Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်တွင်​ကျေးရွာများကို ဝင်​ရောက်ဖျက်ဆီး​နေ​သောစစ်​ကောင်စီတပ်ကိုPDFများကတိုက်ခိုက်ရာ၅ ဦး​သေဆုံး

စစ်တပ် အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အထိပေါက်မြို့နယ်အတွင်းကျေးရွာပေါင်း ၂ဝ မှလူနေအိမ် ၁၂၃၄လုံး၊ ဘုန်းကြီးကျောင်း ၅ ကျောင်း၊ စာသင်ကျောင်းများ မီးရှိူ့ဖျက်ဆီးခံခဲ့ရပြီး အပါအဝင် ပြည်သူ ၅၀ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်။

(စစ်​ကောင်စီတပ်ပစ်ခတ်ခဲ့​သောကျည်အချို့နှင့် ကျန်ခဲ့​​သောလက်နက်အစိတ်အပိုင်းအချို့ ။ဓါတ်ပုံ-SNL LPDF)
(စစ်​ကောင်စီတပ်ပစ်ခတ်ခဲ့​သောကျည်အချို့နှင့် ကျန်ခဲ့​​သောလက်နက်အစိတ်အပိုင်းအချို့ ။ဓါတ်ပုံ-SNL LPDF)

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင်ကျေးရွာများအားစစ်​ကြောင်းထိုးဝင်ရောက်ဖျက်ဆီးနေသည့်စစ်​​ကောင်စီတပ်နှင့်တိုက်ပွဲဖြစ်ပွားရာ နှစ်ရက်အတွင်း စစ်​ကောင်စီတပ်သား ၅ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-ပေါက်မြို့နယ်က သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၆ ရက်နေ့က အင်အား ၁၀၅ ယောက်ဖြင့်တောင်မြင့်ကျေးရွာသို့ ဦးတည်လာသော စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၆၊ SLNL PDF တို့ ပထမအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်။

အကြမ်းဖက်စစ်တပ်သည် တောင်မြင့်ကျေးရွာတွင်တစ်ညအိပ်ပြီးဇွန်လ ၁၇ ရက်နေ့နံနက်ပိုင်းတွင်တောင်မြင့်ကျေးရွာမှ ရွာသားနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်၍ လမ်းပြခိုင်းကာ ကျားပစ်ကန်ကျေးရွာသို့လက်နက်ကြီးဖြင့်ပစ်ခတ်ဝင်ရောက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-ပေါက်မြို့နယ်
၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သစ်ညီနောင်ကျေးရွာသို့ စစ်ကြောင်းထိုးလာစဥ် ရွာအဝင်တွင်ထောင်ထားသော မိုင်းများမိ၍ ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီတပ်ပစ်ခတ်ခဲ့​သောကျည်အချို့နှင့် ကျန်ခဲ့​​သောလက်နက်အစိတ်အပိုင်းအချို့ ။ဓါတ်ပုံ-SNL LPDF)
(စစ်​ကောင်စီတပ်ပစ်ခတ်ခဲ့​သောကျည်အချို့နှင့် ကျန်ခဲ့​​သောလက်နက်အစိတ်အပိုင်းအချို့ ။ဓါတ်ပုံ-SNL LPDF)

လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်၍ ဒုတိယအကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ လေကြောင်းစစ်ကူရောက်ရှိလာ၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဆုတ်ခွာပေးခဲ့ရသည်။

ထို့နောက်သစ်ညီနောင်ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ရွာ၏ အနောက်တောင်ဘက်မှ ထွက်လာစဥ် ပြည်သူ၄ဦးနှင့်တွေ့၍ ကြိုးဖြင့်တုပ်နှောင်သွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-ပေါက်မြို့နယ်က အသိပေးသည်။

သစ်ညီနောင်ကျေးရွာလာလမ်းတွင်လက်နက်ကြီးဖြင့်နှစ်ကြိမ်၊ ဆွဲမိုင်းဖြင့်လေးကြိမ် တိုက်ခိုက်ခဲ့ပြီး ၊ဖားအတောကျေးရွာအလာတွင် လက်နက်ကြီးဖြင့်နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ၊ SLN LPDFနှင့်ဒေသခံညီနောင်မဟာမိတ်တို့ပူးပေါင်းခုခံခဲ့သည်ဟု SLN LPDFက အသိပေးသည်။

အကြမ်းဖက်စစ်တပ်သည် သစ်ညီနောင်ကျေးရွာကအသက် ၅၂ နှစ်အရွယ် ဦးတင်မောင်စိန်အား ပစ်သတ်ခဲ့ပြီးဖားအတောကျေးရွာရှိစာသင်ကျောင်းနှင့် နေအိမ် ၁၀လုံးကိုလည်းမီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

ဇွန်လ၁၆ရက်နှင့် ၁၇ ရက်နေ့ နှစ်ရက်တာတိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ပြီး ပြည်သူ့ရဲဘော်များ ထိခိုက်မှုမရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-ပေါက်မြို့နယ်က အသိပေးသည်။

(စစ်​ကောင်စီတပ်ပစ်ခတ်ခဲ့​သောကျည်အချို့နှင့် ကျန်ခဲ့​​သောလက်နက်အစိတ်အပိုင်းအချို့ ။ဓါတ်ပုံ-SNL LPDF)
(စစ်​ကောင်စီတပ်ပစ်ခတ်ခဲ့​သောကျည်အချို့နှင့် ကျန်ခဲ့​​သောလက်နက်အစိတ်အပိုင်းအချို့ ။ဓါတ်ပုံ-SNL LPDF)

“အင်အားကသာလွန်အင်အားနဲ့လာတာ။ ကိုင်းလယ်ရဲစခန်းကိုတက်သိမ်းတာမကြာသေးလို့တန်ပြန်ထိုးစစ်ဆင်တယ်လို့သုံးသပ်ပါတယ်။ ခမရ၃၁၅ကနေလာထိုးတာပါ။ ၄၀မမ၊၆၀မမအပြင်အာပီဂျီ ၉၅ တွေနဲ့ပစ်ခဲ့ကြတာပါ။စစ်ကောင်စီဘက်က သာလွန်အင်အားရောလက်နက်ကြီလက်နက်ငယ်ပါအစုံပါတယ်။”ဟု SLN LPDF တာဝန်ရှိသူက People’s Springသို့ပြောသည်။

စစ်​ကောင်စီတပ်သည် စစ်ကြောင်းထိုး​စဥ်ကျေးရွာများအား ဝင်ရောက်ကာ လက်ဝတ်ရတနာများအားလုယက်ယူဆောင်ခြင်း၊ ကျေးရွာအတွင်း ရှိလူနေအိမ်များ၊မော်တော်ဆိုင်ကယ်
နှင့် ကားများ၊လူအသုံးအဆောင် ပစ္စည်းများနှင့် ဒေသထွက် စပါး၊ ပဲ၊ နှမ်းများကို ဖျက်ဆီးမှု ပြုလုပ်ပြီးကျေးရွာအတွင်းရှိ ကြက် ဝက်များအား သတ်ဖြတ်စားသောက်သွားကြောင်း ဒေသခံများက ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အထိပေါက်မြို့နယ်အတွင်းကျေးရွာပေါင်း ၂ဝ မှလူနေအိမ် ၁၂၃၄လုံး၊ ဘုန်းကြီးကျောင်း ၅ ကျောင်း၊ စာသင်ကျောင်းများ မီးရှိူ့ဖျက်ဆီးခံခဲ့ရပြီး အပါအဝင် ပြည်သူ ၅၀ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

ဆောင်းပါး

စစ်တပ်တပ်စွဲထားတဲ့ ကုက္ကိုလ်စုရွာကို ဒေသခံတော် လှန်ရေးအဖွဲ့တွေကဇွန်လ ၄ ရက်နေ့မှာ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။လက်နက်ခဲယမ်း​တွေသိမ်းဆည်းပြီး ပျူ​စောထီး​တွေ၊ ရဲ နဲ့စစ်သား စတဲ့ သုံ့ပန်းတွေကို စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ​ပေမယ့် စစ်ရာဇဝတ်မှုကျူးလွန်သူ​တွေကို​တော့ ဥပ​ဒေ နဲ့အညီ အ​ရေးယူမယ်လို့ အသိ​ပေးထားပါတယ် ။

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်