Connect with us

Hi, what are you looking for?

သတင်း

ထိုင်းမှာ မြန်မာလုပ်သားတွေလိုက်ပါတဲ့ ကားတိမ်းမှောက်လို့ ၉ဦး သေဆုံး

ထိုင်းနိုင်ငံ၊ ရတ်ချ်ဘူရီခရိုင်မှာ မြန်မာလုပ်သား ၁၅ဦး တင်ဆောင်လာတဲ့ ကားတစ်စီး ဘီးပေါက်ပြီး မြောင်းအတွင်းကျ တိမ်းမှောက်ရာ မြန်မာလုပ်သား ၉ဦး သေဆုံးမှု ဒီကနေ့ (ဒီဇင်ဘာ၃ရက်) နံနက်က ဖြစ်ပွားခဲ့ပါတယ်။

ဒီဇင်ဘာ-၃၊၂၀၂၅/People’s Spring

ထိုင်းနိုင်ငံ၊ ရတ်ချ်ဘူရီခရိုင်မှာ မြန်မာလုပ်သား ၁၅ဦး တင်ဆောင်လာတဲ့ ကားတစ်စီး ဘီးပေါက်ပြီး မြောင်းအတွင်းကျ တိမ်းမှောက်ရာ မြန်မာလုပ်သား ၉ဦး သေဆုံးမှု ဒီကနေ့ (ဒီဇင်ဘာ၃ရက်) နံနက်က ဖြစ်ပွားခဲ့ပါတယ်။

ဒီကနေ့ မနက် ၇နာရီခွဲအချိန်မှာ မြန်မာလုပ်သား ၁၅ဦးတင်ဆောင်လာတဲ့ တိုယိုတာ SUVကားတစ်စီးဟာ ရတ်ချ်ဘူရီခရိုင်က နောင်ကရထုမ့်ကျေးရွာအုပ်စုနားမှာ လမ်းဘေး ဆည်မြောင်းအတွင်းကျ တိမ်းမှောက်ခဲ့တာလို့ ထိုင်းသတင်းတွေက ဆိုပါတယ်။

ယာဉ်တိမ်းမှောက်မှုမှာ မြန်မာလုပ်သား အမျိုးသား ၈ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ကားမောင်းသမားအပါအဝင် မြန်မာလုပ်သား ၆ဦး ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းရဲတပ်ဖွဲ့ရဲ့ ကနဦးစစ်ဆေးမှုမှာ ကားအတွင်း လူ ၁၅ဦး တင်ဆောင်လာခဲ့ပြီး ဝန်အလေးချိန် များပြားကာ ဘီးပေါက်သွားတဲ့အတွက် မထိန်းနိုင်တော့ဘဲ ဆည်မြောင်းအတွင်းကျသွားတာလို့ ဆိုပါတယ်။

ထွက်ပြေးသွားတဲဲ့ ကားမောင်းသမားနဲ့ မြန်မာလုပ်သား ၆ဦးကို အနက်ရောင်ကားတစ်စီးက ခေါ်ဆောင်သွားတယ်လို့လည်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

အဲဒီထွက်ပြေးသွားသူတွေကို ထိုင်းရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။

ဆက်စပ်သတင်းများ