Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေးမှာ စေ့စပ်ဆွေးနွေးမှုလမ်းကြောင်းနဲ့ အဖြေရှာနိုင်ရေး မလေးရှား မျှော်လင့်

လာမယ့်နှစ်၊ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးကို မလေးရှားက လက်ခံယူချိန်မှာ မြန်မာ့ ပြည်တွင်းရေး အကျပ်အတည်းကို ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့ အခြေအနေကောင်းတွေ ရောက်ရှိနေမယ်လို့ မျှော်လင့်ကြောင်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက ဒါတုခ်ဆာရီ မိုဟာမက်။ ဓါတ်ပုံ- Reuters

လာမယ့်နှစ်၊ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးကို မလေးရှားက လက်ခံယူချိန်မှာ မြန်မာ့ ပြည်တွင်းရေး အကျပ်အတည်းကို ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့ အခြေအနေကောင်းတွေ ရောက်ရှိနေမယ်လို့ မျှော်လင့်ကြောင်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး ဒါတုခ် ဆာရီ မိုဟာမက်က အာဏာသိမ်း မြန်မာစစ်တပ်ဟာ အခုနှစ် မကုန်ခင်မှာ စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းကို ရွေးချယ်လာဖို့ မျှော်လင့်ထားကြောင်း ဆိုပါတယ်။ မြန်မာ စစ်တပ်ဟာ ပြည်တွင်းရေး အကျပ်အတည်းတွေကို စေ့စပ်ဆွေးနွေးမှု နည်းလမ်းတွေနဲ့ အဖြေရှာလိုတဲ့ အရိပ်အယောင်တွေ ပြသလာနိုင်ပြီး မလေးရှားကလည်း မြန်မာ့ ပြည်တွင်းစစ်မှာ ဆက်နွှယ် ပါဝင်နေတဲ့ အစုအဖွဲ့ အားလုံးကို စုစည်း ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ကြောင်း မိုဟာမက်က ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာ အာဏာသိမ်း မြန်မာစစ်တပ် ကိုယ်စားပြု ထိပ်တန်း အရာရှိ တစ်ဦးကို သုံးနှစ်အတွင်း ပထမဆုံးအကြိမ် အစည်းအဝေး ပြန်တက်ခွင့် ပေးခဲ့ခြင်းက အခြေအနေတွေ တိုးတက် ပြောင်းလဲလာနေတဲ့ အဓိပ္ပါယ်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။ အရှေ့တောင်အာရှ သံတမန် အသိုက်အဝန်းက အာဆီယံဟာ စစ်တပ်ရဲ့ ကိုယ်စားလှယ်ကို ပြန်လက်ခံတယ် ဆိုတာဟာ အာဏာသိမ်း စစ်တပ်ဖက်က အာဆီယံ အဆိုပြုတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်လျောမယ့် အရိပ်လက္ခဏာမျိုး ဖြစ်နိုင်တယ်လို့ မှတ်ချက် ပေးထားပါတယ်။

မိုဟာမက်က မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီး အစောပိုင်း နှစ်တွေတုန်းက ထိတွေ့ဆက်ဆံမှုတွေ၊ စေ့စပ်ညှိနှိုင်းမှုတွေကို လိုလားဟန် မပြခဲ့ဘူးလို့ ပြီးခဲ့တဲ့ သီတင်းပတ်က လာအိုနိုင်ငံ၊ ဗီယန်ကျန်းမြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ မှတ်ချက် ပေးသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အရေးကြီးတဲ့ အချက်တစ်ခုက တကယ်တမ်း ထိရောက်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အကောင်အထည် ဖော်ဖို့ဆိုရင် အာဏာသိမ်း စစ်တပ် တစ်ခုတည်းတင် မကဘဲ သက်ဆိုင်ရာ အစုအဖွဲ့ပေါင်းစုံ ပါဝင်ဖို့ လိုအပ်တယ်ဆိုတာ ဖြစ်တယ်လို့လည်း မိုဟာမက်က ဆိုပါတယ်။

တစ်ဖက်တည်းကို ချဉ်းကပ် စကားပြောရုံနဲ့တော့ မြန်မာ့အရေးကို ပြေလည်အောင် အဖြေရှာနိုင်မှာ မဟုတ်ကြောင်း၊ မြန်မာနိုင်ငံမှာ ကွဲပြားတဲ့ အစုအဖွဲ့တွေ တော်တော်များများ ရှိနေပြီး လက်ရှိ အခြေအနေ အရတော့ မြန်မာ့ ပြည်တွင်းရေး ပြဿနာဟာ စေ့စပ်ဆွေးနွေးမှု လမ်းကြောင်းဆီ ချဉ်းကပ်ဖို့ သင့်တော်လာပြီလို့ ယုံကြည်ရကြောင်းလည်း မိုဟာမက်က ပြောကြားသွားပါတယ်။

မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက ပြည်တွင်းမှာတော့ မြန်မာစစ်တပ် တစ်ခုတည်းသာ မကဘဲ တချို့သော တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေကပါ ပြည်သူလူထုအပေါ် အကြမ်းဖက် ရန်လိုမှုတွေ ကျူးလွန်နေပြီး အဲဒီ အခြေအနေတွေကိုလည်း ရပ်တန်းက ရပ်ဖို့ လိုတယ်လို့ သတိပေးခဲ့ပါတယ်။

နောက်ပြီး မြန်မာ့အရေး ကူညီဖြေရှင်းဖို့ အာဆီယံက ချမှတ်ပေးထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဟာ တိုးတက်မှု နှေးကွေးနေတဲ့တိုင် အသင့်တော်ဆုံး၊ အကောင်းဆုံး မူဘောင်တွေ ဖြစ်တယ်လို့လည်း မိုဟာမက်က ထောက်ခံသွားပါတယ်။ သူက မြန်မာ့အရေးမှာ အာဆီယံရဲ့ အားထုတ် ဖြေရှင်းမှုဟာ အထူးအရေးပါတယ် ဆိုတာကို ထပ်လောင်း ပြောကြားခဲ့ပြီး မလေးရှားဟာ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာမယ့် အချိန်ကျရင် မြန်မာနိုင်ငံ အရေးကို အစွမ်းရှိသမျှ အာရုံစိုက် ချဉ်းကပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် နောက်လကျရင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပဖို့ လျာထားတဲ့ မြန်မာ့အရေးဆိုင်ရာ အာဆီယံ အစည်းအဝေးအတွက်လည်း မလေးရှားက လာအို၊ အင်ဒိုနီးရှားတို့နဲ့ အလွတ်သဘော ဆွေးနွေး ညှိနှိုင်းမှုတွေ ရှိခဲ့ကြောင်း မိုဟာမက်က အတည်ပြုပါတယ်။ ဒါဟာ အာဆီယံ ဥက္ကဋ္ဌဟောင်း၊ လက်ရှိ ဥက္ကဋ္ဌနဲ့ ဥက္ကဋ္ဌနေရာ ဆက်ခံမယ့် နိုင်ငံတို့ သုံးပွင့်ဆိုင် ပူးပေါင်းပြီး မြန်မာ့ အကျပ်

အတည်းကို ညှိနှိုင်းအဖြေရှာဖို့ ကြိုးစားမှု အစိတ်အပိုင်း တစ်ခုလို့လည်း သတ်မှတ်နိုင်ပါတယ်။

ကိုးကား: Asia News Network

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျောင်းထဲမှာ မိန်းကလေး တစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးဟာ စိတ်ကျန်းမာရေး မကောင်းတဲ့အချိန် ပြစ်မှုကျူးလွန်ခဲ့တာလို့ ဆုံးဖြတ်ပြီး မလေးရှား တရားရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

နိုင်ငံတကာ

မလေးရှား နိုင်ငံမှာ လူနာတင် ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့တာကြောင့် လူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်ဆိုတဲ့ မလေးရှား အစိုးရရဲ့ အစီအစဉ်နဲ့ ပတ်သက်ဆက်စပ်မှု လုံးဝမရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ထုတ်ပြန်ခဲ့ပါတယ်။

Facebook