Connect with us

Hi, what are you looking for?

သတင်း

ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦး ဖမ်းခံရပြီး တစ်လခွဲကျော်ကြာတဲ့အထိအဆက်အသွယ်မရဖြစ်နေ

စိုင်းစစ်အောင်ကို ပြီးခဲ့တဲ့မေလ ၁၃ ရက် ကဖမ်းဆီးသွားတာဖြစ်ပြီး ဒီနေ့အချိန်ထိ ဖမ်းဆီးထားတဲ့ နေရာကိုမသိရကြောင်း တောင်ကြီး ပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ပါတယ်။

တောင်ကြီးပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ ရဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင် စိုင်းစစ်အောင်
တောင်ကြီးပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ ရဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင် စိုင်းစစ်အောင်

တောင်ကြီးပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ ရဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင် စိုင်းစစ်အောင် ဟာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံလိုက်ရပြီး တစ်လခွဲကျော်ကြာမြင့်တဲ့အထိ အဆက်အသွယ်မရဖြစ်နေတယ်လို့သိရပါတယ်။

စိုင်းစစ်အောင်ကို ပြီးခဲ့တဲ့မေလ ၁၃ ရက် ကဖမ်းဆီးသွားတာဖြစ်ပြီး ဒီနေ့အချိန်ထိ ဖမ်းဆီးထားတဲ့ နေရာကိုမသိရကြောင်း တောင်ကြီး ပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်းမရဘဲပျောက်ဆုံးနေတာကြောင့် အသက်အန္တရာယ်အတွက် စိုးရိမ်နေရတယ်လို့လည်းဆိုထားပါတယ်။

အသက် ၂၃ နှစ်အရွယ် စိုင်းစစ်အောင်ရဲ့ အသက်အန္တရာယ်လုံခြုံရေးနဲ့အဆက်အသွယ်တစုံတရာရရှိဖို့အတွက် အရပ်ဘက်အဖွဲအစည်းတွေ ၊နိုင်ငံတကာအဖွဲ့အစည်းတွေ ၊ ပြည်သူ့ရှေ့နေအဖွဲ့အစည်းတွေအပြင် တော်လှန်ရေးအဖွဲ့အစည်းတွေကလည်း တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်ကူညီပေးကြဖို့ တောင်ကြီးပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ က မေတ္တာရပ်ခံထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ တက္ကသိုလ် ကျောင်းသားတစ်ယောက်က ဓားကိုင်ရမ်းကား တိုက်ခိုက်ပြီး လူ ၈ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။

သတင်း

မန္တလေးအခြေစိုက် တက္ကသိုလ် ၁၅ ကျောင်းမှ ကျောင်းသားသမဂ္ဂများစုပေါင်း၍ ရဲဘော်များနှင့် စစ်ဒဏ်သင့်ပြည်သူများအတွက် ရန်ပုံငွေရှာ​ဖွေမည့် "ရွှေမန်းဆီသို့ ကမ်ပိန်း ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ်အတွင်း စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်၍ သံဃာတစ်ပါး ပျံလွန်တော်မူပြီး ကိုရင်နှင့်ကျောင်းသား၊ကျောင်းသူများ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

နိုင်ငံတကာ

အရပ်ဝတ်နဲ့ ရဲတွေဟာ ဆေးရုံကို ရောက်လာပြီးတဲ့နောက် ကျောင်းသားခေါင်းဆောင် သုံးယောက်ကို အတင်းအကျပ် ဆေးရုံဆင်းစေခဲ့ကြောင်း၊ ဆေးရုံဝန်ထမ်းတွေက တားဆီးပေမယ့် မအောင်မြင်ခဲ့ကြောင်း ဆေးရုံဖက်က ထုတ်ပြန်ခဲ့ပါတယ်။