Connect with us

Hi, what are you looking for?

သတင်း

ကျောက်ခက်မှ ကျားဖြန့်ဂိုဏ်းပိုင်ငွေလိမ်ဝက်ဘ်ဆိုက်အတု တစ်ခုကိုအမေရိကန်ပိတ်သိမ်း

မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်(ကျားဖြန့်)ဂိုဏ်း တစ်ခုက ထိန်းချုပ်ထားတဲ့ အရောင်းအဝယ် ဝက်ဘ်ဆိုက်တစ်ခုကိုအမေရိကန်တရားရေး ဝန်ကြီးဌာနက ပိတ်သိမ်း ဖယ်ရှားလိုက်ပါတယ်။

ကိုးကား-The Record 

ဒီဇင်ဘာ-၃၊၂၀၂၅။People’s Spring

မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်(ကျားဖြန့်)ဂိုဏ်း တစ်ခုက ထိန်းချုပ်ထားတဲ့ အရောင်းအဝယ် ဝက်ဘ်ဆိုက်တစ်ခုကိုအမေရိကန်တရားရေး ဝန်ကြီးဌာနက ပိတ်သိမ်း ဖယ်ရှားလိုက်ပါတယ်။

အဲဒီဝက်ဘ်ဆိုက်ဟာအွန်လိုင်းကုန်သွယ် ရောင်းဝယ်မှု လုပ်ငန်း TickMill နဲ့ ဆင်တူရိုးမှာ နာမည်ပေးထားပြီး tickmilleas.comဆိုတဲ့ နာမည်နဲ့ လည်ပတ်နေခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ဝက်ဘ်ဆိုက်အတုရဲ့ နောက်ကွယ်က လုပ်ငန်း လည်ပတ်မှုတွေကို အမေရိကန် တရားရေး ဝန်ကြီးဌာနက ခြေရာခံ စုံစမ်းကြည့်တဲ့အခါ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက ကျောက်ခက်ရွာမှာ ရှိနေတဲ့ ထိုင်ချန်းဆိုတဲ့ ကျားဖြန့် လုပ်ငန်းနဲ့ တိုက်ရိုက် ဆက်စပ်နေတာကို သိရှိလာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

​ကျောက်ခက်ရွာဟာ မြဝတီမြို့နဲ့ (၂၅)မိုင်ကျော်ကွာဝေးပြီး ထိုင်းနိုင်ငံ ဖုဖရမြို့နယ်ရဲ့ မျက်
နှာချင်းဆိုင်နေရာမှာရှိတည်ရှိပါတယ်။ ကျားဖြန့်လုပ်ငန်း​တွေများစွာရှိတာ​ကြောင့် ယခုနှစ်ပိုင်းွတွင်းမှာ အ​ဆောက်အအုံသစ်​တွေများစွာ​တည်​​ဆောက်ခဲ့တဲ့​နေရာဖြစ်ပါတယ်။

မြဝတီမြို့နယ်ထဲမှာပါတဲ့ကျောက်ခကိဒေသဟာဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA) စိုးမိုးရာနယ်မြေဒေသဖြစ်ပြီး DKBAက ဗိုလ်မှူးချုပ် စိုင်းကျော်လှ အုပ်ချုပ်နေတာဖြစ်ပါတယ်။ဗိုလ်မှူးချုပ် စိုင်းကျော်လှဟာအရင်ကတော့ ရှမ်းပြည်တပ်မတော်(SSPP)က ဖြစ်ပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာလက အ​​မေရီကန်အစိုးရက DKBA နဲ့ ​ခေါင်း​ဆောင်​လေးဦးကို အ​ရေးယူဒဏ်ခတ်တာမှာစိုင်း​ကျော်လှလည်းပါဝင်ပါတယ်။

အဲဒီ ဝက်ဘ်ဆိုက်အတုဟာ နစ်နာသူတွေဆီက ဒေါ်လာထောင်သောင်းချီတဲ့ငွေကြေးတွေကို လိမ်လည် ရယူခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ တိုင်ချန်း ကျားဖြန့်ဂိုဏ်းနဲ့ ဆက်စပ်တဲ့ တတိယမြောက် ဝက်ဘ်ဆိုက်လိပ်စာ တစ်ခုကို အမေရိကန် အာဏာပိုင်တွေက ခြေရာခံ ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

ဝက်ဘ်ဆိုက်ကို ထိန်းချုပ်သူတွေက TickMill အဖြစ် ဟန်ဆောင်ရင်း စရန်ငွေတွေ အပ်နှံကြဖို့
ဝက်ဘ်ဆိုက် သုံးစွဲသူတွေကို သွေးဆောင် စည်းရုံးခဲ့ကြပါတယ်။ အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရို (FBI)ရဲ့ အဆိုအရ ကနဦး ရင်းနှီးမြှုပ်နှံတဲ့ အချိန်မှာ အဲဒီဝက်ဘ်ဆိုက်က ငွေတွေ ပြန်ထုတ်ပေးခဲ့တာကြောင့် နစ်နာသူတွေကတကယ့် ကုန်သွယ်ရေး ဝက်ဘ်ဆိုက် အစစ်အဖြစ် ယုံကြည်ခဲ့တယ်လို့ သိရပါတယ်။

FBIဟာ ပြီးခဲ့တဲ့ လပိုင်းမှာတင် ခရစ္စတို ငွေကြေးယူနစ်တွေနဲ့ ပေးချေခဲ့ပြီး အဆုံးအရှုံးတွေ ကြုံခဲ့တဲ့ နစ်နာသူတချို့ကိုအတည်ပြု စုံစမ်းထားပြီးဖြစ်ပါတယ်။ အားလုံးက သူတို့ဟာ တရားဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ ရင်းနှီးမြှုပ်နှံခဲ့တာလို့ ယုံကြည်ခဲ့ကြောင်း ဆိုပါတယ်။

အဲဒီဝက်ဘ်ဆိုက်ဟာသုံးစွဲသူတွေကိုကျားဖြန့်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ App(အက်)တွေလည်း download ရယူခိုင်းခဲ့ပါတယ်။ FBIဟာ အဲဒီကိစ္စကို Googleနဲ့ Apple ကုမ္ပဏီတွေဆီ အသိပေးခဲ့ပြီးအဲဒီ app တွေကို ဖယ်ရှားစေခဲ့ပြီးဖြစ်ပါတယ်။


အခုတော့ ဝက်ဘ်ဆိုက်ကို ဝင်ကြည့်ရင် TickMill ဝက်ဘ်ဆိုက်အတုဖြစ်တယ်ဆိုတဲ့အကြောင်း တရားရေး ဝန်ကြီးဌာနနဲ့ FBI တံဆိပ်တွေနဲ့အတူ ဖော်ပြထားတဲ့ သတိပေး စာတန်းကိုပဲ တွေ့ရပါတော့တယ်။

အမေရိကန်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း မြန်မာ အပါအဝင် အရှေ့တောင်အာရှ အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖို့ပိုပြီးဖိဖိစီးစီး အားထုတ်လုပါတယ်။ အဲဒီဂိုဏ်းတွေကြောင့်အမေရိကန် နိုင်ငံသားတွေ ဒေါ်လာဘီလီယံနဲ့ချီနစ်နာ ဆုံးရှုံးမှုတွေ ရှိခဲ့ကြောင်းလည်းတရားရေး ဝန်ကြီးဌာနက ပြောကြားထားပါတယ်။

အမေရိကန်ဟာ မကြာသေးခင်ကမှာ ကျားဖြန့်နှိမ်နင်းရေး အထူးယူနစ် တစ်ခုကို ဖွဲ့စည်းခဲ့သလို ထိုင်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်း အလုပ်လုပ်ဖို့ FBI အေးဂျင့်တွေကိုလည်း ဘန်ကောက်မှာ ဖြန့်ကျက်ထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ