Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

တော်လှန်မယ့် သင်္ကြန်

အကြမ်းဖက်စစ်ကောင်စီက သကြ်န်မဏ္ဍပ်တွေဆောက်ပြီး ပျော်ပွဲရွှင်ပွဲအတွက် ဆွဲဆောင်စည်းရုံးနေပေမယ့် လက်တွေ့မှာ အရာမထင်လှပါဘူး။

နိုင်ငံ့ရဲ့​နေရာအားလုံးနီးပါး တူးပို့သံပါ ဆိတ်သုဥ်းနေတဲ့ ကနေ့အခြေအနေဟာ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေ အောင်မြင်မှုမရှိဘူးဆိုတာ လှစ်ဟပြနေပါတယ်။

သကြ်န်အကြောင်းပြ နိုင်ငံရေးအမြတ်ထုတ်ဖို့လုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့အကြံ မအောင်မြင်ရတဲ့အကြောင်းအရင်းတွေထဲမှာတော်လှန်ရေးအင်အားစုတွေရဲ့ တပ်လှန့်သံတွေဟာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်ဆိုရင် မှားမယ်မထင်ပါဘူး။

ဘာကြောင့်ပါလဲ။ လူထုရဲ့ အောင်စိတ်၊ ပြင်းပြတဲ့ ဆန္ဒနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ တပ်လှန်သံတွေဟာ တစ်သားတည်းကျနေလို့ပါပဲ။

Public Service Announcement

Public Service Announcement

အထူးသဖြင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့တဲ့ လူငယ်မျိုးဆက်သစ်တွေ၊ ဖမ်းဆီးအကျဥ်းချခံထားရသူတွေ၊ အကြမ်းဖက်စစ်​ကောင်စီတပ်ကို အမြစ်ဖြတ်နိုင်ဖို့ ​​တောထဲမှာ ၊အန္တရာယ်များလှတဲ့မြို့​ပေါ်မှာပေးဆပ်စွန့်လွှတ်နေသူတွေရဲ့ အနစ်နာခံမှုတွေကို အသိအ မှတ်ပြု တန်ဖိုးထားကြောင်း ပြသကြတာလည်း ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ပုံစံအမျိုးမျိုးနဲ့ဆွယ်နေတဲ့ စစ်ကောင်စီရဲ့ ဟန်ပြသကြ်န်ကို တော်လှန်သကြ်န်အဖြစ်ဖြတ်သန်းကြဖို့ အသင့်ဖြစ်နေကြတာပါ။

သည်ကနေ့(ဧပြီ ၁၂)မှာဆိုရင် ရန်ကုန်တိုင်းထဲက မြို့လေးတစ်မြို့ဆီ ရောက်ဖြစ်ပါတယ်။ ခါတိုင်းနှစ်တွေကဆိုရင် မြို့လေးဆီသွားတဲ့ ကားလမ်းမထက်မှာ ရေကစားမဏ္ဍပ် ၁၀ ခုထက်မနည်း တွေ့ရတတ်ပါတယ်။

ကားလမ်းမကြီးပေါ်မေးတင်ထားတဲ့ ကျေးရွာတိုင်းလိုလိုမှာ သကြ်န်ရေးကစားမဏ္ဍပ်တွေ ရှိနေတတ်တာပါ။ ဒါပေမဲ့ လက်ရှိ စစ်ကောင်စီအာဏာလုထားတဲ့ ဒီနှစ်တန်ခူးလမှာတော့ အ တာသကြ်န်နဲ့ သက်ဆိုင်တဲ့ ဘယ်လိုအထိန်းအ မှတ်မျိုးမှ မတွေ့မမြင်ရပါဘူး။

မြို့ထဲရောက်လို့ ကုန်စုံဆိုင်တွေနဲ့ စတိုးဆိုင်ပိုင် ရှင်တွေဆီ စုံစမ်းကြည့်တဲ့အခါမှာလည်း သကြ်န်ရေကစားတဲ့ ရေပြွတ်တွေ၊ သကြ်န်ပန်းကုံးတွေအပါအဝင် အတာရေပျော်ပွဲရွှင်ပွဲနဲ့သက် ဆိုင်တဲ့ပစ္စည်းတွေ အရောင်းထိုင်းတဲ့အ ကြောင်း ရင်ဖွင့်ကြပါတယ်။

“ရေကစားတဲ့ပစ္စည်းတွေက မရောင်းရသလောက်ပဲ။ ခုလက်ရှိရောင်းနေတာတွေကလည်း ပြီးခဲ့တဲ့နှစ်က လက်ကျန်တွေချရောင်းနေတာ။ အသစ်ထပ်တင်မထားဘူး”ဟု ရေက စားတဲ့ပစ္စည်းတွေရောင်းတဲ့ ဆိုင်ရှင်အမျိုးသမီးကြီးတစ်ဦးက ပြောပါတယ်။

တဆက်တည်းမှာပဲ အဲဒီဆိုင်ရှင်အမျိုးသမီးက ကြွပ်ကြွပ်အိတ်အကြည်ရောင်အိတ်အကြီးတွေနဲ့ ထုပ်ပိုးထားတဲ့ ရေကစားပစ္စည်းတွေကို လက် ညှိုးထိုးပြီး “အဲမှာလေ မြင်တဲ့အတိုင်းပဲ”လို့ ငြီးတွားသလို ပြောပါတယ်။

မနက်ဖြန်(ဧပြီ ၁၃)ကစလို့ အတာသကြ်န်ကာ လ စျေးတွေပိတ်တော့မှာဆိုတော့ ဒီနှစ်အဖို့ ရေကစားတဲ့ပစ္စည်းတွေ ရောင်းရဖို့ မျှော်လင့်ချက်မရှိတော့ဘူးလို့လည်း သူက ဆက်ပြောပါသေးတယ်။

ပုံမှန်အခြေအနေမျိုးဆိုရင် ဘယ်မြို့ဘယ်နယ်သွားသွား အတာသကြ်န်ရက်နီးလာတဲ့ ခုလိုကာ လမျိုးမှာ တူးပို့သံတွေ ညံနေတတ်တာပါ။ လက်တွန်းလှည်းနဲ့ ထီသည်၊ အသုပ်စုံသယ်ကစလို့ ဘတ်စကားတွေ၊ တက္ကစီကားတွေအပါ အဝင် လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်တွေအထိ သကြ်န်သီချင်းတွေနဲ့ သကြ်န်ကိုကြိုနေကြပါပြီ။

ခုတော့ မနက်ဖြန်(ဧပြီ ၁၃)ဆိုရင် သကြ်န်အ ကြိုရက်ရောက်တော့မှာဖြစ်ပေမဲ့ အလုပ်တာဝန်တွေခေတ္တနားပြီး သကြ်န်သီချင်းလေးနဲ့ အေး အေးလူလူနားနေတဲ့သူရယ်လို့ မရှိသလောက်ပါပဲ။ ဒါကြောင့်လည်း အကြမ်းဖက်စစ်ကောင်စီဟာ သကြ်န်ပျော်ပွဲရွှင်ပွဲတော်စီစဥ်ပြီး အရာရာပုံမှန်ပြန်ဖြစ်နေသရောင် ဟန်ပြလုပ်ဖို့ ကြိုးပမ်းနေပါတယ်။

အထူးသဖြင့် ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေမှာ ဗဟိုရေကစားမဏ္ဍပ်ကြီးတွေဆောက်ပြီး စစ်အုပ်စုကို ထောက်ခံသူတွေနဲ့ ပွဲထုတ်ဖို့လုပ်နေတာပါ။ ဒါကို ရန်ကုန်မြို့ တာမွေမြို့နယ်မှာနေထိုင်တဲ့ လူငယ်
တစ်ဦးကရှင်းပြရာမှာ ရပ်ကွက်တစ်ခုမှာ မဏ္ဍပ်တစ်ခုဆောက်ရမယ်လို့ အမိန့်ချထားတဲ့အကြောင်း ကြားသိရတယ်လို့ သူက ပြောပါတယ်။

ပြီးတော့ တစ်ရပ်ကွက်ကို ကားသုံးစီး ရေကစားထွက်ကြဖို့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေကို တာဝန်ပေးထားတယ်လို့လည်း သူက ပြောပါတယ်။

“ရပ်ကွက်တစ်ခုကို ကားသုံးစီးထွက်ရမယ်ဆိုတာက ဖော်ရှိုးလုပ်တာပေါ့။ ဒါကိုကြည့်ရင် အာဏာရှင်လုပ်တဲ့သကြ်န်ကို ဘယ်သူမှစိတ်မဝင်စားကြဘူးဆိုတာ ပေါ်လွင်နေတယ်”လို့ သူက မှတ်ချက်ပေးပါတယ်။

ပိုဆိုးတာက​တော့အာဏာလုစစ်​ကောင်စီလုပ်သကြ်န်မှာလူမရှိမှာစိုးတဲ့အတွက်စသ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူး​တွေက တစ်​ယောက်​ငွေတစ်​သောင်း​ပေးမယ်၊ အရက်တိုက်မယ် ၊ဘီယာတိုက်မယ်ဆိုပြီး​တောင်ရပ်ကွက်​တွေထဲ လူလိုက်ရှာ​နေရပါတယ်။

“အရက်သမားပေမယ့် သစ္စာရှိပါတယ်ဗျာ ကိုယ်တိုင်အာသာပြေတောင်မနည်းရှာနေရတာ။ အလကားတဝသောက် ကဲချင်တာပေါ့။ ဒါပေမယ့်သစ္စာရှိရမယ်လေ။ ဒီကောင်​တွေ(စစ်​ကောင်စီ) ပြည်သူကိုအထင်မသေးစေရဘူး ကျနော်တို့စောင့်ထိမ်းမှာပါ တော်လှန်ရေးအောင်ရင်တော့ သိတဲ့အတိုင်ပဲ မောင်းတီးချောင်းစီးတိုက်မယ့်သူအများကြီး အဲ့ကျမှ လိပ်ပြာသန့်သန့်မူးတော့မယ်”လို့ ယာမကာကြိုက်သူတစ်ဦးကလည်း​ပြောပါတယ်။

ပဲခူးမြို့မှာဆိုရင်လည်း လူမှုကူညီ​ရေးအသင်းတိုင်းကို စစ်​ကောင်စီတပ်ရဲ့ ဗဟိုမဏ္ဍပ်မှာ လူနာတင်ယာဥ်တစ်စီးစီ ထား​ပေးဖို့မထားရင် အသင်းဥက္ကဌ​တွေကို ဖမ်းဆီးပြီး​တော့ အသင်းကို အ​ရေးယူမယ်လို့ခြိမ်း​ခြောက်ထားပါတယ်။

ရန်ကုန်လူထုသပိတ်အပါအဝင် ​တော်လှန်​ရေးအဖွဲ့အစည်း ၃၅ဖွဲ့ကလည်း​အောက်ပါအတိုင်းသတိ​ပေးထားပါတယ်။

“တိုင်းပြည်အတွက်ကိုယ်ကျိုးစွန့်ခဲ့သည့် ကျဆုံးအာဇာနည်သူရဲကောင်းများ၊ ထောင်တွင်းနှိပ်စက်မှုဒဏ်ခံ၍ ပေးဆပ်နေသောရဲဘော်များ၊ တောတွင်း တိုက်ပွဲဝင်နေသော ရဲဘော်များ၊ စစ်‌ဘေးရှောင်ဒုက္ခသည်ပြည်သူများနှင့် အဖိနှိပ်ခံလူမျိုးစုများအား စော်ကားသကဲ့သို့ ပြုမူဆောင်ရွက်‌နေမှုများ ရပ်တန့်ပေးပါရန် လေးနက်စွာသတိပေးအပ်သည်” ။

အလားတူ နိူင်ငံတစ်ဝန်းက ပြည်သူ့ကာကွယ်​ရေးအဖွဲ့​တွေ၊ လူထုသပိတ်​ကော်မတီအသီးသီးကလည်း စစ်​ကောင်စီရဲ့ ဟန်ပြသကြ်န်မှာ ပြည်သူ​တွေမပါဝင်ကြဖို့ တိုက်တွန်းထားကြပါတယ်။ ​PDF အဖွဲ့​တွေဆိုရင် သကြ်န်ကာလမှာ အကြမ်းဖက်စစ်​ကောင်စီတပ်ကို အရှိန်မြှင့်ခုခံတိုက်ခိုက်မှာဖြစ်တဲ့အတွက် ပြည်သူ​တွေ အိမ်မှာပဲ​နေကြဖို့ ၊စစ်​ကောင်စီမဏ္ဍာပ်​​တွေနားမသွားကြဖို့ သတိ​ပေးထားကြပါတယ်။

စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ ခုလိုကာလမှာ အပျော်မရှာဘဲ တော်လှန်ပုန်ကန်ကြဖို့ တော် လှန်ရေးအင်အားစုအသီးသီးက အသိပေးတိုက်တွန်းနေချိန်မှာ တစ်ဦးချင်းတစ်ယောက်ချင်းဆီတိုင်း လိုက်နာကြဖို့ တာဝန်ရှိတယ်လို့ ရန်ကုန်မြို့​နေပြည်သူတစ်ဦးကသူ့အမြင်ကိုပြောပါတယ်။

အရင်နှစ်ကစစ်တပ်က အာဏာသိမ်းပြီး နှစ်လ​ကျော်မှာကြုံခဲ့ရတဲ့ သကြ်န်ကိုလည်း ပြည်သူ​တွေက ​တော်လှန်သကြ်န်အ​နေနဲ့အိမ်ထဲမှာ​နေပြီး ဆန္ဒထုတ်​ဖော်ခဲ့ကြပါတယ်။ ဒီနှစ်က​တော့ နိုင်ငံတစ်ဝန်း PDF ​တွေ ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​တွေက အကြမ်းဖက်စစ်​ကောင်စီကို အရှိန်မြှင့်ခုခံစစ်ပွဲ​တွေဆင်နွှဲ​နေချိန်မှာ ​ရောက်လာတဲ့ သကြ်န်က ဆန္ဓထုတ်​ဖော်မှု​တွေအပြင် သကြ်န်တွင်းခုခံတိုက်ပွဲ​တွေပိုများလာမှာမို့ ပြည်သူ​တွေနိုင်ငံ​ရေး ၊စစ်​ရေးသတင်း​တွေပိုမို​လေ့လာကြပြီးနိုင်ရာတာဝန်ထမ်း​ပေးဖို့လည်း​တော်လှန်​ရေးအဖွဲ့အချို့ကတိုက်တွန်းထားပါတယ်။

ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ From Zero To Hero(ZTH)အဖွဲ့က တော်လှန်ရေးရဲဘော်တစ်ဦးကလည်း မကြာခင်ကျရောက်မဲ့ အတာသကြ်န်နဲ့ပတ်သက်လို့ ပြည်သူကို ခုလိုအသိပေးထားပါတယ်။

“အသက်ပေးသွားတဲ့ လူငယ်တွေရဲ့မျက်နှာကို ထောက်ပါ။ ပြီးတော့ အဖမ်းခံထားရသူတွေ၊ တောထဲရောက်နေတဲ့လူငယ်တွေ သူတို့အားလုံးကိုစာနာကြောင်းပြဖို့ စကစလုပ်တဲ့သကြ်န်မှာ အပျော်မရှာဘဲ တော်လှန်ကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်”လို့ သူက ရင်ဖွင့်ပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

ဆောင်းပါး

သင်္ကြန်အတက်နေ့ ချင်းတွင်းမြစ်ကမ်းဘေးအပူက အလျံတငြီးငြီးနဲ့ တောက်လောင်နေတယ်။ သဲတွေဟာ မီးကြီးခဲတွေ နုတ်နုတ်စင်းထားသလိုမျိုး ထိလိုက်တာနဲ့ မခံမရပ်နိုင်အောင် ပူလောင်လွန်းလှတယ်။

သတင်း

ရန်ကုန်မြို့ရှိ ကျောက်တံတား၊ စမ်းချောင်း၊ ဒဂုံ၊ ကြည့်မြင်တိုင်၊ မရမ်းကုန်း စသည့် မြို့နယ်တို့တွင် စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်များ တည်ဆောက်၍ ရေပက်ခံသူပြည်သူများဖြင့် စည်ကားနေကြောင်း ပြသရန် ကြိုးပမ်းလျက်ရှိသည်။

သတင်း

RPG တစ်လက်နှင့် RPG ဗုံးသီး ငါးခုကို ကျပ် သိန်း ၆၀ခန့်သာ ကုန်ကျခဲ့ကြောင်း၊ လိုအပ်ချက် အနည်းအငယ်ရှိသော်လည်း စစ်မြေပြင်၌ အဆင်ပြေစွာ အသုံးပြုနေကြောင်း ADPRA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။