သတင်း မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်သားများလစာငွေစက္ကူမိတ္တူဖြင့် ပေးနေ၊ မကျေနပ်သည့် စစ်သားတစ်ဦးက အရာရှိလက်နက်ယူလာပြီး PDFထံ အလင်းဝင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာတွင် စစ်ကောင်စီတပ်သားများ၏ လစာအား ငွေစက္ကူမိတ္တူဖြင့် ပေးသည်ကို မကျေနပ် သည့် စစ်သားတစ်ဦးက အရာရှိ လက်နက်ယူလာပြီး PDFတပ်ဖွဲ့ထံ အလင်းဝင်လာကြောင်း သတင်းရရှိသည်။ ludunwayooအောက်တိုဘာ 15, 2024
သတင်း စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကို ဆန့်ကျင်ဖို့နဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေး စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကို ဆန့်ကျင်ကြဖို့နဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံရေး ဒီကနေ့ (အောက်တိုဘာ ၁၄) မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။ ludunwayooအောက်တိုဘာ 14, 2024
သတင်း ထားဝယ်မြို့တွင် တစ်ရက်တည်း ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ် စစ်တပ်ဆီသယ်ယာဥ် မီးလောင်ပေါက်ကွဲပြီး ထိခိုက်သေဆုံးမှုရှိ ludunwayooအောက်တိုဘာ 14, 2024
သတင်း စစ်ကောင်စီက ဂန့်ဂေါမြို့နယ်တွင်ဗုံးကြဲပြည်သူ ၂ဦးသေ ၊ ၂ ဦးဒဏ်ရာရ စစ်ကောင်စီက မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်တွင်းတစ်နေရာကို ယနေ့(အောက်တိုဘာလ ၁၄ရက်)ညနေပိုင်းက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ ဒေသခံနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။ ludunwayooအောက်တိုဘာ 14, 2024
သတင်း မြန်မာ့အရေးမှာ စေ့စပ်ဆွေးနွေးမှုလမ်းကြောင်းနဲ့ အဖြေရှာနိုင်ရေး မလေးရှား မျှော်လင့် လာမယ့်နှစ်၊ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးကို မလေးရှားက လက်ခံယူချိန်မှာ မြန်မာ့ ပြည်တွင်းရေး အကျပ်အတည်းကို ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့ အခြေအနေကောင်းတွေ ရောက်ရှိနေမယ်လို့ မျှော်လင့်ကြောင်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။ ludunwayooအောက်တိုဘာ 14, 2024
သတင်း မလှိုင်မြို့တွင် လက်ဖက်ရည်ဆိုင်မပိတ်၍ဆိုကာ စစ်တပ်က ဆိုင်အတွင်း ဝင်ရောက်ရိုက်နှက်ပြီး ဆိုင်ကယ်များ သိမ်းယူသွား မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့ပေါ်တွင် လက်ဖက်ရည်ဆိုင်မပိတ်သေး၍ဟုဆိုကာ စစ်ကောင်စီတပ်သားများက ဆိုင်ထိုင်နေသူများအား ဝင်ရောက်ရိုက်နှက်ပြီး ၎င်းတို့၏ ဆိုင်ကယ် ၁၅စီးခန့်အား သိမ်းယူသွားကြောင်း မြို့ခံများက ပြောသည်။ ludunwayooအောက်တိုဘာ 14, 2024
သတင်း လားရှိုးမြို့နယ်ကို စစ်ကောင်စီက ယနေ့ညနေတွင် လေကြောင်းထပ်မံတိုက်ခိုက်၍ ပြည်သူတစ်ဦးသေဆုံး ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့နယ် မယ် ဟန်ဒေသကို စစ်ကောင်စီက ယနေ့ ညနေပိုင်းတွင် လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်၍ ပြည်သူ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။ ludunwayooအောက်တိုဘာ 14, 2024
သတင်း သီပေါမြို့သိမ်းတိုက်ပွဲ စစ်ကောင်စီတပ်မိသားစုဝင် ၂၀၀နီးပါးကို TNLA ပြန်လွှတ်ပေး ခလရ(၂၃)အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ပြီးသီပေါမြို့ကို အလုံးစုံထိန်းချုပ်နိုင်ပြီဟု ကြေညာ ludunwayooအောက်တိုဘာ 14, 2024
သတင်း ပုဂံမြို့တွင် သန်းခေါင်စာရင်းကောက်သည့်အဖွဲ့ ပစ်ခတ်ခံရပြီး အုပ်ကြီးသေဆုံး၊ လုံခြုံရေးလိုက်ပါသည့် ရဲများထွက်ပြေး သေဆုံးသူအုပ်ကြီးမှာ ပုဂံမြို့လာရောက်သူများအား ဧည့်စာရင်းအရ ကျပ်၂၀၀ကောက်ခံ၍ အာဏာသိမ်းကာလအတွင်း ချမ်းသာလာသူတစ်ဦးဟု ဒေသခံများပြော ludunwayooအောက်တိုဘာ 14, 2024
သတင်း ပန်ဝါမြို့ရှိ BGF(၁၀၀၂) ဌာနချုပ်ကို KIA သိမ်းပိုက် သုံ့ပန်းနှင့် လက်နက်ခဲယမ်းများရဟုဆို ludunwayooအောက်တိုဘာ 14, 2024