အိမ်သွင်၊ရှိန်း /People’s Spring
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲမှာပါသလို ပုံတောင်ပုညာတောင်တန်းဒေသ၊ ယောဒေသတို့နဲ့ နယ်မြေချင်းဆက်စပ်နေတာမို့ အချက်အချာကြတဲ့ ပုလဲမြို့နယ်မှာ ဇွန်လဆန်းကစပြီးတိုက်ပွဲတွေ ပြင်းထန်နေပါတယ် ။
စစ်အာဏာရှင်တော်လှန်ရေးအားကောင်းတဲ့ အဲဒီဒေသမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးအင်အားစုတွေကဇွန်လဆန်းကစပြီးတိုက်ခိုက်နေပါတယ်။ ပုလဲမြို့ အပါအဝင် မြို့နယ်ထဲက ပျူစောထီးရွာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပေမယ့် ဒီးတစ်ကြိမ်တိုက်ပွဲက နှစ်ပါတ်ကြာတဲ့တိုင်ပိုပြင်းထန်လာသလို ၊စစ်တပ်တိုက်လေယာဥ်ပါမြေခ ရတဲ့တိုက်ပွဲဖြစ်ပါတယ် ။
ပြည်သူ့လွတ်မြောက်ရေးတပ်မ တော်(PLA)ဦး ဆောင်ပြီး ဇွန်လ၂ရက်နေ့က ပုလဲမြို့နယ် ၊ကန့်ဒေါင့်ရွာ နယ်မြေရဲစခန်းကို တိုက်ခိုက် နေတာပါ။ PLA က ကန့်ဒေါင့်ရဲစခန်းကိုထိုးစစ်ဆင်တိုက်ခိုက်ချိန်မှာ အခြားတော်လှန်ရေးတပ်တွေက စစ်တပ်ရဲ့စစ်ကူလာတဲ့ စစ်ကြောင်းတွေကို ဖြတ်တောက်တိုက်ခိုက်နေတာပါ ။

Public Service Announcement
ကန်ဒေါင့်ရဲစခန်းဟာ ပုလဲမြို့ကနေ မကွေးတိုင်း ဂန့်ဂေါမြို့ကိုသွားတဲ့ လမ်းပိုင်းပေါ်မှာရှိပြီး ပုလဲမြို့နဲ့ (၁၄)မိုင်ကွာဝေးပါတယ်။ အဲဒီကျေးရွာက နယ်မြေရဲစခန်းကို စစ်ကောင်စီက တပ်စွဲပြီး အခိုင်အမာပြုလုပ်ထားတဲ့ စခန်းဖြစ်ကာ အင်အား ၁၀၀ခန့်ရှိနေတယ်လို့ PLAရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ရဲစခန်းဟာ ကန့်ဒေါင့်ရွာရဲ့အ ရှေ့ဘက်မှာရှိတာပါ။
ပုလဲမြို့နယ်ထဲက ပျူစောထီးရွာတွေထဲမှာအချက်အချကျလှတဲ့ စခန်းဖြစ်ပါတယ် ။ ဒါအပြင်ပုလဲမြို့နယ်က နာမည်ကြီး ပျူစောထီးရွာတွေဖြစ်တဲ့ အင်မထီး၊ဇီးဖြူ ကုန်းရွာ တွေနဲ့ တြိဂံပုံ တည်ရှိပြီး ဒီနယ် မြေကို တော်လှန်ရေး တပ်တွေ စိုးမိုးနိုင်ဖို့ အရေးပါတဲ့ စခန်းဖြစ်တယ်လို့ နယ် မြေကျွမ်းကျင်သူ တွေဆီကသိရပါတယ်။
ဒီရဲစခန်းကို PLAသာရခဲ့ရင် ပျူစောထီး ကျေးရွာနှစ်ခုကို စစ်တပ်ရဲ့ ထောက်ပို့လမ်း ကြောင်းဖြတ် တောက်နိုင်မှာပါ။ဒါ့အပြင် ပုလဲမြို့နယ် အနောက်ခြမ်းကို တော်လှန်ရေး တပ်တွေ အပြည့်အဝစိုးမိုးနိုင်သွားမှာဖြစ်ပြီး ပုလဲ-ဂန့် ဂေါလမ်းမကို အတိုင်းတာတခုအထိ ထိန်းချုပ်သွားနိုင်မယ့်နယ်မြေ ရဲစခန်းဖြစ်တယ်လို့သိရပါတယ်။
ဒီစခန်းကို PLAတပ်တွေ ဝင်ရောက်တိုက်ခိုက်ချိန်မှာ စစ်ကောင်စီက အကြိမ် ရေ ရာနဲ့ချီပြီးကန့်ဒေါင့်ရွာပတ်လည်ကို လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။
“ကန့်ဒေါင့်ရွာ ဘေးပတ်လည် တွေကို လေယာဉ်နဲ့ ဗုံး တွေကြဲတယ်။ကန့်ဒေါင့်နဲ့ အင်မထီးပျူရွာ ကြားကိုလည်း ဆက်တိုက် လေယာဉ်နဲ့ ဗုံးကြဲတယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ဒါ့အပြင် အဲဒီကျေးရွာ တွေနဲ့ ၅ ရွာလောက် ခြားတဲ့ မင်းတိုင်ပင် ကျေးရွာကိုလည်း စစ်တပ်ကဗုံးကြဲခဲ့တာမို့ ကျေးရွာ စာသင် ကျောင်းပျက်စီးခဲ့ပြီး သက်ကြီး အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“PDFခေါင်းဆောင်တွေကအဲဒီရွာကို အထိုင်ချပြီး ကွပ်ကဲတယ်လို့ သူတို့ထင်တာဖြစ်မယ်။တိုက်ပွဲစဖြစ်ကတည်းက မင်းတိုင်ပင်ကပြည်သူ တွေလည်းစစ် ရှောင်ကြပြီ”လို့ ဒေသခံ အမျိုးသားတဦး ကပြောပါတယ်။
တိုက်ပွဲဖြစ်ပြီး ၄ရက်အအတွင်း စစ်တပ်က Mi17 နဲ့ ၇စီးအထိ အင်မထီး ပျူစောထီးရွာကို စစ်အင်အားဖြည့်ခဲ့ပါတယ်။
တခြား PDFတပ်ရင်း တွေက ပျူစောထီးရွာတွေနဲ့ ပုလဲ မြိုပေါ်ကစစ်အင်အားထွက်လာနိုင်တဲ့လမ်း ကြောင်းတွေကို ဖြတ်တောက် ရေးလုပ်ထားတယ်လို့သိရပါတယ်။
ဇွန်လဇွန်လ၇ ရက်နေ့က အင်မထီးရွာကထွက်လာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေကဖြတ်တောက် တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၄၀ လောက် သေဆုံးကာ စစ်သုံ့ပန်းနဲ့ လက်နက် တွေရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် တိုက်ပွဲတွေဟာပိုမိုပြင်းထန်လာခဲ့ပါတယ်။ ဇွန်လ ၁၀ ရက်နေ့မှာတော့ NUG လက်အောက်ခံ PDF ခရိုင်တပ်ရင်းတွေ၊ ပကဖ နဲ့ ပူးပေါင်းတပ်တွေဟာ ဇီးဖြူကုန်းရွာက ပျူစောထီးစခန်းကို ထိုးစစ်ဆင်တိုးတိုက်ခိုက်ခဲ့ပါတယ်။
ဇွန်လ၁၀ ရက်နေ့မှာ ကန့်ဒေါင့်ရဲစခန်းတိုက်ပွဲကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ မကွေးလေ တပ်ကတရုတ်နိုင်ငံထုတ် F-7 ဂျက်ဖိုက်တာတစီးကို PLAက ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီဂျက်ဖိုက်တာဟာ မင်းတိုင်ပင်ရွာရဲ့ အရှေ့ မြောက်ဘက်က စပါးစေ့ရွာကို ကျခဲ့ပြီးလေယာဥ်မောင်းသူအပြင် လေယာဥ်ပျက်ကျစဥ်ဒေသခံ ပြည်သူ ၄ဦး ပါ သေဆုံးခဲ့ပါတယ်။ အစောပိုင်းမှာ PDF နဲ့ ပကဖ တွေကလည်း ဇီးဖြူကုန်းရွာကို ဗုံးလာကြဲတဲ့ တိုက်လေယာဥ်ကိုသူတို့လည်းပစ်ချခဲ့တယ်လို့ထုတ်ပြန်ပါတယ် ။နောက်ပိုင်းမှာတော့ တိုက်လေယာဥ်ဟာ ရာသီဥတုဆိုးဝါပြီး ပျက်ကျတာလို့ထုတ်ပြန်ပါတယ် ။
စစ်ကောင်စီကတော့ တိုက်လေယာဥ်ဟာလေ့ကျင့်ပျံသန်းရင်းစက်ချို့ယွင်းလို့ ပျက်ကျတယ်လို့ ဆိုပါတယ် ။ စစ်ကောင်စီဟာ မေလတုန်းကလည်း ဗန်းမော်မှာ ရဟတ်ယာဥ်တွေ တိုက်ခိုက်ခံရပြီး ပျက်ကျတာကိုလည်း စက်ချို့ယွင်းပြီးပျက်ကျတာလို့ ထုတ်ပြန်ခဲ့တာပါ။
ဒါဟာအညာရဲ့ စစ်ရေးအောင်မြင်မှုတွေထဲက တစ်ခုဖြစ်တယ်လို့ တော်လှန်ရေးရဲဘော်တွေက ပြောကြပါတယ်။
တိုက်လေယာဉ်ပျက် ကျသွားတဲ့နေရာကို အပြေးအလွှားသွားကြည့်ခဲ့တဲ့ PDFရဲဘော်တစ်ဦးက ” တိုက်ရတာ တန်သွားပြီ” လို့ ဟစ်ကြွေးပါတယ်။
တိုက်လေယာဉ်ဟာ တရုတ်နိုင်ငံထုတ် F-7 တိုက်လေယာဥ်ဖြစ်ပြီး အပျက်အစီးတွေကြားထဲကနေ တရုက်ထုတ်ကျည်ဆံတချို့ တွေ့ရတယ်လို့ ဒေသခံရဲဘော်တွေကပြောပါတယ်။ သေဆုံးသွားတဲ့လေယာဉ်မောင်းဟာ သူ့ရဲ့ ဦးထုပ်မှာ ဗုဒ္ဓဘာသာအယူအဆအရ ဘေးအန္တရာယ်ကင်းအောင်ဆိုပြီးဆောင်လေ့ရှိတဲ့ ၂၄ ပစ္စည်းဂုဏ်တော် ရုပ်ပုံကို ကပ်ထားတာ မြင်တွေ့ရပါတယ်။
ဒါ့အပြင် ဒီဖြစ်ရပ်ဟာ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးအောင်လှိုင်ရဲ့ အရှိုက်တည့်တည့်ကိုထိုးနှက်နိုင်ခဲ့ပါတယ်။ လူထုတော်လှန်ရေးအားကောင်းတဲ့စစ်ကိုင်းတိုင်းကို ခြေမချရဲတဲ့ စစ်ကောင်စီခေါင်းဆောင်ဟာ ၄နှစ်အတွင်းမှာ ၃ကြိမ်မြောက် စစ်ကိုင်းတိုင်းက်ိုရောက်နေတဲ့ နေ့မှာပဲ တော်လှန်ရေးအင်အားစုတွေက တိုက်လေယာဉ်ကိုပစ်ချနိုင်ခဲ့တာပါ။
တိုက်လေယာဉ်ကို တော်လှန်ရေးပူးပေါင်းတပ် တွေက ပစ်ချချိန်မှာ စစ်ကောင်စီခေါင်းဆောင်နဲ့ မိန်းမဖြစ်သူဒေါ်ကြူကြူလှက စစ်ကိုင်းမြို့သို့ရောက်နေတာပါ။
“သူရောက်နေတုန်း ပုလဲက လေယာဉ်သတင်းကြားတာပဲ။ မူလအစီအစဉ်ကတော့ ငလျင်ဘေးသင့်သူတွေနဲ့ ထပ်တွေ့ဖို့ပဲ။ ဒါပေမယ့် မျက်စိမျက်နှာပျက်ပြီးပြန်သွားတယ်”လို့ စစ်ကောင်စီခေါင်းဆောင် သွားရောက်လည်ပတ်ခဲ့တဲ့ စစ်ကိုင်းမြို့၊ ကောင်းမှုတော်ဘုရားဂေါပကအဖွဲနဲ့နီးစပ်သူကပြောပါတယ်။
လက်နက်ကိုင်ခုခံတော်လှန်ရေးအားအကောင်းဆုံးဖြစ်တဲ့ စစ်ကိုင်းတိုင်းကို စစ်ကောင်စီခေါင်းဆောင်က ၂၀၂၁ နောက်ပိုင်း ၂၀၂၃ မတ်လမှာ၁ကြိမ်၊ ပြီးခဲ့တဲ့ ဧပြီလ ၆ရက်မှာ၁ကြိမ်၊ ဇွန်လ ၁၀ရက်မှာ၁ကြိမ်၊ ၄နှစ်အတွင်း ၃ကြိမ်ပဲလာနိုင်ခဲ့တာပါ။
တိုက်လေယာဉ် ဆုံးရှုံးခဲ့သလို မြေပြင်မှာပါ အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ ပုလဲ မြို့နယ်က ကျေးရွာတွေကို နေ့စဉ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။
တိုက်ပွဲတွေမှာ စစ်ကောင်စီအထိနာပြီးတဲ့ နောက် ဇွန်လ၁၁ရက် နေ့ညပိုင်းမှာ ပုလဲမြို့ပေါ်ကို လေကြောင်းကနေ စစ်ကူတွေအများအပြားပို့တယ်ဆိုတဲ့ သတင်း တွေကြောင့် ညတွင်းချင်းဒေသခံ သောင်းနဲ့ချီစစ် ဘေး ရှောင် နေရတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။
ကန့်ဒေါင့်စခန်းမတိုက်ခိုက်ခင်ကတည်းက ဘေးပတ်ဝန်းကျင်ရွာတွေကို ဘေးလွတ်ရာတိမ်းရှောင်စေခဲ့သလို တိုက်ပွဲတွေဆက်ပြီးပြင်းထန်လာလို့ စစ်ရှောင်ပြည်သူတွေပိုများလာခဲ့ပါတယ် ။
မြကုန်း၊ဇောင်ဂျမ်းကုန်း၊ကျွန်းဘိုကုန်း၊ကုက္ကိုလ်ကုန်း၊စေတီယုံနဲ့ ပုလဲ-ဂန့်ဂါလမ်းပိုင်း တောင်ဘက်ခြမ်းက ကျေးရွာ အားလုံးနီးပါး ထပ်မံစစ်ရှောင် နေရတယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံကနေ သိရပါတယ်။
PLA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေက ဇွန်လ ၁၂ရက်နေ့မှာကန့်ဒေါင့် ရဲစခန်းကိုဝိုင်းပတ်ပိတ်ဆို့ထားနိုင်ပြီဖြစ်ပါတယ် ။
“အခုတော့ အဲဒီစခန်းကို ဝိုင်းပိတ်ဆို့ထားပြီ။ ရဲစခန်းဆိုပေမယ့် သူတို့က အင်အားတွေ ထပ်ဖြည့်နေတာရော ကတုတ်ကျင်းတွေကအစ တပ်ပုံစံနဲ့ အခိုင်အမာလုပ်ထားတဲ့ စခန်းဖြစ်နေတာ”လို့ PLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အဲဒီစခန်းကို စစ်ကောင်စီက ပျူစောထီးအားကောင်းရာ အင်းမထီးကျေးရွာကတဆင့် အင်အားတွေ ဖြည့်တင်းပို့နေတာလို့လည်း PLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“လေယာဉ်နဲ့ အင်းမထီးကိုလာချတယ်။ အင်းမထီးကနေ စစ်ကြောင်းထိုးပြီး အင်အားတိုးနေတာ”လို့ ၎င်းက ဆက်ပြောပါတယ်။
လက်ရှိတိုက်ခိုက်နေတဲ့တိုက်ပွဲထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံးပြီး စစ်သုံ့ပန်းအချို့ဖမ်းဆီးရရှိထားကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေသိရပါတယ်။ ဇွန် ၁၃ ရက်နေ့အထိတိုက်ပွဲတွေပြင်းထန်နေတယ်လို့ စစ်ရှောင်ပြည်သူတွေကလည်းပြောပါတယ် ။
“သတင်းသာမထုတ်ပြန်သေးတာ။ မြေပြင်ရလဒ်တွေကောင်းတယ်”လို့မြေပြင်ကပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
PLAတပ်အပါအဝင် PDFတပ်ရင်း တွေမှာ သတင်း ဖြေကြားခွင့်တွေ ပိတ်ထားပြီး တိုက်ပွဲပြီးမှသာထုတ်ပြန်သွားမယ်လို့ PLAတပ်ရဲ့ ပြောရေး ဆိုခွင့်ရှိသူအပါအဝင် တော်လှန်ရေး ရဲဘော်တွေက ပြောကြားထားပါတယ်။ ။
