သတင်း မင်းလှမှာ ပြည်သူအချို့ကို ဖမ်းဆီးခေါ်ဆောင်တဲ့စစ်တပ် တိုက်ခိုက်ခံရ ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် ကျေးလက်နေပြည်သူအချို့ကို ဖမ်းဆီးခေါ်ဆောင်လာတဲ့ စစ်ကောင်စီတပ်ကို ရိုးမဖြတ်လမ်း၌ တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင်PDF၊ တပ်ရင်း (၃၈၀၂)၊တပ်ခွဲ(၅) ဒီကနေ့(ဇူလိုင် ၂၉)မှာ ထုတ်ပြန်ပါတယ်။ ludunwayooဇူလိုင် 30, 2025
သတင်း ငလျင်ဘေးအလှူငွေနဲ့ ပြည်သူကို ဗုံးကြဲနေတာရပ်ဟု ကြွေးကြော်ကာ စစ်ကိုင်းတိုင်းမှာဆန္ဒပြ စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၂၉)မှာ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ "ငလျင်ဘေး အလှူငွေနဲ့ ပြည်သူကို ဗုံးကြဲနေတာရပ်"လို့ ကြွေးကြော်ကာ တောင်းဆိုဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ludunwayooဇူလိုင် 30, 2025
သတင်း အလုပ်သမားအရေးဆောင်ရွက်နေသူ STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီ ထပ်မံ ဖမ်းဆီး ၎င်း၏သမီးဖြစ်သူအပါအဝင် ၇ ဦးကိုလည်း စစ်ကောင်စီ ဖမ်းဆီး ludunwayooဇူလိုင် 30, 2025
သတင်း MNDAA စစ်ရေးလေ့ကျင့်မှုအရှိန်မြှင့်မည်ဟုဆို MNDAA စစ်ဦးစီးဌာနက၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း လုပ်ငန်းအခြေအနေအကျဉ်းချုပ်အစည်းအဝေးကျင်းပခဲ့ပြီး MNDAAတပ်ဖွဲ့ဝင်များအားလုံးက လာမည့် ဒုတိယနှစ်ဝက်အတွင်း စစ်ရေးလေ့ကျင့်မှု အရှိန်မြှင့်မည်ဟု ဆုံးဖြတ်ခဲ့ကြောင်းထုတ်ပြန်သည်။ ludunwayooဇူလိုင် 30, 2025
သတင်း မြန်မာ့မြေရှားသတ္တုကို အမေရိကန် စိတ်ဝင်စားလာနိုင်တယ်လို့ဆို ဇူလိုင်၁၇ရက်နေ့မှာအမေရိကန်ဒုတိယဗန့်စ်ရဲ့ ရုံးအဖွဲ့ အစည်းအဝေးခန်းမှာ မြန်မာ့မြေရှားနဲ့ပတ်သက်လို့ ဆွေးနွေးမှု ရုံးအဖွဲ့ နားထောင်ခဲ့ ludunwayooဇူလိုင် 30, 2025
သတင်း ကရင်နီပြည်အတိုင်ပင်ခံကောင်စီ တိုးချဲ့ဖွဲ့စည်း ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)ကို ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းများ CDMကော်မတီမှ တစ်ဦးထည့်သွင်းပြီး တိုးချဲ့ဖွဲ့စည်းလိုက်သည်။ ludunwayooဇူလိုင် 30, 2025
သတင်း ဝက်လက်မြို့နယ်၊ငါးရယ်ရွာကို စစ်တပ်ဝင်ရောက်ပစ်ခတ်ပြည်သူအချို့သေဆုံး၊ဓါးစာခံဖမ်းဆီးခံရ စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းငါးရယ်ရွာကို စစ်ကောင်စီတပ်ကဇူလိုင်၂၈ ရက်မနက်အစောပိုင်းမှာဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတချို့သေဆုံးခဲ့ပြီး ဒဏ်ရာနဲ့ ဓါးစာခံဖမ်းဆီးခံထားရသူ တွေလည်းရှိတယ်လို့ ဒေသခံ အချို့ကပြောပါတယ်။ ludunwayooဇူလိုင် 30, 2025
သတင်း ဘားအံ ၊ လှိုင်းဘွဲ့၊ ကမမောင်းနဲ့ မြဝတီမြို့မှာ ထောင်နဲ့ချီတဲ့ပြည်သူတွေ ရေဘေးသင့် ကရင်ပြည်နယ်က မြို့လေးမြို့မှာ မြစ်ရေကြီးမှုဆက်လက်ဖြစ်ပေါ်နေပြီး ရေကြီးရေလျှံမှုကြောင့် ထောင်နဲ့ချီတဲ့ ပြည်သူတွေ ရေဘေးကယ်ဆယ်ရေးစခန်းဆီ ရောက်ရှိခိုလှုံနေရပြီး အကူအညီတွေ လိုအပ်တယ်လို့ ဒေသတွင်းအခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့တွေက အသိပေးပါတယ်။ ludunwayooဇူလိုင် 30, 2025
သတင်း စစ်သင်္ဘောအုပ်စု KIAတိုက်ခိုက်မှု ထိခိုက်ပျက်စီးမှုများဟုဆို ကချင်ပြည်နယ်ရွှေကူမှဗန်းမော်မြို့သို့ဆက်လက်ထွက်ခွာသည့်စစ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကတိုက်ခိုက်ရာ သင်္ဘောတစ်စီး ထိခိုက်ပျက်စီးသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ludunwayooဇူလိုင် 30, 2025
သတင်း စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်ဖောက်ဖျက်သူကို သေဒဏ်ပေးမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက် စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်တွေ ဖောက်ဖျက်သူကို ထောင်ဒဏ်တစ်သက်နဲ့ သေဒဏ်တွေ ပေးမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ ludunwayooဇူလိုင် 30, 2025