Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဖြူအထူးစီးပွားရေးဇုန်ဧရိယာကို စစ်ကောင်စီ ဒရုန်းဖြင့်တိုက်ခိုက်

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အား စစ်ကောင်စီကလေကြောင်းတိုက်ခိုက်နေရာ အထူးစီးပွားရေးဇုန်ဧရိယာ ကျေးရွာများကိုပါ တိုက်ခိုက်နေသည်။

ကျောက်ဖြူ မြို့အဝင်ဆိုင်းဘုတ် နှင့် ၂၀၂၁ မေလတွင် အမှိုက်ကောက်ပြီး ခတ္တအနားယူနေသူများကို တွေ့ရစဥ်။ ဓာတ်ပုံ- CJ

ကဖေး/People’s Spring

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အား စစ်ကောင်စီကလေကြောင်းတိုက်ခိုက်နေရာ အထူးစီးပွားရေးဇုန်ဧရိယာ ကျေးရွာများကိုပါ တိုက်ခိုက်နေသည်။

ယမန်နေ့ (မတ်လ ၁၂ရက်)က ကျောက်ဖြူမြို့နယ် ကြတ္တိန်ကျေးရွာအား စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အိမ် ၄၀ထက်မနည်း ပျက်စီးခဲ့သည်။ မတ်လ ၆ရက်ကလည်း ဓညဝတီရေတပ်ဌာနချုပ်အနီးရှိ ဦးကင်းကျေးရွာကိုလည်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ် ၁၇၀ခန့် ပျက်စီးခဲ့သည်။

” အခုက အထူးဆိပ်ကမ်းစီမံကိန်းဧရိယာတွေကိုပါ ဗုံးကြဲနေတာ။ AA ရှိနေတယ်ဆိုပြီး ကြဲနေတာ။ တရုတ်လုံခြုံရေးရဲတွေလည်း စီမံကိန်းနေရာတွေကို ရောက်လာနေတယ်။ လေကြောင်းကို ပိုသုံးလေ အရပ်သားတွေအန္တရာယ်များလေပဲ”ဟု ကျောက်ဖြူမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကြတ္တိန်ကျေးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံး လေးလုံး ကြဲတိုက်ခိုက်ခြင်းဟု သတင်းရရှိသည်။

ဒေသခံများသည် မြို့ပေါ်နှင့် တခြားနေရာများသို့တိမ်းရှောင်နေ၍ အရပ်သားထိခိုက်မှုမရှိခဲ့ပေ။

သို့သော် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၄၅လုံး ပျက်စီးခဲ့သည်ဟု စစ်ဘေးရှောင်များအားကူညီနေသူတစ်ဦးက ပြောသည်။

ယနေ့ (မတ်လ ၁၃ရက်)တွင်လည်း စစ်ကောင်စီက ထောင့်စည်မော်၊ကုလဘာတောင်ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့်ပစ်ခတ် တိုက်ခိုက်နေကြောင်း မြို့ခံများက ပြောသည်။

ကျောက်ဖြူမြို့တွင် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းရှိသည်။ စီမံကိန်းအကောင်အထည်ဖော်ရေး နောက်ဆက်တွဲစာချုပ်ကို ၂၀၂၃ ဒီဇင်ဘာလ ၂၆ရက်တွင် စစ်ကောင်စီက သက်တမ်းတိုးချုပ်ဆိုထားသည်။

၂၀၂၅ ဇွန်လ ၂၅ရက်တွင် သက်တမ်းတိုးကာလပြည့်မည် ဖြစ်သည်။

ကျောက်ဖြူမြို့အနီးအထိ တိုက်ပွဲများပြင်းထန်လာချိန်တွင် မတ်လ ၁၁ရက်တွင် နေပြည်တော်၌ ပြုလုပ်သည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့အစည်းအဝေး၌ စစ်ကောင်စီဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို အောင်မြင်အောင်ဆောင်ရွက်ရန် ပြောထားသည်။

AA၏ ကျောက်ဖြူမြို့သိမ်းတိုက်ပွဲသည် ပိုမိုပြင်းထန်လာပြီး ဒေသခံများသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလမှစ၍ ကျောက်ဖြူမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် တိမ်းရှောင်နေကြသည်။

တိုက်ပွဲပြင်းထန်‌နေစဉ်ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းက တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ရောက်ရှိလာသည်။

အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းနေရာများတွင် တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးယူထားကြောင်း မြို့ခံသတင်းရင်းမြစ်များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်နဲ့ရခိုင်ပြည်နယ်ကို ကြည်းရေလေစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်​ပေမယ့် ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာစစ်ရှုံးခဲ့ပြီး​နောက်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးကိုကိုဦး ကိုပြည်ထဲရေးဝန်ကြီးအဖြစ် အရပ်ဖက်ရာထူးပူးတွဲခန့်အပ်လိုက်ပါတယ်။

အတွေးအမြင်

ဇာတ်လမ်းရဲ့ အစမှာ ကိန်းဂဏန်းတွေ မြင်နေရပါတယ်။စစ်အုပ်စုကအခြေခံလူတန်းစားကို ဆင်းရဲတွင်းထဲ တွန်းပို့ထားတဲ့ နှစ်လုံးထီလောင်းကစားအတွက် ဒီဂဏန်းတွေကို အသုံးမချဖို့မေတ္တာရပ်ခံပါတယ်။ ခေတ်သစ်ကမ္ဘာမှာ သူရဲဘောအကြောင်ဆုံး စစ်ဆင်ရေးတစ်ခု မြန်မာနိုင်ငံမှာ ရှိနေတဲ့အကြောင်း သိစေလိုခြင်းဖြစ်ပါတယ်။

ရသစာတမ်းငယ်

ဂျိတ္တောဆိုတာ သံတွဲလေဆိပ်ကနေ ငပလီကမ်းခြေတလျှောက် လာလိုက်ရင် ငပလီကမ်းခြေရဲ့ အစွန်ဆုံး။ ဟိုးတုန်းကတော့ ဂျိတ္တောတံငါရွာလေးပေါ့။ နောက်ကျတော့ငပလီကိုမြို့သတ်မှတ်တဲ့အခါ ဂျိတ္တောရပ်ကွက်ဆိုပြီး ဖြစ်လာတယ်။တချို့က ရပ်ကွက်ဆိုတာကို သဘောကျကြတယ်။ တချို့က ရွာလို့ပဲ ဆက်ပြီး ခေါ်ချင်ကြတယ်။ "ဂျိတ္တောတံငါရွာလေး" လို့ ဆိုလိုက်ရင် နှလုံးသားကို ပိုပြီး နွေးထွေးစေတယ်လေ။

သတင်း

စစ်ကြာင်း​တွေတပ်ဆုတ်ပြေးနေရပြီး ​ဒေသအချို့မှာတိုက်စစ်က​နေ ခံစစ်ဖြစ်​နေ