Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ လွိုင်ကော်မြို့ပတ်ပတ်လည်ကို ဝိုင်းထားတယ်။မြေပြင် ထောက်ပို့ လမ်းကြောင်းတွေအကုန်လုံးကို ပိတ်ဆို့ထားနိုင်ပြီလို့ပြောလို့ရတယ်”

စစ်ဆင်ရေးအတွင်းစစ်ကောင်စီတပ်စခန်း​ပေါင်း ၂၀ ကျော်ကို သိမ်းဆည်းနိုင်ခဲ့သလိုတပ်ရင်းမှူးအဆင့်အပါအဝင် စစ်​ကောင်စီတပ်သား ၂၀၀ ​​ကျော်သေဆုံးခဲ့ပြီး​တော့၊ စစ်သုံ့ပန်း( ၆၀) ဝန်းကျင်ကိုလည်းဖမ်းဆီးနိုင်ခဲပါတယ်။

▪︎ကရင်နီအမျိုးသားများကာကွယ်ရေးတပ် -KNDF ဥက္ကဌ ခွန်းဘီထူး
▪︎ကရင်နီအမျိုးသားများကာကွယ်ရေးတပ် -KNDF ဥက္ကဌ ခွန်းဘီထူး

▪︎ကရင်နီအမျိုးသားများကာကွယ်ရေးတပ် -KNDF ဥက္ကဌ ခွန်းဘီထူး

နိုဝင်ဘာ ၁၁ ရက်မှာစတင်ခဲ့တဲ့ ကရင်နီပူးပေါင်းတပ်​တွေရဲ့ ၁၁၁၁ စစ်ဆင်ရေးဟာရက်ပေါင်း ၂၄ ရက်ရှိလာပြီဖြစ်ပါတယ်။ စစ်ဆင်ရေးအတွင်းစစ်ကောင်စီတပ်စခန်း​ပေါင်း ၂၀ ကျော်ကို သိမ်းဆည်းနိုင်ခဲ့သလိုတပ်ရင်းမှူးအဆင့်အပါအဝင် စစ်​ကောင်စီတပ်သား ၂၀၀ ​​ကျော်သေဆုံးခဲ့ပြီး​တော့၊ စစ်သုံ့ပန်း( ၆၀) ဝန်းကျင်ကိုလည်းဖမ်းဆီးနိုင်ခဲပါတယ်။ လက်နက်မျိုးစုံ ၂၀၀ ကျော်ကိုသိမ်းဆည်းနိုင်ခဲ့တယ်လို့ KNDFကထုတ်ပြန်ထားပါတယ်။ ကရင်နီပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ လွိုင်ကော်မြို့သိမ်း တိုက်ပွဲ​တွေဟာလည်းဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် လွိုင်ကော်မြို့တွင်းတိုက်ပွဲ​တွေနဲ့ ပတ်သပ်ပြီး​တော့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် -KNDF ဥက္ကဌ ခွန်းဘီထူး ကို လူထုနွေဦးကဆက်သွယ်မေးမြန်းပါတယ်။

မေး။လွိုင်ကော်မြို့သိမ်းတိုက်ပွဲက ခရီးဘယ်လောက် ရောက်နေပြီလဲ။

ဖြေ။လွိုင်ကော်မြို့မှာ စစ်ကောင်စီဘက်က ခံစစ်ကနေကို ထွက်မလာရဲတော့တဲ့အခြေအနေတစ်ခု ရောက်သွားပါပြီ။မြို့ထဲကိုမပြောနဲ့ အဆောက်အဦးအပြင်တောင်မထွက်နိုင်တော့တဲ့အခြေအနေဖြစ်တယ်။စစ်ကောင်စီတပ်သားတွေဟာ သူတို့ရဲ့ အဓိကအရေးပါတဲ့နေရာတွေမှာပဲ ကျန်ရှိတော့တယ်။ဒကစ(ဒေသကွပ်ကဲစစ်ဆကင်ရေးဌာနချုပ်) လိုနေရာမျိုး၊ပြည်နယ်ခန်းမ၊ပြည်နယ်ရဲစခန်း အဲဒီလိုဟာမျိုးတွေကို သူတို့ဘက်က ခံတပ်ပုံစံလုပ်ထားတယ်။အပြင်းအထန်ခုခံနေတယ်။

မေး။စစ်ကောင်စီအနေနဲ့အခုနောက်ပိုင်း ဝေဟင်ကနေ ရိက္ခာခဲယမ်းနေ့တိုင်းလိုလိုချနေရတာတွေ့ရတယ်။ ဘာကြောင့်လို့မြင်လဲ။

Public Service Announcement

Public Service Announcement

ဖြေ။ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ လွိုင်ကော်မြို့ပတ်ပတ်လည်ကို ဝိုင်းထားတယ်။မြေပြင် ထောက်ပို့ လမ်းကြောင်းတွေအကုန်လုံးကို ပိတ်ဆို့ထားနိုင်ပြီလို့ပြောလို့ရတယ်။စစ်ကောင်စီဘက်က စစ်ကူမပြောနဲ့ သူတို့ခံတပ်စခန်းတစ်ခုနဲ့တစ်ခုတောင် သွားလာလို့မရတော့တဲ့ အခြေအနေဖြစ်တယ်။နောက်သူတို့ခြေကုပ်ယူထားတဲ့ စခန်းတစ်ခုမှာဆိုရင် ခဲယမ်းတွေလိုအပ်နေတယ်ဆိုရင် လေယာဥ်ပေါ်ကနေကို air drop နဲ့ချ နေရတာမျိုးပဲရှိတော့တယ်။လေထီးနဲ့ချရတဲ့အဆင့် ဖြစ်သွားပြီ။စစ်ကောင်စီအနေနဲ့ ထောက်ပို့တွေ မလုပ်နိုင်တော့ဘူး။ခြုံငုံပြီး ပြောရရင် စစ်ကောင်စီဟာ လွိုင်ကော်မြို့ထဲမှာ ပိတ်မိနေပြီလို့ ပြောလို့ရပါတယ်။

မေး။လွိုင်ကော်ဟာ ၁၁၁၁ စစ်ဆင်ရေးရဲ့ အရေးအပါဆုံးဖြစ်မလား။

ဖြေ။ ၁၁၁၁ စစ်ဆင်ရေးဆိုတာက ကရင်နီပြည်နယ်အတွင်းမှာရှိ စစ်ကောင်စီတပ်သားတွေအားလုံးအမြစ်ပြတ်မောင်းထုတ်ရေးဖြစ်တယ်။ကရင်နီပြည်နယ်မှာ စစ်ကောင်စီတပ်တွေလုံးဝကင်းရှင်းရေးအထိ လုပ်ဆောင် သွားမှာဖြစ်တယ်။ဒီလို လုပ်ဆောင်မှ နောင်တစ်ချိန်မှာ ပြည်သူတွေ အေးအေးချမ်းချမ်းနဲ့ နေနိုင်မှာ ဖြစ်တယ်။

မေး-စစ်ရှောင်နေကြရတဲ့ ပြည်သူတွေ ကိုရောဘာပြောလိုပါသလဲ။

ဖြေ။လက်ရှိစစ်ရေးကာလအတွင်းမှာ နေအိမ် ပျက်စီးတာတွေနဲ့ ထိခိုက်မှုတွေမျိုးစုံရှိတယ်။အဲဒီဖြစ် စဥ်တွေအတွက် အနူးအညွတ်တောင်းပန်တယ်။ဒါတွေအားလုံးက တော်လှန်ရေးအောင်မြင်ဖို့၊နောင်တစ်ချိန်မှာ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောင်နိုင်ဖို့အတွက် ရင်းနှီးရတဲ့ အရင်းအနှီးတွေ ဖြစ်တဲ့အတွက်ကြောင့် သည်းခံပေးကြပါ။တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း တစ်ယောက်ချင်းစီတိုင်းကအသက်ကိုပါ စတေးပြီးဝင်ရောက်တိုက်ခိုက်နေကြတာဖြစ်တယ်။ဒါကြောင့် ပြည်သူတွေအနေနဲ့ ဆက်လက်တောင့်ခံပေးကြပါ။အားပေးကြပါ။တက်နိုင်တဲ့ဘက်က ကူညီပေးကြပါ။

မေး။တိုက်ပွဲရုပ်သံမှတ်တမ်းတချို့မှာ စစ်ကောင်စီတပ်သား တွေ အတုန်းအရုန်းသေနေကြတာတွေ့တယ်။လက်ရှိ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုပုံစံကိုရော မှတ်ချက်ပြုပေးပါဦး။

ဖြေ။စစ်ကောင်စီဘက်က အတုံးအရုန်းအကျအဆုံးများစွာရှိနေတယ်။တိတိကျကျတော့စိစစ်နေဆဲပဲ။ဒါပေမယ့် အကြမ်းဖျင်းက ၂၀၀ နီးပါးရှိတယ်။လွိုင်ကော်မြို့တိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေ အဆမတန်အသုံးပြုနေတယ်။ပြီးတော့ လွိုင်ကော်မြို့ ဘေးဝဲယာမှာရှိတဲ့ အမြောက်တပ်ရင်းတွေခြေလျင်တပ်ရင်းတွေကနေ လက်နက်ကြီးနဲ့ ပစ်တာက နေ့စဥ်လိုလိုပုံမှန်လုပ်နေတယ်။

မေး။တခြားဖြည့်စွက်ပြောလိုတာရှိရင် ​ပြော​ပေးပါခင်ဗျ။

ဖြေ။လွိုင်ကော်မြို့ဟာ မကြာခင်မှာ ကျွန်တော်တို့ အောင်ပွဲဆင်နိုင်မယ့်နေရာတစ်ခု ဖြစ်လာမယ်လို့ ယုံကြည်တယ်။ ။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

စစ်တပ်၏ တရားမဝင် အာဏာသိမ်းမှု အကျိုးဆက်များအနက် တစ်ခုဖြစ်သည့် မြေမြှုပ်မိုင်းများကြောင့် ကရင်နီပြည်အတွင်း အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးရမှုများမှာ သိသိသာသာ တိုးပွားလာသည်ကို တွေ့ရသည်ဟုလည်း ဆိုသည်။

သတင်း

ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)မှ ယနေ့ ဧပြီ ၁၀ရက်တွင် သဘောထား ထုတ်ပြန်ချက်ဖြင့် ယခုကဲ့သို့ အသိပေးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကို တိုက်ခိုက်ရသည့် အကြောင်းအရင်းများကို ဖော်ပြသည်။

သတင်း

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်တွင်တာဝန်ထမ်း‌ ဆောင်ရန် တပ်ရင်းသို့ဆက်သွယ်လာသူများရှိနေပြီး စိစစ်လက်ခံလျက်ရှိကြောင်းလည်း အသိပေးသည်။