သတင်း ဥက္ကံ PDFအနေဖြင့် စစ်ရေးတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ရန်လိုအပ်သည်များ အကြွေးဖြင့်ဝယ်ယူထားဟုဆို လက်ရှိတွင် လိုအပ်သည်များကို အကြွေးနှင့်ဝယ်ယူပြီးဖြစ်သည့်အတွက် လွတ်လပ်မှုကိုလိုလားသော ပြည်သူများအနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီအားဖြည့်ပေးကြရန် တိုက်တွန်းသည်။ LuduNwayOoဇူလိုင် 1, 2022
သတင်း မြန်မာစစ်တပ်၏လေကြောင်း ကျူးကျော်မှု ကြီးမားသည့်ကိစ္စရပ်မဟုတ်ဟု ထိုင်းဝန်ကြီးချုပ်ပြော အာဏာသိမ်းစစ်ကောင်စီတပ်၏ MIG-29 တိုက်လေယာဉ်သည် ထိုင်းပိုင်နက်သို့ ၄ သို့မဟုတ် ၅ ကီလိုမီတာခန့်ကျူးကျော်ခဲ့ပြီး အဆိုပါဖြစ်ရပ်ကြောင့် ထိုင်းဒေသခံများမှာ အထိတ်တလန့်ဖြစ်ခဲ့ကာ စာ သင်ကျောင်း ၂ ခုကိုလည်း အရေးပေါ်ပိတ်ခဲ့ရသည်။ LuduNwayOoဇူလိုင် 1, 2022
သတင်း ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်က ပျူများကိုရှေ့တန်းလိုက်ရန်တစ်ဦး ကျပ်နှစ်သိန်းပေးခေါ်သော်လည်း သေသူများလာ၍ မလိုက်ရဲတော့ ဆည်တော်ဦးကျောင်းတိုက်သည် မဘသဘုန်းကြီးတစ်ပါးကျောင်ထိုင်ပြီး စစ်ကောင်စီနှင့်ပျုစောထီးများ လက်ခံထားရာ ကျောင်းဖြစ်သည်။ LuduNwayOoဇူလိုင် 1, 2022
သတင်း ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦး ဖမ်းခံရပြီး တစ်လခွဲကျော်ကြာတဲ့အထိအဆက်အသွယ်မရဖြစ်နေ စိုင်းစစ်အောင်ကို ပြီးခဲ့တဲ့မေလ ၁၃ ရက် ကဖမ်းဆီးသွားတာဖြစ်ပြီး ဒီနေ့အချိန်ထိ ဖမ်းဆီးထားတဲ့ နေရာကိုမသိရကြောင်း တောင်ကြီး ပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ပါတယ်။ LuduNwayOoဇူလိုင် 1, 2022
သတင်း ဂန့်ဂေါတောင်ပိုင်း အောင်မြင်ရွာနှင့် အနောက်ဘက်ဂန့်ဂေါကြား တိုက်ပွဲဖြစ် အဆိုပါထိတွေ့တိုက်ပွဲမှာ နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးရဲဘော်များဘက်မှ လက်နက်အင်အားမမျှသဖြင့် ပြန်လည်ဆုတ်ခွာပေးလိုက်ရကြောင်း အသိပေးသည်။ ယင်းစစ်ကြောင်းမှာ နံနက် ၉နာရီခွဲတွင် အောင်မြင်ရွာသို့ ဝင်ရောက်သွားပြီဟု ဆိုသည်။ LuduNwayOoဇူလိုင် 1, 2022
သတင်း ကလေးများအပေါ် ရက်စက်ကြမ်းကြုတ်သောရာဇဝတ်မှုကျူးလွန်သူများအား တာဝန်ခံမှုရှိစေရေးလုပ်ဆောင်ရန် နိုင်ငံတကာကို NUG တောင်းဆို NUG သည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်နှင့် ၎င်း၏နောက်ဆက်တွဲ စာချုပ်အပါအဝင် နိုင်ငံတကာဥပဒေပါ တာဝန်၀တ္တရားများနှင့်အညီ ကလေးသူငယ်များ၏ အခွင့်အရေးများကို မြှင့်တင်ကာကွယ်စောင့်ရှောက်ရန် ကတိပြုကြောင်း ကြေညာသည်။ LuduNwayOoဇူလိုင် 1, 2022
သတင်း ဂန့်ဂေါမြောက်ပိုင်းတွင် စစ်ကောင်စီ၊ပျူ ပူးပေါင်းတပ်နှင့် PDF များတိုက်ပွဲဖြစ် လက်ရှိတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တပ်မဟာ ၇ လက်အောက်ခံတပ်ရင်းများနှင့် ဒေသခံကာကွယ်ရေးတပ်များက စစ်ကောင်စီ စစ်ကြောင်းနှင့်ထိတွေ့တိုက်ပွဲဖြစ်နေကြောင်းတပ်မဟာ ၇ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ LuduNwayOoဇူလိုင် 1, 2022
သတင်း PDFနှင့် မဟာမိတ်တပ်တိုက်ခိုက်မှုကြောင့် ဗန်းမောက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၂၀ကျော်သေ တိုက်ပွဲအတွင်း စကစတပ်သား ၂၀ ကျော်ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိထားသော စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများက ဆေးကုသမှုများပြုလုပ်ပေးပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း အသိပေးအပ်သည်ဟု ထုတ်ပြန်သည်။ LuduNwayOoဇူလိုင် 1, 2022
သတင်း ထန်တလန်တွင် စစ်ကောင်စီတပ်က ဇွန်လအတွင်း အိမ်ခြေ ၁၁၀ကျော်ထပ်မံ မီးရှို့ ထိုသို့ မီးရှို့ဖျက်ဆီးခြင်းကြောင့် ထန်တလန်မြို့ပေါ်ရှိ ရှေးကျဆုံးဘုရားကျောင်းဖြစ်သည့် Thantlang Baptist Church အပါအဝင် ဘုရားကျောင်းသုံးကျောင်းလည်း ပြာကျသွားခဲ့ရကြောင်း အသိပေးသည်။ LuduNwayOoဇူလိုင် 1, 2022
သတင်း ဖယ်ခုံမြို့နယ်တွင် တပ်စွဲထားသောစစ်ကောင်စီတပ်ကို ဝင်တိုက်ရာ ခုနှစ်ဦးသေဆုံးကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့ ထုတ်ပြန် အလားတူ ဇွန် ၂၃ ရက်က လွယ်မကူးတောင် ကုန်းပေါ်တွင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို အထူးစစ်ဆင် ရေးအဖွဲ့က စနိုက်ဘာဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီး သေဆုံးသူ နှစ်ဦးရှိခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြ သည်။ LuduNwayOoဇူလိုင် 1, 2022