Connect with us

Hi, what are you looking for?

သတင်း

ထန်တလန်တွင် စစ်ကောင်စီတပ်က ဇွန်လအတွင်း အိမ်ခြေ ၁၁၀ကျော်ထပ်မံ မီးရှို့

ထိုသို့ မီးရှို့ဖျက်ဆီးခြင်းကြောင့် ထန်တလန်မြို့ပေါ်ရှိ ရှေးကျဆုံးဘုရားကျောင်းဖြစ်သည့် Thantlang Baptist Church အပါအဝင် ဘုရားကျောင်းသုံးကျောင်းလည်း ပြာကျသွားခဲ့ရကြောင်း အသိပေးသည်။

ဓာတ်ပုံ - PTAC
ဓာတ်ပုံ - PTAC

▪️ဘုရားကျောင်း သုံးကျောင်းလည်း မီးလောင်ပြာကျခဲ့ရ

ချင်းပြည်နယ် ထန်တလန်မြို့ပေါ်ရှိ နေအိမ်များကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့ခဲ့ရာ အိမ်ခြေ ၁၁၇လုံး မီးလောင်ပြာကျခဲ့ရကြောင်း ထန်တလန်စစ်ရှောင်ကော် မတီ Thantlang Placement Affairs Committee -IDPs help( TPAC)က ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်သားများက ထန်တလန်မြို့ပေါ်ရှိ အိမ်ခြေများကို ဇွန်လ ၉ရက်၊ ၁၁ရက်၊ ၁၆ရက်၊ ၂၀ရက်နှင့် ၂၃ရက်များတွင် ထပ်မံမီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

ဓာတ်ပုံ - PTAC
ဓာတ်ပုံ – PTAC

ထိုသို့ မီးရှို့ဖျက်ဆီးခြင်းကြောင့် ထန်တလန်မြို့ပေါ်ရှိ ရှေးကျဆုံးဘုရားကျောင်းဖြစ်သည့် Thantlang Baptist Church အပါအဝင် ဘုရားကျောင်းသုံးကျောင်းလည်း ပြာကျသွားခဲ့ရကြောင်း အသိပေးသည်။

ယခုဇွန်လအတွင်း မီးရှို့ခဲ့မှုများအပါအဝင် စစ်​ကောင်စီတပ်သားများက ထန်တလန်မြို့ပေါ် အိမ်ခြေမီးရှိူ့မှု အကြိမ်ပေါင်း ၃၅ကြိမ်ရှိပြီဖြစ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - PTAC
ဓာတ်ပုံ – PTAC

စစ်ကောင်စီတပ်သည် ထန်တလန်မြို့ပေါ်နေအိမ်များကို ၂၀၂၁ နှစ်ကုန်ပိုင်းမှစ၍ မီးရှို့ဖျက်ဆီးမှုများ၊ လူထုများအား ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့၍ ထန်တလန် တစ်မြို့လုံးထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ စစ်ကောင်စီတပ်၏ အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးမှုကြောင့် ထန်တလန်မြို့ပေါ်ရှိ နေအိမ်တစ်ထောင်ကျော် မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။