Connect with us

Hi, what are you looking for?

သတင်း

ပန်ဝါမြို့ရှိ BGF(၁၀၀၂) ဌာနချုပ်ကို KIA သိမ်းပိုက်

သုံ့ပန်းနှင့် လက်နက်ခဲယမ်းများရဟုဆို

ဟန်နွေ၊လူအေး/People’s Spring

တရုတ်နိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် ပန်ဝါမြို့မှ စစ်ကောင်စီလက်အောက်ခံအမှတ်( ၁၀၀၂) နယ်ခြားစောင့်တပ်ဌာနချုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ အောက်တိုဘာ ၁၄ရက်တွင် အပြီးသတ်သိမ်းနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ် အချို့က ပြောသည်။

ပန်ဝါမြို့နှင့် ငါးမိုင်ခန့်အကွာအမှတ်(၁၀၀၂) နယ်ခြားစောင့်တပ်ဌာနချုပ်(လုတ်ပြေ)အား ယနေ့ နံနက် ၁၀နာရီမှစတင်၍ ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်ခဲ့ရာ ညနေ ၆နာရီခွဲတွင် သိမ်းပိုက်နိုင်ခဲ့ပြီး သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

“ နခတ-၁၀၀၂ ရတာ အတည်ပြုပါတယ်” ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပန်ဝါ၌ စစ်ကောင်စီ​၏ ဗျူဟာ၊ရှေ့တန်းခလရ(၂၉)တပ်၊ နယ်ခြားစောင့်တပ် (၁၀၀၁) နှင့် (၁၀၀၃)၊ ပြည်သူ့စစ်အင်အားများ ကျန်ရှိနေသည်ဟု သတင်းရင်းမြစ်က ပြောသည်။

” အထူး(၁) ဒေသတစ်ခုလုံးမှာပေါ့” ဟု စစ်ရေးသတင်းရင်းမြစ်က စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း၏ ကချင်အထူးဒေသ(၁) နယ်မြေအတွင်း ကျန်နေသည့် စစ်ကောင်စီတပ် အခြေအနေကို ပြောသည်။

အခြားသတင်းရင်းမြစ်တစ်ဦးကလည်း “ သူတို့ လုပီနားက ၁၀၀၂ တပ်ရင်းကုန်း။ အဲဒါတော့ ဒီနေ့သိမ်းလိုက်တယ်။BGF တွေရော သူတို့ပေါင်းစုံရှိတဲ့နေရာဖြစ်တယ်။ အဲဒီဘေးနား ကျန်သေးတာတော့ ၁၀၀၁နဲ့ ၁၀၀၃ ရှိသေးတယ်။ ပန်ဝါမှာ ဝင်ဖို့ အဲဒီနှစ်ခုရှိသေးတယ်” ဟု ပြောသည်။

” BGFက တိုက်ရမခက်ဘူး။ ပြဿနာက BGFက တွေ့သမျှလူ ပေါ်တာစွဲနေတာ။ ကားသမားတွေအများကြီးပါသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပန်ဝါတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းမှပစ်ခတ်ခဲ့ပြီး မြို့ခံများမှာ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံနေကြရကြောင်း သတင်းရရှိသည်။

KIA နှင့် ပူးပေါင်းတပ်များသည် စက်တင်ဘာလကုန်ပိုင်းတွင် ချီဖွေနှင့်ဆော့လော်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ပန်ဝါမြို့ကို ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ပန်ဝါမြို့သည် ချီဖွေမြို့နယ်တွင် ပါဝင်ပြီး တရုတ်မြန်မာနယ်စပ်မြို့ ဖြစ်သည်။ စစ်ကောင်စီ၏အကြီးစားထောက်တိုင်ဖြစ်သည် ဦးစခုတ်တိန့်ယိန်း ခေါင်းဆောင်သော နယ်ခြားစောင့်တပ်သည် ပန်ဝါမြို့တွင် အခြေစိုက်ထားပြီး မြေရှားသတ္တုထုတ်လုပ်မှုများ အကြီးအကျယ် ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ပန်ဝါဒေသ စစ်ရေးအခြေအနေနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

KIAသည် ကချင်အထူးဒေသ(၁)နယ်မြေရှိ ဆဒုံးဒေသကို ဇွန်လအတွင်းကလည်းကောင်း၊ချီဖွေမြို့ကို စက်တင်ဘာ လကုန်ပိုင်းကလည်းကောင်း၊ ဆော့လော်မြို့ကို အောက်တိုဘာလဆန်းကလည်းကောင်း အပြီးသတ် သိမ်းပိုက်ထားပြီးဖြစ်သည်။

ထို့နောက် ချီဖွေ-ပန်ဝါကြားရှိ စစ်ကောင်စီ တပ်စခန်း၊ ပြည်သူ့စစ်စခန်းနှင့် BGF တပ်စခန်းများကို ဆက်လက်တိုက်ခိုက်လျက်ရှိရာ BGF ၁၀၀၂ တပ်ဌာနချုပ်ကိုယနေ့ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ် ထားတဲ့ အင်ဂျန်းယန်မြို့နယ်ကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်းဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့က စတင်ပြီးတန်ပြန်ထိုးစစ်ဆင်ခဲ့ရာ ဒီကနေ့ ဒီဇင်ဘာ ၂၇ရက် မနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး​နော်ဘူ နဲ့ ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်က သစ်ဖုလတောင်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြားက အရေးပါတဲ့ တပ်စခန်းကို သိမ်းနိုင်ခဲ့တာလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဒီကနေ့ ဒီဇင်ဘာ ၂၅ရက်မှာ သတင်းဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အကြား လတ်တလော စစ်ရေးတင်းမာနေပြီး ဗန်းမော်၊ တနိုင်း၊ ဝိုင်းမော်နဲ့ ပူတာအို - ခေါင်လန်ဖူးဒေသ စစ်ရေး အခြေအနေတွေကို KIAသတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။