Connect with us

Hi, what are you looking for?

သတင်း

မတ္တရာနယ် အရှေ့ခြမ်းကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ ၁၀နှစ်အရွယ်ကလေးအပါအဝင် ၅ဦး သေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာ လနဲ့ချီကြာမြင့်လာပြီး မတ်လ ၁၁ရက် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၁၀နှစ်အရွယ်ကလေးအပါအဝင် ပြည်သူ ၅ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ် တိုက်ခိုက်ရေးရဟတ်ယာဉ်က သရုပ်ပြတိုက်ခိုက်နေစဉ်(ပုံဟောင်း)။ ဓာတ်ပုံ - AP

ရှိန်း/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာ လနဲ့ချီကြာမြင့်လာပြီး မတ်လ ၁၁ရက် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၁၀နှစ်အရွယ်ကလေးအပါအဝင် ပြည်သူ ၅ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၁၁ရက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံး ၁၀ဦးထက်မနည်း ရှိခဲ့ပြီး ညပိုင်းမှာတော့ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မတ္တရာမြို့နယ် ဝသုန္ဒရကျေးရွာအတွင်းက နေအိမ်ပေါ် ဗုံးကျပြီး အသက်၁၀နှစ်အရွယ် မိန်းကလေးအပါအဝင် ပြည်သူ ၅ဦး သေဆုံးပြီး ၁၀ဦး ကျော် ထိခိုက်ဒဏ်ရာတွေ ရခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“၄ဦး ပွဲချင်းပြီး သေတာ။ ၁ဦးက ဆေးရုံပို့ရင်း သေတာ။ မိသားစုဝင်တွေချည်းပဲ”လို့ အဲဒီဒေသခံက ရှင်းပြပါတယ်။

လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က ညအချိန်လာပြီး လေယာဉ်နဲ့ဗုံးကြဲတာ၊ စက်သေနတ်ပစ်တာတွေ ပြုလုပ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် မတ္တရာမြို့ ဘောလုံးကွင်းထဲကနေ ဟောင်ဝစ်ဆာလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့်လည်း မတ္တရာမြို့နယ်အနောက်ခြမ်းမှာ အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေရှိတယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာကတည်းက မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ တိုက်ပွဲတွေဖြစ်နေပြီးမြောင်းသစ်ရွာအနီးကနေ ပုသိမ်ကြီးမြို့နယ်အစပ်က ကျေးရွာတွေအထိ တိုက်ပွဲတွေဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။