Connect with us

Hi, what are you looking for?

သတင်း

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ဝင်းထဲ ဗုံးပစ်ခံရ

ဒီနေ့မနက်ပိုင်းကလည်း မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်မှာ မိခင်ထံအလည်လာတဲ့ စစ်သားတစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ဝင်းထဲ ဗုံးပစ်ခံရ
မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ဝင်းထဲ ဗုံးပစ်ခံရ

ဒီနေ့မနက်အစောပိုင်းက မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ် MUFL ကျောင်းထဲကို ဗုံးနဲ့တိုက်ခိုက်ခံရတယ်လို့သိရပါတယ်။

MUFL ဟာ မန္တလေးတိုင်းအစိုးရရုံး နဲ့ မလှမ်းမကမ်းမှာရှိတာပါ။ ဒီမနက် တိုက်ခိုက်မှုမှာတော့ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတစ်ဦးဟာ လက်ပစ်ဗုံးကို ကျောင်းဝင်းထဲ ပစ်ထည့်လိုက်တာလို့သိရပါတယ်။

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ဝင်းထဲ ဗုံးပစ်ခံရ
မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ဝင်းထဲ ဗုံးပစ်ခံရ

ဗုံးဟာ ကျောင်းဝင်းထဲက ဆိုင်ကယ်ရပ်နားဆောင်ရဲ့အမိုးပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။

ဗုံးနဲ့လာပစ်တဲ့သူကို လုံခြုံရေးချထားတဲ့ရဲက ပစ်ခတ်ခဲ့တယ်လို့လည်းသိရပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့မနက်ပိုင်းကလည်း မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်မှာ မိခင်ထံအလည်လာတဲ့ စစ်သားတစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။