Connect with us

Hi, what are you looking for?

ဆောင်းပါး

ယနေ့ ကမ္ဘာဟာ စစ်ပွဲနဲ့ ပထဝီနိုင်ငံရေး တင်းမာမှုတွေ မြင့်တက်နေတဲ့ခေတ်ကို ဖြတ်သန်းနေပါတယ်။ ရုရှား-ယူကရိန်းစစ် ဆက်လက်ပြင်းထန်နေသလို၊ အရှေ့အလယ်ပိုင်းမှာအမေရိကန်-အီရန်တင်းမာမှုတွေလည်း မြင့်တက်နေပါတယ်။အရှေ့အာရှမှာ တရုတ်ရဲ့ ထိုင်ဝမ်အပေါ် စစ်ရေးဖိအားတွေ တိုးလာနေပြီး၊ မြန်မာနိုင်ငံမှာလည်း ပြည်တွင်းစစ်က အဆုံးမသတ်နိုင်သေးပါဘူး။

ဆောင်းပါး

“ကျွန်မတို့ အားလုံးကို ဆုံးရှုံးခဲ့ရပါတယ်။ စစ်တွေကို AA က သိမ်းပိုက်နိုင်တဲ့နေ့မှပဲ ကျွန်မတို့ ရွာကို ပြန်နိုင်မယ်လို့ မျှော်လင့်ပါတယ်”

ဆောင်းပါး

ငမိုးရိပ်တမံဟာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်မှာ တည်ရှိပြီး ငမိုးရိပ်ချောင်းနဲ့ ဆက်စပ်တဲ့ ရေလှောင်တမံတစ်ခု ဖြစ်ပါတယ်။တမံဟာအမြင့် ၇၅ ပေ၊ အလျား ၁၅,၅၀၀ပေရှိပြီးရေလှောင်နိုင်စွမ်း ၁၈၀,၀၀၀ ဧကပေခန့်ရှိတယ်လို့ သိရပါတယ်။

ဆောင်းပါး

ကုန်တင်ယာဥ်ကြီးတွေ တဝုန်းဝုန်းသွားလို့ ဖုန်တွေ တဝေါဝေါထလေ့ရှိတဲ့ မန္တလေးမြို့၊ ၆၂ လမ်းနဲ့ ထုံးဘို-မြစ်ငယ်လမ်းထောင့်အနီးကို အမျိုးသမီးတစ်ယောက် ရောက်လာပြီး ဖုန်းထုတ်ကာ Tiktok ရိုက်ပါတယ်။ တခြား Tiktok ရိုက်သူတွေလို ကခုန်ပြီးရိုက်တာ မဟုတ်ပါဘူး။ "ကျမသားလေး မန္တလေးမှာ ပျောက်သွားပါတယ်။အမြန်ဆုံးသတင်းအကြောင်းကြားပေးပါ။ ၆၂ လမ်းကြားမှာပါ"တဲ့။ သူ့သားလေး...

ဆောင်းပါး

ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့ညက မန္တလေးမြို့မှာ ပြာသိုဆောင်းရဲ့ အေးစက်မှုကြောင့် တိတ်ဆိတ်နေခဲ့တယ်။ ည ၈ နာရီလောက်မှာ တိတ်ဆိတ်နေတဲ့ဆောင်းညကိုတအုန်းအုန်းအသံတွေကဖုံးလွှမ်းသွားခဲ့တယ်။ ကျယ်လောင်တဲ့အသံကြီးကြောင့် မန္တလေးသူ မန္တ​လေးသားတွေကတော့ ငလျင်ထင်ခဲ့ကြတယ်။

ဖွင့်ဆိုရှင်းပြ

မြန်မာ့ရွှေစျေးဟာ တဖြည်းဖြည်းတက်လာလိုက်တာ အခုဇန်နဝါရီလ ၁၅ ရက်နေ့တုန်းက စံချိန်တင်စျေးနှုန်းဖြစ်သွားခဲ့ပါတယ်။ တကျပ်သားကို ကျပ် ၉၉ သိန်းခွဲထိ ရောက်ခဲ့တာပါ။ ကျပ် ၉၉ သိန်းခွဲဆိုတာ သိန်းတရာထိ ရောက်ဖို့ ကျပ်ငါးသောင်းပဲ လိုပါတော့တယ်။ ဒီစျေးဟာ မြန်မာ့ရွှေစျေးသမိုင်းမှာ အမြင့်ဆုံးစျေးဖြစ်ပါတယ်။

ဆောင်းပါး

ထိုင်းရောက်မြန်မာလုပ်သားတချို့ ရမ်းကားတဲ့ဖြစ်ရပ်တွေအပြီး ရက်ပိုင်းအတွင်းမှာပဲ ထိုင်းနိုင်ငံတဝန်းမှာလူဖမ်းပွဲ​တွေစတင်နေပါပြီ။

ဖွင့်ဆိုရှင်းပြ

အခုနှစ် မြန်မာနိုင်ငံရဲ့ ဆောင်းရာသီဟာ အရင်နှစ်တွေထက်ပိုပြီး ချမ်းအေးတယ်လို့ ခံစားနေရပြီး အေးတဲ့ကာလပိုကြာပါတယ်။ တကယ်​တော့မြန်မာအပြင် မြန်မာနိုင်ငံသားများစွာ​ရောက်ရှိနေတဲ့ထိုင်းအပါအဝင် ​ဒေသတွင်းနိုင်ငံ​တွေမှာပါအ​အေးပို​နေတာပါ။

ဆောင်းပါး

ထိုင်းနိုင်ငံမှာမြန်မာစားသောက်ဆိုင်ကလုပ်သားအချို့နဲ့ အစားအ​သောက်အိမ်အ​ရောက်ပို့ဝန်​ဆောင်မှုလုပ်တဲ့ ထိုင်းနိုင်ငံသားတချို့ ခိုက်ရန်ဖြစ်တဲ့ဖြစ်စဉ် အုတ်အော်သောင်းနှင်းဖြစ်ပြီးဆက်တိုက်ဆိုသလို ထိုင်းရောက်မြန်မာ အချို့ရဲ့ပြသာနာသတင်း​တွေထွက်​ပေါ်လာ​နေပါတယ်။

ဆောင်းပါး

စစ်ကိုင်းတိုင်းထဲက မုံရွာ-မန္တလေးလမ်းမကြီးဟာ အာဏာသိမ်းကာလမတိုင်မီတုန်းကတော့ နေ့ရောညပါ လူမပြတ်တဲ့ လမ်းမကြီးတစ်ခုပါ။ တရေးနိုးထသွားတောင် ဘေးအန္တရာယ်မရှိ သွားလမ်းကော လာလမ်းပါ ဖြောင့်ခဲ့တဲ့လမ်း။မန္တလေးနဲ့ မုံရွာ နှစ်မြို့တစ်မြို့ဖြစ်စေခဲ့တဲ့လမ်းမကြီးပါ။ အခုတော့ မုံရွာ-မန္တလေးလမ်းမကြီးဟာ အဲဒီအခြေအနေတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားစေခဲ့ပါပြီ။

ဆောင်းပါး

စာဖတ်သူဟာ ထိုင်းနိုင်ငံမှာနေထိုင်သူဆိုရင်တော့ ဒီကာလမှာအ​နေအထိုင်အထူးသတိပြုဖို့လိုအပ်​နေပါပြီ။ ထိုင်းနိုင်ငံမှာ ဒီရက်ပိုင်းမှာပဲ ထိုင်းနိုင်ငံသား​တွေ နဲ့ မြန်မာတွေအကြား ပြသာနာဖြစ်​အောင်ဖန်တီးလှုံ့ဆော်သူ​တွေရှိ​နေလို့ဖြစ်ပါတယ်။

ဆောင်းပါး

အညာဆောင်းနံနက်ခင်းသည် အအေးဓါတ်တွေ လွှမ်းခြုံနေဆဲ ဖြစ်သော်လည်း ပခုက္ကူမြို့နယ်၊ကံရာဇာကြီးကျေးရွာ(ခ)ကံရပ်ကြီးရွာတွင် အပူငွေ့ကထောင်းထောင်းထနေသည်။ စစ်တပ်က တစ်ရွာလုံး မီးရှို့သွား၍ ရွာလုံးကျွတ်ပြာကျခဲ့သည့် ရွာကလေးဖြစ်သည်။ တစ်ရွာလုံး မီးလောင်ပြင် ဖြစ်နေသည့် ထိုကျေးရွာအတွင်းထဲသို့ အမယ်ကြီးအိုတစ်ယောက် တုတ်ကောက်လေးအားပြုဝင်လာသည်။

ဆောင်းပါး

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့ညက ချင်းပြည်နယ်မြောက်ပိုင်း၊ ဟားခါးမြို့နယ်က ဟောတာ(Halta)ဆိုတဲ့ ရွာလေးတစ်ရွာက အိမ်ကလေးတစ်လုံးထဲမှာဆောင်းညလယ်ရဲ့အအေးဒဏ်ကြောင့် မိသားစုလေးတစ်စု စုစုဝေးဝေးအိပ်နေကြတယ်။ ညသန်းခေါင်တိုင်ပြီမို့ ကလေးတွေရော လူကြီးတွေပါ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခဲ့တယ်။

ဆောင်းပါး

မန္တ​လေးမြို့မှာ ရောက်ရှိနေပြီး အိမ်ငှားနေကြတဲ့ စစ်ရှောင်မိသားစုတွေလကုန်ရက်တွေမှာမကြာခဏ စိတ်ညစ်ရတဲ့ကိစ္စတစ်ခုရှိပါတယ်။အဲဒါတော့ ငှားဖို့ အိမ်ရှာရတဲ့ကိစ္စပါ။

Facebook