Connect with us

Hi, what are you looking for?

သတင်း

သမိုင်းတစ်လျှောက် သင်ခန်းစာများကို ပြန်လည်သုံးသပ်ကာအာဏာရှင်စနစ်ကို ကရင်နီပြည်ရှိ လူထုနှင့် အသင်းအဖွဲ့များ စည်းလုံးညီညွတ်စွာ အမြစ်ပြုတ်တိုက်ဖျက်ကြရန် KNDF တိုက်တွန်း

ကရင်နီအမျိုးသားများ၏ ရည်မှန်းချက်ကို တားဆီးသည့် ယနေ့ အာဏာရှင်စနစ်ကို အပြီးပြတ်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ရည်မှန်ချက်တူသည့် အင်အားစုများအားလုံးနှင့် လက်တွဲသွားမည်ဟုလည်း အသိပေးသည်။

KNDF

သမိုင်းတစ်လျှောက် သင်ခန်းစာများကို ပြန်လည်သုံး သပ်ကာ ယနေ့ အာဏာရှင်စနစ်ကို ကရင်နီပြည်သူလူထု နှင့် ကရင်နီပြည်ရှိ အသင်းအဖွဲ့များစည်းလုံးညီညွတ်စွာ အမြစ်ပြုတ်တိုက်ဖျက်ကြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က တိုက်တွန်းထုတ်ပြန် သည်။

ယနေ့(ဇွန် ၂၁ ရက်)ကျရောက်သည့် ကရင်နီအမျိုးသားနေ့သို့ KNDF က ပေးပို့ခဲ့သော သဝဏ်လွှာတွင် အထက် ပါအတိုင်း ဖော်ပြထားသည်။

ကရင်နီအမျိုးသားများသည် စည်းလုံးညီညွတ်မှုနည်းပါးခဲ့သည့်အတွက် အာဏာရှင်များ၊လူမျိုးကြီးများ၏ သွေးခွဲမှုကြောင့် နှစ်ပေါင်းများစွာ ကရင်နီအမျိုးသားရည်မှန်းချက်ဖြစ်သည့် စည်းလုံးညီညွတ်ရေး၊ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် လူထုဘဝတည်ငြိမ်အေးချမ်းမှုကို ဖြည့်စည်းပေးနိုင်စွမ်းမရှိခဲ့ဟု ဆိုသည်။

ထို့ကြောင့် KNDFအနေဖြင့် ကရင်နီအမျိုးသားများ၏ ရည်မှန်းချက်ကိုတိကျခိုင်မာစွာရရှိခံစားနိုင်ရေး အချက်သုံးချက်ကို အကောင်အထည်ဖော်ရန် သိန္ဓိဌာန်ချမှတ်ထားကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ထိုအနက် ဌာနေတိုင်းရင်းသားများနှင့် ကရင်နီပြည်နယ်အတွင်းရှိ ပြည်သူလူထုဖြစ်သည့် ကရင်နီအမျိုးသားများသည် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရရှိသည့် ပြည်နယ်တစ်ခုအနေဖြင့် ပြည်ထောင်စုတွင် ရပ်တည်ဖော်ဆောင်သွားမည်ဟု ပါရှိသည်။

အလားတူ ဌာနေတိုင်းရင်းသားများ၏ လူနည်းစုအခွင့်အရေးနှင့် ကရင်နီပြည်သူလူထုအားလုံး၏ တန်းတူအခွင့်အရေး နှင့်အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်ခွင့်ကို အနာဂတ်တွင် ပြဌာန်းမည့် ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် တိကျစွာ ကာကွယ်ပြဌာန်းရုံမက အမှန်တကယ် အကောင်အထည်ဖော်နိုင်ရန် KNDFက ရပ်တည်ဖော်ဆောင်မည်ဟု ကတိပြုသည်။

အဆိုပါ ကရင်နီအမျိုးသားများ၏ ရည်မှန်းချက်ကို တားဆီးသည့် ယနေ့ အာဏာရှင်စနစ်ကို အပြီးပြတ်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ရည်မှန်ချက်တူသည့် အင်အားစုများအားလုံးနှင့် လက်တွဲသွားမည်ဟုလည်း အသိပေးသည်။

၁၈၇၅ ဇွန်လ ၂၁ ရက် ဗြိတိန်သျှအဂ်လိပ်နှင့် ဗမာဘုရင်တို့က ကရင်နီအား သီးခြားလွတ်လပ်ကြောင်းနှင့် ကရင်နီကို မည်သူမျှမကျူးကျော်ရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့သည့် နေ့ကို အောက်မေ့သတိရသောအားဖြင့် ကရင်နီအမျိုးသားနေ့အဖြစ် သတ်မှတ်ရခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရက ဒီကနေ့ ကျရောက်တဲ့ (၆၄) နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံနေ့ အထိမ်းအမှတ်အခမ်းအနားကို သဝဏ်လွှာပေးပို့ခဲ့ရာ ခေတ်အဆက်ဆက် အာဏာရှင်စနစ် တိုက်ဖျက်ရေးနဲ့ မြန်မာ့ဒီမိုကရေစီရေးအတွက် အသက်၊ သွေး၊ ချွေး စတေးပေးဆပ်ခဲ့ကြတဲ့ ကျောင်းသားလူငယ်အာဇာနည်သူရဲကောင်းတွေကို အလေးအမြတ် ဦးညွှတ်ဂါရ၀ပြုကြောင်း ဖော်ပြပါတယ်။

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။