Connect with us

Hi, what are you looking for?

သတင်း

ပုဂံမြို့တွင် သန်းခေါင်စာရင်းကောက်သည့်အဖွဲ့ ပစ်ခတ်ခံရပြီး အုပ်ကြီးသေဆုံး၊ လုံခြုံရေးလိုက်ပါသည့် ရဲများထွက်ပြေး

သေဆုံးသူအုပ်ကြီးမှာ ပုဂံမြို့လာရောက်သူများအား ဧည့်စာရင်းအရ ကျပ်၂၀၀ကောက်ခံ၍ အာဏာသိမ်းကာလအတွင်း ချမ်းသာလာသူတစ်ဦးဟု ဒေသခံများပြော

ကျော်ဇော/People’s Spring

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့တွင် သန်းခေါင်စာရင်းကောက်ယူနေသည့် စစ်ကောင်စီလက်အောက်ခံအဖွဲ့ကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ အုပ်ချုပ်ရေးမှူးတစ်ဦး သေဆုံးသွားကြောင်း ညောင်ဦးခရိုင်-ပကဖ(ပုဂံပြည်ဘီလူးတပ်)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

ပုဂံမြို့ အနော်ရထာရပ်ကွက်နှင့် ပိုက်သေလည်ရပ်ကွက်တို့၏ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပုဂံကိုဆော်(ခ)ဆော်လီဆိုသူနှင့်အဖွဲ့ သည် ယနေ့(အောက်တိုဘာ ၁၄ ရက်)နံနက် ၁၀ နာရီ ၃၈ ခန့်က ရပ်ကွက်တစ်ခုအတွင်း ရဲများလုံခြုံရေးလိုက်ပါ၍ သန်းခေါင်စာရင်းကောက်ယူနေစဥ် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

“ပုဂံမြို့ရဲ့ အကြီးဆုံးနဲ့ သြဇာအညောင်းဆုံး အုပ်ကြီးပါ။ သူပြီးရင် ပုဂံတစ်မြို့လုံး(ဌာနဆိုင်ရာကိစ္စ)အကုန်ပြီးတယ်။ ရဲသုံးကောင် လက်နက်အပြည့်အစုံနဲ့ လိုက်ပါလာပေမယ့် ထွက်ပြေးသွားတယ်”ဟု ပုဂံပြည်ဘီလူးတပ်မှ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုဖြစ်ပွားစဥ် သန်းခေါင်စာရင်းကောက်သူများနှင့်အတူ လုံခြုံရေးလိုက်ပါသည့် ရဲသုံးဦးမှာ လက်နက်အပြည့်အစုံပါသော်လည်း ပစ်ခတ်ခံရစဥ် ခုခံခြင်းမရှိဘဲ ထွက်ပြေးသွားခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် ပစ်ခတ်ခံရ၍ သေဆုံးသွားသည့် စစ်ကောင်စီအုပ်ကြီး ပုဂံကိုဆော်(ခ)ဆော်လီသည် ယခုနောက်ပိုင်းနေအိမ်တွင်မနေဘဲ ရဲစခန်း၌ အနေများပြီး သေနတ်တစ်လက် အမြဲဆောင်ထားသည်ဟု စုံစမ်းသိရသော်လည်း ယခုတိုက်ခိုက်မှုအတွင်း အုပ်ကြီးနှင့်အတူ လက်နက်ပါလာခြင်းရှိ၊ မရှိ စစ်ဆေးချိန်မရခဲ့ကြောင်း ပုဂံပြည်လီလူးတပ်ဖွဲ့က ပြောသည်။

“ကိုးလုံးကပေါ့။ အဲလူက ဒီကာလတော်တော်ချမ်းသာသွားတယ်။ ပုဂံမှာ ဝင်သမျှဧည့်သည် တွေ ဧည့်စာရင်းအရဆိုပြီး တစ်ယောက် ၂၀၀ကောက်တာ။ တော်တော်ချမ်းသာသွားတာ။ ပုဂံကိုဆော်ဆိုပြီး လုပ်နေတဲ့သူ။ အဲလိုလူ နောက်နှစ်ယောက်လောက် ကျန်သေးတယ်”ဟု ပုဂံဒေသခံတစ်ဦးက ပြောသည်။

ညောင်ဦးခရိုင်အတွင်းရှိ စစ်ကောင်စီခန့်အုပ်ကြီးများအနေဖြင့် စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းခြင်းမပြုလုပ်ကြရန် သတိပေးထားသော်လည်း ပုဂံငဆော်(ခ)ဆော်လီသည် စစ်ကောင်စီနှင့်ပူးပေါင်း၍ လူငယ်များအား PDF ၊ PDF ထောက်ပို့ဟု စွပ်စွဲဖမ်းဆီးခြင်း၊ ပြည်သူလူထုအား နည်းမျိုးစုံဖြင့် ဒုက္ခပေးနေခြင်းတို့ကြောင့် ယခုကဲ့သို့ ပစ်ခတ်ရှင်းလင်းခြင်းဖြစ်ကြောင်း ပုဂံပြည်ဘီလူးတပ်က အသိပေးထားသည်။

ယခုသီတင်းကျွတ် ကာလအတွင်း ပုဂံမြို့သို့လာရောက်အပမ်းဖြေရန် အပျော်ခရီးထွက်လာမည့် ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီယာဥ်တန်းများနှင့် အဝေးဆုံးနေပေးကြရန်နှင့် ဒလန်များပိုင်ဆိုင်သော စားသောက်ဆိုင်များ၌ စားသောက်ခြင်းမပြုကြရန် ထပ်မံသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

အတွေးအမြင်

လည်ပင်းမှာ ပန်းကုံးတွေ အများကြီးအစွပ်ခံထားရတဲ့ အမျိုးသားတစ်ယောက်ဟာ မိုက်ကိုကိုင်ရင်းမျက်ရည်တွေဝဲနေခဲ့တယ်။သူ့ရှေ့က လူတွေကိုကြည့်ရင်း သူ့အသံတွေဟာ တုန်ရင်နေခဲ့တယ်။