Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်တွင် စစ်ကောင်စီယာဥ် တိုက်ခို​က်ခံရပြီး နှစ်ဦးသေဆုံး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းမှ စစ်ကောင်စီတပ်သားနှင့်ရဲများ လိုက်ပါလာသော အိမ်စီးကားတစ်စီးအား တိုက်ခိုက်ရာ စစ်ကြောရေးမှူးနှင့် ရဲ တစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ယာဥ်အား ရဲဘော်များ ပစ်ခတ်တိုက်ခိုက်နေစဥ်။

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းမှ စစ်ကောင်စီတပ်သားနှင့်ရဲများ လိုက်ပါလာသော အိမ်စီးကားတစ်စီးအား တိုက်ခိုက်ရာ စစ်ကြောရေးမှူးနှင့် ရဲ တစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၂၀ ရက် နေ့လယ် ၂ နာရီခွဲခန့်က မြို့သာရဲစခန်းမှ မင်းနေကုန်းရဲစခန်းသို့ အိမ်စီးကားဖြင့်သွားသော မြို့သာ စစ်ကြောရေးမှူးနှင့် ရဲတပ်သား ၂ ဦးလိုက်ပါလာသော အိမ်စီးကား အား မင်းနေကုန်းရဲစခန်း အနီးတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း HERO DEFENCE FORCE (မြင်းခြံ) အဖွဲ့တာဝန်ခံ စစ်သူကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် ကားပေါ်ပါ စစ်ကြောရေးမှူးနှင့် ရဲတစ်ဦး သေဆုံးခဲ့ပြီး ကျန် ရဲတစ်ဦးမှာ ဒဏ်ရာဖြင့် ထွက်ပြေးသွားကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

“ကျွန်တော်တို့က ပြည်သူ့ကားမှတ်လို့ ရှေ့ကနေတားတယ်။ မှန်ချခိုင်းတဲ့အချိန်မှာ ဒီကောင်တွေက စကစတွေဖြစ်နေပြီး နောက်ကိုဆုတ်ပြေးတဲ့အတွက် ပစ်ခတ်လိုက်တာပါ။ မင်းနေကုန်းရဲစခန်းနဲ့လည်း မီတာ၅၀၀ လောက်ပဲဝေးတာမို့ လိုက်လံရှင်းလင်းဖို့မလွယ်ကူတော့လို့ ရဲဘော်တွေအကုန်လုံး နောက်ပြန်ဆုတ်လာခဲ့တယ်။”ဟု စစ်သူကြီးက ပြောသည်။

သို့သော် ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ ပစ်ခတ်မှုကို HERO DEFENCE FORCE (မြင်းခြံ) နှင့် MGN (TIGER) ညီနောင်မဟာမိတ် နှစ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၂၀ ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်က ငါန်းဇွန်မြို့နယ်မှ ငါန်းမြာကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၉ဦးသေဆုံးခဲ့ပြီး ၁၄ဦး ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်မှာ စစ်ဘေးရှောင်တွေရှိတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ် ဝင်စီးပြီး အသက်(၈၀)ကျေ ာ်အဘွားအို ၁ဦးကိုသတ်ဖြတ်ကာ ဖုန်းတွေသိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။