Hi, what are you looking for?
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA)က စစ်ကြောင်းထိုးလာလို့ ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)နဲ့ ပအိုဝ်းတော်လှန်ရေးအင်အားစုတွေ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ အထိုင်စခန်းတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီ လက်အောက်ခံအဖြစ်အသုံးချခံနေရသည့် ပြည်သူ့စစ်အဖွဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO/PNA)အနေဖြင့် စစ်အုပ်စု၏အသုံးချခံပြည်သူ့စစ်အဖြစ်မှ အမြန်ရုန်းထွက်ပြီး တော်လှန်ရေးတွင်ပါဝင်ရန် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)တို့က ထပ်မံ တိုက်တွန်းလိုက်သည်။
မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်တပ်က ဂွေးပင်လေးရွာကို ဝင်စီးပြီး နေအိမ်တွေကို မီးရှို့ကာ ကျပ်သိန်း ၄၀၀ကျော်ဖိုး ခိုးယူသွားကြောင်း ဒေသခံများက ပြောပါတယ်။