Connect with us

Hi, what are you looking for?

သတင်း

ရွှေကုက္ကိုလ် ရှိ အဆောက်အဦး အချို့ စစ်ကောင်စီဖြိုချနေ

ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့နယ် ၊ ရွှေကုက္ကိုမြို့သစ်က ကျားဖြန့် လုပ်ငန်း လည်ပတ်ခဲ့တဲ့ အဆောက်အဦးအချို့ကို ဒီနေ့ (ဒီဇင်ဘာ ၃)ရက်နေ့ မွန်းလွဲပိုင်း ၁၂ နာရီခွဲ အချိန်မှာ မြန်မာစစ်ကောင်စီတပ် က ဖောက်ခွဲဖျက်ဆီးနေ တယ်လို့ နယ်စပ်ထိုင်းသတင်းရင်းမြစ်တွေ ဖော်ပြပါတယ်။

ဒီဇင်ဘာ – ၃ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့နယ် ၊ ရွှေကုက္ကိုမြို့သစ်က ကျားဖြန့် လုပ်ငန်း လည်ပတ်ခဲ့တဲ့ အဆောက်အဦးအချို့ကို ဒီနေ့ (ဒီဇင်ဘာ ၃)ရက်နေ့ မွန်းလွဲပိုင်း ၁၂ နာရီခွဲ အချိန်မှာ မြန်မာစစ်ကောင်စီတပ် က ဖောက်ခွဲဖျက်ဆီးနေ တယ်လို့ နယ်စပ်ထိုင်းသတင်းရင်းမြစ်တွေ ဖော်ပြပါတယ်။

ဒါဟာ ကရင်နယ်ခြားစောင့်တပ်(BGF)ခေါင်းဆောင် စောချစ်သူ ထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုမြို့ရှိ အဆောက်အဦးတွေကို စစ်တပ်က ပထမဆုံးအကြိမ် ဖောက်ခွဲဖျက်ဆီးလိုက်တာပါ။

ရွှေကုက္ကိုလ်မြို့ ရှိ ကျားဖြန့် လုပ်ငန်းတွေကို စစ်တပ် နဲ့BGF ပေါင်းပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်း ဝင်ရောက်စီးနင်းတာတွေ ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက်စစ်ကောင်စီကဒီဇင်ဘာ၂ ရက်မှာသတင်းထုတ်ပြန်ရာမှာ ရွှေကုက္ကိုနယ်မြေက တရားမဝင်အဆောက်အဦးပေါင်း ၁၆၉ လုံးကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ဖော်ပြပါတယ်။

အဲဒီ အဆောက်အဦးတွေကိုပြန်လည်အသုံးပြုမှုမရှိစေဖို့အတွက် ၁၆၁လုံးကို ချိတ်ပိတ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒါအပြင် ရွှေကုက္ကိုနယ်မြေထဲ မှာ တရားမဝင်ဝင်ရောက်နေထိုင်တဲ့ နိုင်ငံခြားသား နှစ်ထောင်နီးပါး ၂၀၀၀ နီးပါးနဲ့အတူ ကျားဖြန့် လုပ်ငန်းမှာ အသုံးပြုတဲ့ ကွန်ပျုတာ ၊ မိုဘိုင်းဖုန်း စတဲ့ လုပ်ငန်းသုံးပစ္စည်းအများအပြားကိုလည်း ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

မြဝတီမြို့နယ်ထဲကကျားဖြန့် လုပ်ငန်းလုပ်ကိုင်ရာ KK Park ရှိ အဆောက် အဦး ၆၀၀ ကျော်ထဲက ထက်ဝက်နီးပါးကို ဖြိုချပြီးပြီလို့လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ