကို PDF Zoland မှတာဝန်ရှိသူက ဂုဏ်ပြု​ငွေ​ပေးအပ်စဥ်။ဓါတ်ပုံ-PDF Zoland

မိုးမိုး/People’s Spring

ချင်းပြည်နယ် တီးတိန်မြို့ အခြေစိုက် စစ်ကောင်စီတပ်သား တစ်ဦး စက်သေနတ်ငယ် ၂ လက် ယူဆောင်လာပြီးအလင်းဝင်လာကြောင်းPDF ဇိုလဲန်းက အသိပေးထားသည်။

စက်တင်ဘာ ၁၉ရက်တွင် တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ တပ်ရင်းမှတပ်သား ဟိန်ထက်ကိုကိုသည် MA2 စက်ကလေး၂ နှစ်လက် ၊ လက်ပစ်ဗုံး၊ ကျည်အိမ်များ ယူဆောင်ကာ အလင်းဝင်လာခဲ့သည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် အဆိုပါတပ်သားသည် ငါးဂျင်းမြှီး ခေါ် MG 3 စက်သေနတ်၏ ကျည်ခါးပတ် နှစ်တွဲ ယူဆောင်လာသည်ဟုလည်း​ဖော်ပြထားသည်။

ထိုသို့လက်နက်၊ ကျည်ဆံများဖြင့် အလင်းဝင်လာသည့် တပ်သားကို PDF ဇိုလဲန်းက ဆုငွေပေးအပ်နေသည့် မှတ်တမ်းဓာတ်ပုံကို ဖော်ပြထားပြီး ပေးအပ်သည့် ဆုငွေ ပမာဏကို ဖော်ပြထားခြင်းမရှိပေ။

ယခင်ကလည်း ဖလမ်း အခြေစိုက် ခလရ(၂၆၈)နှင့် တီးတိန်အခြေစိုက် ခလရ(၂၆၉)မှ စစ်သားများ PDF ဇိုလဲန်းထံ လက်နက်နှင့်အတူ အလင်းဝင်ရောက်မှုများ ရှိခဲ့သည်။ စစ်ကောင်စီတပ်များ အလင်းဝင်ရောက်မှု အခြေအနေများ မေးမြန်းရန် PDF ဇိုလဲန်း တပ်ဖွဲ့ထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

PDF ဇိုလဲန်းသည် ချင်းညီနောင် အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖြစ်ပြီး မတူပီမြို့သိမ်းတိုက်ပွဲ၌ ချင်းညီနောင်အဖွဲ့ဝင်များ၊ မဟာမိတ် ရက္ခိုင့်တပ်တော်(AA) တို့နှင့်အတူ တိုက်ပွဲဝင်ခဲ့ကြောင်း အသိပေးထားသည်။ ထို့ပြင် ယမန်နှစ် နိုဝင်ဘာကလည်း ချင်းပြည်နယ် တီးတိန်မြို့နယ် ကနေဒီတောင်ရှိ စစ်ကောင်စီတပ်စခန်းကို PDF ဇိုလဲန်း တပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အရာရှိ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အရှင်ဖမ်းမိပြီးလက်နက်များလည်း ရရှိခဲ့သည်။ ယခု ၂၀၂၄ မေလကုန်ပိုင်းကလည်း တီးတိန်မြို့ရှိ စစ်ကောင်စီတပ်များကို PDF ဇိုလဲန်းက တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ် တိုက်ပွဲမှာ စစ်တပ်နဲ့ လက်အောက်ခံ ဇိုမီးတပ်ဖွဲ့ ZRA တပ်ဖွဲ့ဝင် ၆ဦးသေဆုံးခဲ့ကြောင်း PDF ဇိုလဲန်း က သတင်းထုတ်ပြန်ပါတယ်။