Hi, what are you looking for?
မောင်တင်သစ် လည်တိုင်ရှည်ရှည် ဗျိုင်းဖြူတွေ ပြန်လာကြပြီတမိုးလုံးပျောက်နေတဲ့ ကောင်တွေရွှံ့ပေနေတဲ့ ကျွဲတကောင်ကို အဖော်ပြုဖို့မြစိမ်းကမ္ဗလာပေါ်နေရောင်အောက်မှာ ကခုန်ဖို့သူတို့ ပြန်လာကြပြီ။ ။ ၂၀၂၆ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘မောင်တင်သစ်’ ရေးဖွဲ့တဲ့ “ဗျိုင်းဖြူတွေ”ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call –...
■သီဟံ သူတို့ မမြင်ခဲ့တာ မဟုတ်ဘူး။မြင်ခဲ့တယ်။သိခဲ့တယ်။ အဲဒီလမ်းတွေပေါ်မှာစစ်သားမဟုတ်တဲ့၊လက်နက်မကိုင်တဲ့အရပ်သားပြည်သူတွေ၊ရှိနေတယ်ဆိုတာ သူတို့ သိခဲ့တယ်။ အဲဒီဈေးတန်းထဲမှာ –အိမ်ရှင်မတွေ၊ ဈေးသည်တွေ၊ ဈေးဝယ်သူတွေဟာလက်ထဲမှာ ဈေးခြင်းတောင်းတွေ၊ရင်ထဲမှာ မိသားစုဝမ်းစာအတွက် စိုးရိမ်မှုတွေနဲ့၊စစ်ပွဲရဲ့အရိပ်မဲအောက်မှာရှင်သန်ဖို့ ရုန်းကန်နေကြတယ်ဆိုတာသူတို့ သိခဲ့တယ်။ ဆေးရုံထဲမှာ –လက်နက်မကိုင်တဲ့ လက်တွေ၊တိုက်ခိုက်ဖို့ မဟုတ်ဘဲအသက်ရှင်ဖို့ ကြိုးစားနေတဲ့ လူမမာတွေသာရှိနေတယ်ဆိုတာလည်းသူတို့ သိခဲ့တယ်။ စစ်ရှောင်စခန်းမှာ...
နေမိုးဝေး – ရေဆင်း မင်းတို့မှာ ဆိုစရာဆိုလို့ခွန်အားဖြည့်မိငယ်၊ သွေးသစ္စာ၊ ဆယ်လ်မွန်ငါးတို့အပြန်၊ အမေ့အိမ်၊ အဖေ၊ မိုးခါးရေနဲ့ ရောင်နီသာရှိသလားညတိုင်းကြားပေမယ့်ငါလည်းမရိုးအီနိုင်ပါဘူးလေဆိုချိန်တန်လို့မကြားရင်နားတစွင့်စွင့်၊ မျှော်တလင့်လင့်အိပ်ယာဝင်ဖို့ခက်ပေါ့။ တော်လှန်ညများရဲ့ခါးသက်မှုတွေအကြောင်းပြန်ပြောင်းပြောဆိုခွင့်ဟာရှင်ကျန်ခဲ့သူတို့မှာသာရှိမယ်ငါပြောခွင့်ရှိချင်မှရှိမယ်မင်းပြောခွင့်ရှိချင်မှရှိမယ်ဒီအရပ်မှာ အသက်ဟာဖြစ်ဖို့ခက်ပေမယ့်ပျက်ဖို့ လွယ်လွန်းတယ်။ မင်းရှင်ကျန်ခဲ့သော်ငါမကောင်းကြောင်းတော့ပြောချင်မှာမဟုတ်ငါရှင်ကျန်ခဲ့သော်မင်းမကောင်းကြောင်းတော့မပြောချင်ဒီတော့ပြောချင်၊ နှမြောချင်၊ လွမ်းချင်အောင်တော့နေကြရအောင်လေ။ ။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘နေမိုးဝေး –...
ယောနသံ ရဲဘော်လေးရဲ့အလောင်း မြေချအပြီး ဘုန်းတော်ကြီးက ပြောတယ် “စစ်ပွဲတွေဖြစ်ရင် … ယောက်ျားတွေက သေစေနိုင်မယ့် ရွေးချယ်မူတွေကိုပြုကြပြီး မိန်းမတွေကတော့ အသက်ရှင်သန်ဖို့ နည်းလမ်းတွေကိုပဲ တွေးပူကြသတဲ့”။ လမ်းဘေးမှာ မူးလဲနေတဲ့ အမူးသမားတစ်ယောက်က ပြောတယ် “စစ်ပွဲတွေ ပြီးသွားရင်… ယောက်ျားတွေအတွက် ကဗျာတွေ ကျန်ရစ်ခဲ့ပြီး အမျိုးသမီးတွေအတွက်တော့...
မောင်သုည (ရှပ်ပုံသားလေး) “ စစ်သား အကြောင်းပြောရရင် ငါနည်းနည်းတော့ရင်ခုန်တယ်။ ဝမ်းလည်းနည်းမိတယ်။ ဂုဏ်ယူမဆုံးလည်းဖြစ်မိတယ် ” ထုံးစံတိုင်း ကျနော်ပြောတဲ့စကားကို ရဲဘော်တွေ စိတ်ဝင်တစား နားထောင်နေကြတယ်။ “ ငါရင်ခုန်တဲ့အကြောင်း အရင်မပြောခင်မှာ ဝမ်းနည်းရတဲ့အကြောင်း အရင်ပြောရရင် ဆာဘီးယန်း ဆိုရိုးတစ်ခုက စရမှာပဲ။ စစ်ပွဲ တစ်ပွဲဖြစ်တဲ့အခါ...
သင့်သူ ဗုဒ္ဓကို မီးလောင်ပြင်မှာ ငါတွေ့ခဲ့တယ်။ ဗုဒ္ဓဟာ ကြောင့်ကျတော်မူနေတယ်။ ဗုဒ္ဓဟာ ဆင်းရဲတော်မူနေတယ်။ အမြိုက်ဆေးကို ငါရှာမတွေ့ ဗုဒ္ဓကိုတော့ မီးလောင်ပြင်မှာတွေ့ခဲ့တယ်။ ဗုဒ္ဓအရှေ့ဒူးတုတ်ဝတ်တွား ဘုရားတပည့်တော်တို့ဘာမှားခဲ့သလဲဘုရားလို့ လျှောက်ကြည့်တော့။ ဗုဒ္ဓဟာ ဆိတ်ဆိတ်နေတော်မူတယ်။ ငါဟာအလိုမကျ နောက်တစ်နေရာ မှာ နောက်ထပ်ဗုဒ္ဓ တပါးကို တွေ့လိုတွေ့ငြား ငါထထွက်ခဲ့တယ်။...
SWN ဝမ်းနည်းစရာတွေ ကုန်ဆုံးပြီးနောက် ဘာကျန်ခဲ့ပါသလဲ။ မာကျောနေတဲ့ အသည်းနှလုံးတခုနဲ့ ငါတို့ဆက်လုပ်မှရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပဲ ကျန်ခဲ့ပါတယ်။ ကျနော် မြန်မာပါခင်မျာ . . . နေစရာနေရာလည်း မရှိ၊ စားစရာလည်းမရှိလို့ ထမင်းနည်းနည်းလောက် ကျွေးကြပါ၊ ကျနော် ထိုင်းစကားမတတ်လို့ သနားကြပါခမျာ ထမင်းလေးရေလေး ပေးသနားကြပါခမျာ...