Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖလမ်းတွင် စစ်ကောင်စီတပ်က စာသင်ကျောင်းအနီး အသံမိုင်းခွဲကာ ချင်းတပ် CNO/CNDF အား ပြည်သူအမြင်မှားစေရန် လုပ်ဆောင်ဟု ထုတ်ပြန်

ဇွန်လ ၁၅ရက်က ဖြစ်ပွားခဲ့သည့်အဆိုပါအသံမိုင်းခွဲမှုအပြင် “မိမိတို့၏သားသမီးများအလောင်းမကောက်လိုပါကကျောင်းမထားကြနဲ့” ဟူသော ခြိမ်းခြောက်စာတစ်ချိူ့လည်း ကပ်ထား ကြောင်း ဖော်ပြထားသည်။

CNOထုတ်ပြန်ချက်
CNOထုတ်ပြန်ချက်

●အချင်းချင်းပစ်ခတ်၍စစ်သားတစ်ဦးသေဆုံးခဲ့မှုကိုPDF လာတိုက်သည်ဟု ပုံမှားရိုက်ကာ တိုက်ပွဲတုဖန်တီး

ချင်းပြည်နယ်၊ ဖလမ်းမြို့အခြေစိုက်ခြေလျင်တပ်ရင်း-ခလရ(၂၆၈)ဖလမ်းမြို့ ကျင်မွာလ်ရပ်ကွက်ရှိ အ.ထ.က(၂)ကျောင်းအနီးတွင် အသံမိုင်းခွဲကာ ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)အားပြည်သူလူထုအမြင်မှား စေရန် သွေးခွဲလုပ်ဆောင်ခဲ့ကြောင်း CNOကယ​နေ့ညတွင်ထုတ်ပြန်သည်။

ဇွန်လ ၁၅ရက်က ဖြစ်ပွားခဲ့သည့်အဆိုပါအသံမိုင်းခွဲမှုအပြင် “မိမိတို့၏သားသမီးများအလောင်းမကောက်လိုပါကကျောင်းမထားကြနဲ့” ဟူသော ခြိမ်းခြောက်စာတစ်ချိူ့လည်း ကပ်ထား ကြောင်း ဖော်ပြထားသည်။

CNO/CNDF အနေဖြင့်နိုင်ငံတကာစစ်ဥပေဒေကိုလိုက်နာပြီး ကျောင်းသား/သူများနှင့် ကျောင်းအဆောက်ဦးများကို ထိခိုက်စေမည် မဟုတ်ကြောင်း ထုတ်ပြန်ကာCNO/CNDF ၏ လုပ်ရပ် လုံးဝမဟုတ်ကြောင်း အသိပေးခဲ့သည်။

စစ်ကောင်စီတပ်သည်ဇွန်လ၁၇ရက်ညပိုင်းကလည်းတလန်လိုရပ်ကွက်ရှိ အထက (၃) ကျောင်း၌လုံခြုံရေးတာဝန်​စောင့်​နေသောအကြမ်းဖက်စစ်ကောင်စီတပ်သားများအချင်းချင်း
ပစ်ခတ်မှုဖြစ်ခဲ့ရာတပ်သားတစ်ဦးအချင်းဖြစ်ပွားရာနေရာမှာပင် သေဆုံးခဲ့သည်။သို့​သော်စစ်ကောင်စီတပ်က ​ဒေသခံကာကွယ်ရေးတပ်များနှင့် ပစ်ခတ်သယောင်ပြုကာအနီးနားပတ်ဝန်းကျင်များအား ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ခလရ(၂၆၈) တပ်ထဲမှ ၁၂၂ မမဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ကြရာ အပြစ်မဲ့ ပြည်သူတစ်ဦး လက် မောင်းတွင် ကျည်ထိဒဏ်ရာရရှိခဲ့ပြီး အိမ်တွင်းရှိပစ္စည်းတစ်ချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ဘိုင်လာကျေးရွာရှိနေအိမ်တစ်လုံးလည်းလက်နက်ကြီးထိမှန်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ ဇွန်လ ၁၉ရက်ညပိုင်းကလည်းဖလမ်းမြို့၊ တပ်ကုန်းမှလက်နက်ကြီး (၅)ကြိမ်ခန့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။