Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါတောင်ပိုင်း အောင်မြင်ရွာနှင့် အနောက်ဘက်ဂန့်ဂေါကြား တိုက်ပွဲဖြစ်

အဆိုပါထိတွေ့တိုက်ပွဲမှာ နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးရဲဘော်များဘက်မှ လက်နက်အင်အားမမျှသဖြင့် ပြန်လည်ဆုတ်ခွာပေးလိုက်ရကြောင်း အသိပေးသည်။ ယင်းစစ်ကြောင်းမှာ နံနက် ၉နာရီခွဲတွင် အောင်မြင်ရွာသို့ ဝင်ရောက်သွားပြီဟု ဆိုသည်။

PDF GanGaw - တောင်ပိုင်း တပ်ဖွဲ့ဝင်အချို့ကို ​တွေ့ရစဥ်၊ (ပုံဟောင်းကို အသုံးပြုထားပါသည်)
PDF GanGaw - တောင်ပိုင်း တပ်ဖွဲ့ဝင်အချို့ကို ​တွေ့ရစဥ်၊ (ပုံဟောင်းကို အသုံးပြုထားပါသည်)

ဂန့်ဂေါတောင်ပိုင်း အောင်မြင်ရွာနှင့် အနောက်ဘက်ဂန့်ဂေါကြား တိုက်ပွဲဖြစ်ပွားရာ စစ်သားနှစ်ဦးလဲကျသွားသည်ကိုတွေ့ရပြီး ထိခိုက်သေဆုံးမှုမသိရသေးကြောင်း PDF GanGaw(တောင်ပိုင်း)အဖွဲ့က ယနေ့(ဇူလိုင် ၁) တွင် ထုတ်ပြန်သည်။

ယနေ့နံနက် ၇ နာရီခွဲက ဂန့်ဂေါမြို့ပေါ်မှ အင်အား ၆၀ ဝန်းကျင်ခန့်ရှိသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းသည် WE LOVE တံတားအတိုင်း အနောက်ဘက်ဂန့်ဂေါသို့ စစ်ကြောင်းထိုးလာပြီး တောင်ဘက်သို့ဆက်လက်ထွက်လာရာ နံနက်၈နာရီ ၁၅ မိနစ်ခန့်တွင် အောင်မြင်ရွာနှင့် အနောက်ဘက်ဂန့်ဂေါကြားတွင် PDF-GANGAW (တောင်ပိုင်း)အဖွဲ့နှင့် KKG တပ်ရင်း(၆)အဖွဲ့တို့မှ ပူးပေါင်းဆီးကြိုတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

အဆိုပါထိတွေ့တိုက်ပွဲမှာ နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးရဲဘော်များဘက်မှ လက်နက်အင်အားမမျှသဖြင့် ပြန်လည်ဆုတ်ခွာပေးလိုက်ရကြောင်း အသိပေးသည်။ ယင်းစစ်ကြောင်းမှာ နံနက် ၉နာရီခွဲတွင် အောင်မြင်ရွာသို့ ဝင်ရောက်သွားပြီဟု ဆိုသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီစစ်တပ်များသည် အောင်မြင်ရွာ ဘုန်းကြီးကျောင်းနှင့် ဂန့်ဂေါ – အိုက္ကားလမ်းပေါ်သို့ရောက်ရှိနေပြီး ၎င်းနေရာတစ်ဝိုက် ထိတွေ့တိုက်ပွဲအချိန်မရွေးဖြစ် လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် ဂန့်ဂေါ – မင်းရွာလမ်းပိုင်းနှင့် ဂန့်ဂေါ – အိုက္ကားလမ်းပိုင်းတို့အား ဖြတ်သန်းသွားလာခြင်းမပြုကြရန် မေတ္တာ ရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook