Connect with us

Hi, what are you looking for?

သတင်း

ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦး ဖမ်းခံရပြီး တစ်လခွဲကျော်ကြာတဲ့အထိအဆက်အသွယ်မရဖြစ်နေ

စိုင်းစစ်အောင်ကို ပြီးခဲ့တဲ့မေလ ၁၃ ရက် ကဖမ်းဆီးသွားတာဖြစ်ပြီး ဒီနေ့အချိန်ထိ ဖမ်းဆီးထားတဲ့ နေရာကိုမသိရကြောင်း တောင်ကြီး ပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ပါတယ်။

တောင်ကြီးပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ ရဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင် စိုင်းစစ်အောင်
တောင်ကြီးပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ ရဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင် စိုင်းစစ်အောင်

တောင်ကြီးပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ ရဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင် စိုင်းစစ်အောင် ဟာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံလိုက်ရပြီး တစ်လခွဲကျော်ကြာမြင့်တဲ့အထိ အဆက်အသွယ်မရဖြစ်နေတယ်လို့သိရပါတယ်။

စိုင်းစစ်အောင်ကို ပြီးခဲ့တဲ့မေလ ၁၃ ရက် ကဖမ်းဆီးသွားတာဖြစ်ပြီး ဒီနေ့အချိန်ထိ ဖမ်းဆီးထားတဲ့ နေရာကိုမသိရကြောင်း တောင်ကြီး ပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်းမရဘဲပျောက်ဆုံးနေတာကြောင့် အသက်အန္တရာယ်အတွက် စိုးရိမ်နေရတယ်လို့လည်းဆိုထားပါတယ်။

အသက် ၂၃ နှစ်အရွယ် စိုင်းစစ်အောင်ရဲ့ အသက်အန္တရာယ်လုံခြုံရေးနဲ့အဆက်အသွယ်တစုံတရာရရှိဖို့အတွက် အရပ်ဘက်အဖွဲအစည်းတွေ ၊နိုင်ငံတကာအဖွဲ့အစည်းတွေ ၊ ပြည်သူ့ရှေ့နေအဖွဲ့အစည်းတွေအပြင် တော်လှန်ရေးအဖွဲ့အစည်းတွေကလည်း တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်ကူညီပေးကြဖို့ တောင်ကြီးပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ က မေတ္တာရပ်ခံထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ထိုင်းနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ထိုင်းတက္ကသိုလ် ၃ ခုရဲ့ကျောင်းသား သမဂ္ဂတွေ နဲ့ ကျောင်းသား အဖွဲ့အစည်းတွေက ပူးတွဲထုတ်ပြန်ချက်တစ်စောင်နဲ့ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အမှတ် (၃) အခြေခံ ပညာအထက်တန်းကျောင်း (အထက ၃)မှာ ဆရာမတွေခိုင်းလို့ ကျောင်းတံခါးသွားပိတ်တဲ့ (၉) တန်းကျောင်းသား သံတံခါး​ပိမိလို့ ပြင်းထန်ဒဏ်ရာရပြီး ဆေးရုံမှာ အရေးပေါ်​ဆေးကုသမှု ခံယူနေရပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းနဲ့သာဖြေရှင်းဖို့ စစ်ရေးနည်းနဲ့ မဖြေရှင်းဖို့ ကျောင်းသားသမဂ္ဂ အင်အားစုတွေက ဒီကနေ့ ဇွန် ၂၇ရက်မှာ ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

သတင်း

မန္တလေး၊အမရပူရမြို့နယ်၊ ယဉ်တော်စံရွာရှိအခြေခံပညာမူလွန်ကျောင်း ရှေ့မှာမနေ့( ဇွန်လ ၂၃ ရက်)ကကျောင်းသားအချင်းချင်းစကားများရန်ဖြစ်ရာကဓားထိုးမှုဖြစ်ပြီး ကျောင်းသားတစ်ဦးသေဆုံးသွားတယ်လို့ လူမူကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။