Hi, what are you looking for?
ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။
တဝုန်းဝုန်းရွာနေတဲ့ မိုးစက်တွေအောက်မှာ စပါးခင်းလေးတွေဟာ ထိုးထိုးထောင်ထောင်နဲ့ စိမ်းစိုနေတယ်။ စပါးခင်းလေးတွေဘေးမှာတော့ ယောချောင်းဟာတဝေါဝေါစီးဆင်းနေတယ်။ယောချောင်းဟာရေများနေပြီးရေစီးသန်လာတာကြောင့် ကမ်းပါးတွေကိုပါ တိုက်စားလာတယ်။ အဲဒီနောက် စပါးခင်းတွေဟာ ယောချောင်းထဲတဗြုန်းဗြုန်းပြိုဆင်းပြီး မျောပါသွားတော့တယ်။
စစ်ကြောင်းလာတယ်ဆိုလို့ ဒေါ်မြင့်(အမည်လွှဲ)တို့ မိသားစုဟာ ရပ်ထားတဲ့လှည်းပေါ်ကို ကပျာကယာ အဝတ်ထုပ်ကလေး၊ ထမင်းအိုးကလေး ပြေးတင်တယ်။ မိုးတွင်းမို့ မိုးကာကလည်း မပါမဖြစ်ပေါ့။ အမိုးအုပ်မထားတဲ့ ဟာလာဟင်းလင်း ပေါင်းမိုးတပ်လှည်းပေါ် နက်ထိုင်ရင်း နေကစူးကနဲ ပူလာတယ်။ ရှေ့မှာလည်း ဒေါ်မြင့်တို့လို လှည်းတွေတန်းစီနေပြီ။
အာဏာလု စစ်အုပ်စုလက်ထက် တရားဥပဒေစိုးမိုးမှုကင်းမဲ့သွားချိန် အဆိုးရွားဆုံး ဖြစ်ပွားလာတဲ့ ဖြစ်စဥ်တွေထဲမှာ သူခိုးသောင်းကျန်းတာတွေလည်း ထိပ်ဆုံးက ပါပါတယ်။ စစ်အုပ်စုဟာ သူခိုးတွေကိုတော့ ဖမ်းဆီးနိုင်ခြင်း၊ ဖမ်းဆီးခြင်း မရှိဘဲ ခေတ်ဆိုးခေတ်ပျက်ကြီးထဲ ခက်ခက်ခဲခဲ လုပ်ကိုင်စားသောက်နေရတဲ့ ပြည်သူတွေကိုတော့ အမျိုးစုံ ဒုက္ခပေးနေတာပါ။