Hi, what are you looking for?
မနက်တိုင်း အိမ်တံခါးဖွင့်လိုက်တဲ့အခါ မိခင်တစ်ယောက်ရဲ့ ပထမဆုံးအတွေးက “ဒီနေ့ သားအိမ်ပြန်ရောက်ပါ့မလား” ဆိုတာ ဖြစ်နေခဲ့တာ ဘယ်လောက်ကြာပြီလဲ မသိတော့ဘူး။
■ နွေဦးနေ (၁) အခါတိုင်းဆို ဘွားဆယ်မိက နံနက်ငါးနာရီလောက်ထပြီး ဆွမ်းချက်နေကျ။ ဆွမ်းကျက်ပြီဆိုတာနဲ့ ဘုရားဆွမ်းတော်ကပ်၊ မေတ္တာပို့ဆုတောင်း၊ အမျှဝေလိုက်ရမှာ သူ့တနေ့တာလုံး စိတ်ချမ်းသာတတ်တာ။ ဒီအကျင့်က ကိုယ့်တိုင်းကိုယ့်ပြည်မှာကတည်းက အရိုးစွဲနေတဲ့အဖြစ်ရယ်။ ထိုင်းကိုရောက်တော့လည်း ဝတ်မပျက်အောင် အားထုတ်ခဲ့တယ်။ လှေဟောင်းတွေပြင်ပြီး အသစ်ပြန်ဆောက်တဲ့လှေကျင်း(လှေဒေါက်)က အလုပ်သမားတွေဆို ဘွားဆယ်မိ မေတ္တာပို့သံလေးကို...
လူရောင်လွင် ရှင်ကြီးဝမ်းရော ရှင်ငယ်ဝမ်းရော ဝင်တုန်းက ကျနော်ဟာ ရေလိုဖောက်မြင်နေရတဲ့ စိတ်နဲ့။ အခုတော့ ရွှေကျင်ထားတဲ့ချောင်းကောတစ်ခုရဲ့သဲမှုန်စတွေလို လေနှင်ရာပါပဲ။ မမလီဆာရေ ကျနော်တို့မှာ ဆင်သွားတိုင်းလမ်းမဖြစ်တာကိုသိပြီးမှတော့ ဆင်ပေါ်ကပြုတ်ကျလည်း မထူးတော့ဘူးမလား။ ကျနော် အကုန်ရောက်ပြီးပြီ မမလီဆာ။မလာခဲ့နဲ့။ ကီလီမန်ဂျာရိုးမှာလည်း နှင်းတွေ မဝေတော့ဘူး။ရေတွင်းထဲကိုငုံ့ကြည့်ပြီး နှင်းရေလို့ အော်ခေါ် လည်း...
ဒေးဗစ်မောင်မောင် လူ့ရည်မှန်းချက်ဆိုတာကလည်း ဆန်းကြယ်လွန်းပါသည်။ တခုခုကို လိုချင်လို့ နှစ်ပေါင်းများစွာ ကြိုးစားပါလျှက်နှင့် ရယူပိုင်ဆိုင်ခွင့် မရခဲ့။ ခြေကုန်လက်ပမ်းကျလို့ လွှတ်ချလိုက်သည့်အခါမှ မမျှော်လင့်ဘဲ ကိုယ့်ထံ ရောက်ရှိလာခဲ့တတ်သည်။ အေးချို့ဘဝမှာ အဲသည်လို ကြုံလာခဲ့ရသည်။ ‘မမအေးချို စာသင်ပေးပါလား’ တဲ့။ ကျေးရွာကာကွယ်ရေးခေါင်းဆောင်နှစ်ဦးက လာပြောပါသည်။ ပြောသည်မှာက ရိုးရိုးရင်းရင်းနှီးနှီး...