Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်အတွင်း မြစ်ချောင်းများမှ သဲကျောက်စုပ်ယူခြင်းမပြုရန်၊ ညဘက်ဖြတ်သန်းသွားလာခြင်း မပြုရန် မြို့နယ်(ပကဖ)ထုတ်ပြန်

နယ်မြေလုံခြုံရေးအရ တားမြစ်လိုက်သည့် ထုတ်ပြန်အသိပေးချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိပါက နယ်မြေလုံခြုံရေးအဖွဲ့များမှ လိုအပ်သလို ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဟုလည်း ဖော်ပြထား သည်။

တနင်္သာရီမြို့နယ်
တနင်္သာရီမြို့နယ်

တနင်္သာရီ မြို့နယ်အတွင်းရှိ မြစ်ချောင်းအတွင်းမှ သဲကျောက်စုပ်ယူနေခြင်း၊ ည ၆နာရီမှ နံနက် ၆နာရီအထိ ဖြတ်သန်းသွားလာခြင်းမပြုရန် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ (ဇွန်လ ၂၀ရက်) ထုတ်ပြန်သည်။

နယ်မြေလုံခြုံရေးအရ တားမြစ်လိုက်သည့် ထုတ်ပြန်အသိပေးချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိပါက နယ်မြေလုံခြုံရေးအဖွဲ့များမှ လိုအပ်သလို ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဟုလည်း ဖော်ပြထားသည်။

တနင်္သာရီမြို့နယ်(ပကဖ)
တနင်္သာရီမြို့နယ်(ပကဖ)

အလားတူ တနင်္သာရီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း မြို့နယ်အတွင်းရှိ လယ်သစ်ကျေးရွာအုပ်စု၊မြေပြားရွာ ကြွေးချောင်းသောင်မှ လယ်သစ်မြစ်ဝအထိ မြစ်ချောင်းအတွင်းမှ သဲကျောက်စုပ်ယူနေခြင်းအား နယ်မြေလုံခြုံရေးအရ တားမြစ်လိုက်ကြောင်း ယနေ့ ထုတ်ပြန် သည်။

သက်ဆိုင်သည့် မြစ်သဲကျောက်စုပ်ယူနေသူများအနေ ဖြင့် ယခုအသိပေးချက်ထုတ်ပြန် သည့်နေ့မှစ၍(၃)ရက်အတွင်း တားမြစ်ဧရိယာအတွင်းမှ ထွက်ခွာပေးရန်နှင့်

Public Service Announcement

Public Service Announcement

လိုက်နာဆောင်ရွက်ခြင်းမရှိပါက နယ်မြေလုံခြုံရေးအဖွဲ့များမှ လိုအပ်သလို ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်(ပအဖ)က ထုတ်ပြန် သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၄)နယ်မြေအတွင်း ကျေးရွာတခုရှိ ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုရားကျောင်းမှာ ကျမ်းစာသင်တန်းနဲ့ ဂီတသင်တန်းတက်နေတဲ့ ကလေးငယ်များစွာ သေဆုံးထိခိုက်ခဲ့ရာ ဒဏ်ရာရသူတွေဟာ ပြင်းထန်လို့ ထပ်မံသေဆုံးမှုရှိခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီမြို့နယ်က တကူကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်အပါအဝင် ၄ဦး သေဆုံးပြီး ၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီမြို့နယ်အတွင်း တနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေ အပါအဝင် ၆ ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအနှံ့အပြားတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ဘက်တိုက်ပွဲများပြင်းထန်နေ၍ ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)က အသိပေးထုတ်ပြန်သည်။