Hi, what are you looking for?
ဆယ်စုနှစ်တစ်ခုစာ ကြိုးစား ရပ်တည်လာတဲ့ ရှမ်းပြည်နယ်က တစ်ပိုင်တစ်နိုင် စားသောက်ကုန် လုပ်ငန်းလေး ပိတ်ရတော့မယ့် အခြေအနေကို ကိုစိုင်းနော် တစ်ယောက် မချိတင်ကဲ ဖြစ်လို့နေပါတယ်။
ကိုနိုင်ဦးဟာ မိတ္ထီလာမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်၊ နယ်မြေ (၁၄)က စစ်တပ်ခန့်ရာအိမ်မှူးတစ်ယောက်ပါ။ မိတ္ထီလာဆိုတာသိတဲ့အတိုင်း တပ်နယ်မြေ။ စိမ်းသရဖူစိမ်းကြတဲ့ နယ်မြေပါ။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ဇွန်လက အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲတွေလုပ်တော့ အုပ်ကြီးလုပ်ချင်တဲ့ကိုနိုင်ဦးလည်း ဝင်ပြိုင်တာပေါ့။ အဲဒီမှာ ကိုနိုင်ဦးက ၆၈၈ မဲ နဲ့ ဒုတိယအများဆုံး ရွေးချယ်ခံရတယ်။ ကိုတင်ထွန်းဆိုသူကတော့...
အညာအိမ်ဝိုင်းကျဉ်းလေးထဲတွင် ယက်ကန်းစင်ပေါ်က တော်လှန်ရေးရဲဘော်လေး ၉၅ ကိုကျွန်တော် ကြည့်နေ မိသည်။ စစ်သင်တန်း လေ့ကျင့်ခန်းများက ကောက်စိုက်တာ လောက်မပင်ပန်းကြောင်း၊ ထို့ပြင် တပ်ဖွဲ့ ထဲတွင် ထောက်လှမ်း ရေးတာဝန်၊ထောက်ပို့ တာဝန်များထမ်းဆောင်မည်ဖြစ် ကြောင်း နှင့် အသက်ပြည့်လျှင် လက်နက်ကိုင်တိုက်မည် ဟုသူမက စိတ်အားထက်သန်စွာ ပြောနေသည်။
အကြမ်းဖက်စစ်ကောင်စီက သကြ်န်မဏ္ဍပ်တွေဆောက်ပြီး ပျော်ပွဲရွှင်ပွဲအတွက် ဆွဲဆောင်စည်းရုံးနေပေမယ့် လက်တွေ့မှာ အရာမထင်လှပါဘူး။ နိုင်ငံ့ရဲ့နေရာအားလုံးနီးပါး တူးပို့သံပါ ဆိတ်သုဥ်းနေတဲ့ ကနေ့အခြေအနေဟာ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေ အောင်မြင်မှုမရှိဘူးဆိုတာ လှစ်ဟပြနေပါတယ်။ သကြ်န်အကြောင်းပြ နိုင်ငံရေးအမြတ်ထုတ်ဖို့လုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့အကြံ မအောင်မြင်ရတဲ့အကြောင်းအရင်းတွေထဲမှာတော်လှန်ရေးအင်အားစုတွေရဲ့ တပ်လှန့်သံတွေဟာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်ဆိုရင် မှားမယ်မထင်ပါဘူး။ ဘာကြောင့်ပါလဲ။...
လက်ရှိတွင် စစ်ကောင်စီကအလှည့်ကျမီးဖြတ်သည့် စနစ်ကို ကျင့်သုံးနေသည်ဆိုသော်လည်း သတ်မှတ်ချိန်မတိုင်ခင်မီးပြတ်တောက်ခြင်း၊ နေရာအချို့တွင် ညလုံးပေါက်မီးလာမည်ဟု ကြေညာထားသော်လည်း ပြတ်တောက်ခြင်း ၊မီးအားမပြည့်ခြင်း ၊ဓါတ်အားမငြိမ်၍မီးပြတ်တောက်ခြင်းစသဖြင့် အကြောင်းပြချက်အမျိုးမျိုးဖြင့် ပြတ်နေဆဲဖြစ်၏။