Connect with us

Hi, what are you looking for?

သတင်း

ဂန့်​ဂေါ​မြောက်ပိုင်းတွင် စစ်​ကောင်စီ၊ပျူ ပူး​ပေါင်းတပ်နှင့် PDF များတိုက်ပွဲဖြစ်

လက်ရှိတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တပ်မဟာ ၇ လက်အောက်ခံတပ်ရင်းများနှင့် ဒေသခံကာကွယ်ရေးတပ်များက စစ်ကောင်စီ စစ်ကြောင်းနှင့်ထိတွေ့တိုက်ပွဲဖြစ်နေ​ကြောင်းတပ်မဟာ ၇ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

(တပ်မဟာ (၇) တပ်ရင်း (၇၀၃ ) မှတပ်ဖွဲ့ဝင်တစ်ဦး။ ဓါတ်ပုံ-အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်)
(တပ်မဟာ (၇) တပ်ရင်း (၇၀၃ ) မှတပ်ဖွဲ့ဝင်တစ်ဦး။ ဓါတ်ပုံ-အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်)

ဂန့်ဂေါမြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးအင်အား ၂၀၀ခန့်သည် ဆန်းမြို့နှင့် မြင်သားရွာဘက်ကို စစ်ကြောင်းထိုးလာ၍ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း အနောက်ပိုင်းစစ်ဌာနချုပ်ကသတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့သည် မြောက်ခင်ရမ်းရွာမှ ယနေ့ (ဇူလိုင် ၁ ရက်)တွင် စစ်တင်စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

လက်ရှိတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တပ်မဟာ ၇ လက်အောက်ခံတပ်ရင်းများနှင့် ဒေသခံကာကွယ်ရေးတပ်များက စစ်ကောင်စီ စစ်ကြောင်းနှင့်ထိတွေ့တိုက်ပွဲဖြစ်နေ​ကြောင်းတပ်မဟာ ၇ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ဂန့်ဂေါမြောက်ပိုင်းက ပျူစောထီးရွာတွေမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက တစ်လတစ်ခါလောက် အနီးနားက ရွာတွေကို စစ်ကြောင်းထိုးပြီး ရိက္ခာ လာလာယူနေကြ။ အခု အဲဒီစစ်ကြောင်းနဲ့ ထိတွေ့မှုဖြစ်နေတာပါ”ဟု တပ်မဟာ ၇ ၊ တပ်ရင်း ၇၀၃ မှ ပြန်ကြားတာဝန်ခံကပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲအခြေအနေကို အသေးစိပ်မသိရသေးကြောင်း ၎င်းကဆက်​ပြောသည်။

အခုရက်ပိုင်းအတွင်း ဂန့်ဂေါဒေသတွင် စစ်ရေးတင်းမာနေ၍ ကလေး- ဂန့်ဂေါလမ်းပိုင်းကို လုံးဝအသုံးမပြုကြရန် နှင့် ဒေသခံကာကွယ်ရေးတပ်များ၏ထုတ်ပြန်ချက်များကို အတိအကျလိုက်နာ​ပေးကုရန် တပ်ရင်း (၇)တပ်မဟာ ၇၀၃ ကမေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

Facebook