သတင်း စဥ့်ကူးမြို့နယ်တွင် စစ်ရေးတိုက်ခိုက်မှုပြုလုပ်ရန်အသွား သတင်းပေါက်ကြားပြီး PDF ရဲဘော်ခြောက်ဦး ကျဆုံး ထို့အပြင် သပိတ်ကျင်းမြို့နယ်တော်လှန်ရေးတပ်ဖွဲ့ (TR)မှ အသိပေးထုတ်ပြန်ရာတွင်လည်း ကျဆုံးရဲဘော်များ၏ ဖုန်းများမှတဆင့် ခြေရာခံကာ အခြားတော်လှန် ရေးရဲဘော်များကိုလည်း စစ်ကောင်စီတပ်က ရှာဖွေနေကြောင်း ဖော်ပြသည်။ LuduNwayOoဇွန် 21, 2022
သတင်း ပေါက်မြို့နယ်တွင်ကျေးရွာများကို ဝင်ရောက်ဖျက်ဆီးနေသောစစ်ကောင်စီတပ်ကိုPDFများကတိုက်ခိုက်ရာ၅ ဦးသေဆုံး စစ်တပ် အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အထိပေါက်မြို့နယ်အတွင်းကျေးရွာပေါင်း ၂ဝ မှလူနေအိမ် ၁၂၃၄လုံး၊ ဘုန်းကြီးကျောင်း ၅ ကျောင်း၊ စာသင်ကျောင်းများ မီးရှိူ့ဖျက်ဆီးခံခဲ့ရပြီး အပါအဝင် ပြည်သူ ၅၀ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်။ LuduNwayOoဇွန် 21, 2022
သတင်း ကရင်နီအမျိုးသားများစည်းလုံးစွာ အကြမ်းဖက်စစ်အာဏာရှင်ချုပ်ငြိမ်းရေး အမြန်ဆုံးဆောင်ရွက်ရန်လိုအပ်နေကြောင်း KNPP ဥက္ကဋ္ဌပြော KNPPသည် လူထုနှင့်တသွေးတသားတည်းရှိနေပြီး လူထုအတွက် ပေါ်ပေါက်လာ သည့် တော်လှန်ရေးတာဝန်တစ်ရပ်ကို လူထုကိုယ်စား တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း KNPP ဥက္ကဋ္ဌက ပြောကြားခဲ့သည်။ LuduNwayOoဇွန် 21, 2022
သတင်း မန္တလေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ပစ်ခတ်ရှင်းလင်း မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက် အောင်ချမ်းသာရပ်ကွက်တွင်နေထိုင်သော အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး မျိုးထွေးဆိုသူကို ယနေ့နံနက် ၇နာရီခွဲခန့်တွင် သေနတ်ဖြင့် ငါးချက်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။ LuduNwayOoဇွန် 21, 2022
သတင်း မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ဝင်းထဲ ဗုံးပစ်ခံရ ဒီနေ့မနက်ပိုင်းကလည်း မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်မှာ မိခင်ထံအလည်လာတဲ့ စစ်သားတစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။ LuduNwayOoဇွန် 21, 2022
သတင်း ယင်းမာပင်တွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ကျေးရွာလေးရွာထက်မနည်း အရေးပေါ် စစ်ဘေးရှောင်နေရ "မြို့ပေါ် ကျေးရွာက အမျိုးသားတစ်ဦး လက်နက်ကြီးမှန်သွားတယ်ဗျ။ပြီးတော့ ဒီမနက်သုံးနာရီလောက်မှာ ထပ်ပစ်လို့ မြို့ပေါ် ၊ပြောင်းပြာ ၊နုံးကြီး၊ ရွာထောင်ရွာက လူတွေ အကုန်ရွှေ့နေရတယ်"ဟု ဒေသခံတစ်ဦးက ရှင်းပြသည်။ LuduNwayOoဇွန် 21, 2022
သတင်း သမိုင်းတစ်လျှောက် သင်ခန်းစာများကို ပြန်လည်သုံးသပ်ကာအာဏာရှင်စနစ်ကို ကရင်နီပြည်ရှိ လူထုနှင့် အသင်းအဖွဲ့များ စည်းလုံးညီညွတ်စွာ အမြစ်ပြုတ်တိုက်ဖျက်ကြရန် KNDF တိုက်တွန်း ကရင်နီအမျိုးသားများ၏ ရည်မှန်းချက်ကို တားဆီးသည့် ယနေ့ အာဏာရှင်စနစ်ကို အပြီးပြတ်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ရည်မှန်ချက်တူသည့် အင်အားစုများအားလုံးနှင့် လက်တွဲသွားမည်ဟုလည်း အသိပေးသည်။ LuduNwayOoဇွန် 21, 2022
သတင်း တမူးPDFက စစ်တပ်ထုတ်မြန်မာဘီယာဖာ၁၀၀ဖာနီးပါးကိုဖမ်းဆီးဖျက်ဆီး တမူးPDFသည်အဆိုပါလမ်းပိုင်းတွင် ယခင်ကလည်းကားများကိုစစ်ဆေး၍စစ်တပ်ထုတ်ကုန်များတွ့ပါက ဖမ်းဆီးဖျက်ဆီးခဲ့သည်။နယ်မြေစိုးမိုးရးအတွက် တမူး-ကလေးလမ်းပိုင်းကိုတမူးPDFက မကြာခဏစစ်ဆေးလေ့ရှိသည်။ LuduNwayOoဇွန် 21, 2022
သတင်း တနင်္သာရီမြို့နယ်အတွင်း မြစ်ချောင်းများမှ သဲကျောက်စုပ်ယူခြင်းမပြုရန်၊ ညဘက်ဖြတ်သန်းသွားလာခြင်း မပြုရန် မြို့နယ်(ပကဖ)ထုတ်ပြန် နယ်မြေလုံခြုံရေးအရ တားမြစ်လိုက်သည့် ထုတ်ပြန်အသိပေးချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိပါက နယ်မြေလုံခြုံရေးအဖွဲ့များမှ လိုအပ်သလို ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဟုလည်း ဖော်ပြထား သည်။ LuduNwayOoဇွန် 21, 2022
သတင်း ဖလမ်းတွင် စစ်ကောင်စီတပ်က စာသင်ကျောင်းအနီး အသံမိုင်းခွဲကာ ချင်းတပ် CNO/CNDF အား ပြည်သူအမြင်မှားစေရန် လုပ်ဆောင်ဟု ထုတ်ပြန် ဇွန်လ ၁၅ရက်က ဖြစ်ပွားခဲ့သည့်အဆိုပါအသံမိုင်းခွဲမှုအပြင် "မိမိတို့၏သားသမီးများအလောင်းမကောက်လိုပါကကျောင်းမထားကြနဲ့” ဟူသော ခြိမ်းခြောက်စာတစ်ချိူ့လည်း ကပ်ထား ကြောင်း ဖော်ပြထားသည်။ LuduNwayOoဇွန် 21, 2022