Connect with us

Hi, what are you looking for?

သတင်း

PDFနှင့် မဟာမိတ်တပ်တိုက်ခိုက်မှုကြောင့် ဗန်းမောက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၂၀ကျော်သေ

တိုက်ပွဲအတွင်း စကစတပ်သား ၂၀ ကျော်ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိထားသော စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများက ဆေးကုသမှုများပြုလုပ်ပေးပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း အသိပေးအပ်သည်ဟု ထုတ်ပြန်သည်။

ဒဏ်ရာရစကစတပ်သားကို ဆေးကုသပေးနေစဥ်၊ ဓာတ်ပုံ - ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ
ဒဏ်ရာရစကစတပ်သားကို ဆေးကုသပေးနေစဥ်၊ ဓာတ်ပုံ - ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

ဒဏ်ရာရစစ်ကောင်စီတပ်သားကို ဆေးကုပေးပြီးကောင်းမွန်စွာ ထိန်းသိမ်းထားဟု NUG ကာကွယ်ရေးအသိပေး

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်၌ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၂၀ ကျော် သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဇွန်လ၃၀ရက်က ကသာခရိုင်၊ ဗန်းမောက်မြို့နယ် တစ်နေရာတွင် စစ်ကောင်စီတပ်သားများနှင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် မဟာမိတ်တပ်ပေါင်းစုများကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စကစတပ်သား ၂၀ ကျော်ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိထားသော စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများက ဆေးကုသမှုများပြုလုပ်ပေးပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း အသိပေးအပ်သည်ဟု ထုတ်ပြန်သည်။

ဗန်းမောက်တောင်ပိုင်းတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကသာခရိုင် တပ်ရင်း-၂( ဗန်းမောက် PDF + အင်းတော် PDF)၊ ဒေသကာကွယ်ရေး ပူးပေါင်းတပ်များ နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့သည်။ ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို အရှင်ဖမ်းမိခဲ့ပြီးလက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း Banmauk Revolution-BRက အသိပေးထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ ဗန်းမောက်မြို့နယ်အတွင်း အင်တာနက်လိုင်း ဖုန်းလိုင်းများ ဖြတ်ခံထားရသည့်ကြားမှ သတင်းများကို ကြိုးစားတင်ဆက်နေပါတယ်ခင်ဗျာ။ခြေသံလုံဖို့ဦးစားပေးထားရတဲ့အတွက် အချို့အချို့သော အချက်အလက်များ၊ ပုံများကို တင်ပြခြင်းမပြုနိုင်သည်ကို နားလည်ခွင့်လွတ်ပေးပါရန် တောင်းပန်အပ်ပါသည်ခင်ဗျာ။မြေပြင်သတင်းအချက်အလက်များအရ မုန့်ဟင်းခါးပွဲရေမှာဒိထက်များပြားပြီး ၃၀ ကျော်ကြောင်းလဲ သိရှိရပါသည်ခင်ဗျာ”ဟု BRကအသိ​ပေးသည်။

ထိုအပြင်တိုက်ပွဲတွင်ဒဏ်ရာရစစ်​ကောင်စီတပ်သားများစွာကို သီလရွာတွင်ကားပေါ်သို့ထမ်းတင်နေကြောင်း မျက်မြင်​တွေရှိသူများထံမှသိရ​ကြောင်းလည်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook