Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့နယ်ကို စစ်ကောင်စီက ယနေ့ညနေတွင် လေကြောင်းထပ်မံတိုက်ခိုက်၍ ပြည်သူတစ်ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့နယ် မယ် ဟန်ဒေသကို စစ်ကောင်စီက ယနေ့ ညနေပိုင်းတွင် လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်၍ ပြည်သူ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

လားရှိုးမြို့နယ် အီနိုင်းကျေးရွာကို ယမန်နေ့ညက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက်တွေ့ရစဥ်။ ဓာတ်ပုံ - လားရှိုးမြို့ ပြန်လည်ထူထောင်ရေး

ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့နယ် မယ် ဟန်ဒေသကို စစ်ကောင်စီက ယနေ့ ညနေပိုင်းတွင် လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်၍ ပြည်သူ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် ယနေ့ နံနက်အစောတွင် လားရှိုးမြို့နယ် အီနိုင်းကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် ညနေပိုင်းတွင် ထပ်မံ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အီနိုင်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင် ဒေသခံပြည်သူ ၃ဦးသေဆုံးကာ ကလေးငယ်အပါအဝင် ၂ဦး ဒဏ်ရာရခဲ့ပြီး ဘုရားကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့သည်။

စစ်ကောင်စီတပ်သည် ယနေ့ ညနေ ၆နာရီ ၃၅မိနစ် နှင့် ၃၉မိနစ်အကြားတွင် မယ်ဟန်ဒေသကို လေကြောင်းမှ ဗုံးကြဲလာခြင်းဖြစ်သည်ဟုဆိုသည်။

“မယ်ဟန်နား သုံးလုံးကြဲသွားပါတယ်ရှင့်။ တစ်ဦးသေဆုံး တစ်ဦး ဒဏ်ရာရတ်လို့ကနဦးမြေပြင် သတင်းအရ သိပါတယ်။ မယ်ဟန်နားက နားမခေါ် ကားဂိတ်မှာ ကြဲသွားတာပါ။ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတစ်ဦး တိုက်ရိုက်ထိမှန် သေဆုံးခဲ့ပါတယ်”ဟု လားရှိုးဒေသခံ မနော်ဖောက ပြောသည်။

စစ်ကောင်စီ၏ ယခုကဲ့သို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုသည် လူသားချင်းစာနာထောက်ထားသည့်စိတ်လုံး၀မရှိသည့်လုပ်ရပ်ဖြစ်ကြောင်းလည်း မနော်ဖောက ပြောသည်။

စစ်ကောင်စီတပ်သည် လားရှိုးမြို့ကို ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ပြီးနောက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ယနေ့ညပိုင်းအထိ အကြိမ်ပေါင်း ၁၇ကြိမ်ထက်မနည်းရှိခဲ့ပြီး ပြည်သူများစွာသေဆုံးထိခိုက်ကာ နေအိမ် အဆောက်အဦးများစွာ ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

Facebook