Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့တွင် တစ်ရက်တည်း ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်

စစ်တပ်ဆီသယ်ယာဥ် မီးလောင်ပေါက်ကွဲပြီး ထိခိုက်သေဆုံးမှုရှိ

စစ်ကောင်စီအကောက်ခွန်ဆိပ်ကမ်း၌ ဆီသယ်ယာဥ်မီးလောင်ပေါက်ကွဲမှုဖြစ်ပွားနေစဥ်။ဓာပုံ - ပေးပို့

ကျော်ဇော/People’s Spring

ထားဝယ်မြို့တွင် ယနေ့(အောက်တိုဘာ ၁၄ရက်) တစ်ရက်တည်း ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ၏ ဆီသယ်ယာဥ်တစ်စီးမီးလောင်ပေါက်ကွဲခဲ့ကြောင်း ဒေသခံပြည်သူများက People’s Spring သို့ ပြောသည်။

ယနေ့နံနက် ၁၁ နာရီ ၁၅မိနစ်ခန့်က ထားဝယ်မြို့သပိတ်မျှောပွဲပြုလုပ်မည့်နေရာအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ စစ်ကောက်စီပြုလုပ်မည့် မီးမျှော်သပိတ်နှင့် ပျော်ပွဲရွှင်ပွဲအား သတိပေးတိုက်ခိုက် ခြင်းဖြစ်နိုင်ကြောင်း ဒေသခံပြည်သူများက ပြောသည်။

“သီတင်းကျွတ်သပိတ်မျှောပွဲက ခုဆို ၃နှစ်ဆက်တိုက် ပေါက်ကွဲမှုဖြစ်တာပေါ့။ စစ်ကောင်စီက အကောင်ကြီးတွေလာပြီး ဖွင့်ပွဲလုပ်လေ့ရှိတယ်။ ပထမနှစ်မှာဆိုရင် ပွဲမစခင်တစ်ရက်မှာ မဏ္ဍပ်အောက်ကနေ ပေါက်ကွဲတာဖြစ်ခဲ့ဖူးတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း အဲဒီကွင်းမှာပဲ ပေါက်ကွဲမှုဖြစ်တာပေါ့။ ဒီနှစ်လည်း ဒီကွင်းနားမှာပဲ ပေါက်ကွဲမှုဖြစ်တာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါ သပိတ်မျှောပွဲပြုလုပ်မည့်နေရာအနီး ပေါက်ကွဲမှုတွင် ထိခိုက်ပျက်စီးမှုရှိ၊မရှိ အတိအကျ မသိရသေးပေ။

အလားတူ ယနေ့ညနေပိုင်းတွင် ထားဝယ်မြို့၊ စစ်ကောင်စီ၏ အကောက်ခွန်ဆိပ်ကမ်းရှိ စစ်ကောင်စီဆီသယ်ယာဥ်နှင့် သမ္ဗာန်အချို့ မီး လောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရသွားကြောင်း ဒေသခံများက ပြော သည်။

“ကာစတန်မှာတော့ ဆီဘောက်စာတစ်စီးမီးလောင်ပေါက်ကွဲသွားတယ်။ ဘာကြောင့်လဲ မသိရသေးဘူး။ စလတွေရော၊ အလုပ်သမားတွေရော ထိခိုက်သေဆုံးရှိတယ်ကြားတယ်ဗျ”ဟု ထားဝယ်မြို့ဒေသခံတစ်ဦးက ပြောသည်။

မီးလောင်ပေါက်ကွဲမှုဖြစ်ပွားသည့် အကောက် ခွန်ဆိပ်ကမ်းသည် စစ်ကောင်စီတပ်မှ လက် နက်ကြီးအထိုင်ချထားသည့်နေရာဖြစ်ပြီး ယင်းနေရာမှနေ၍ တိုက်ပွဲဖြစ်ပွားရာ လောင်းလုံးမြို့နယ်ဘက်သို့ လက်နက်ကြီးပစ်ကူပေးလေ့ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ ဆီသယ်ယာဥ်မီးလောင်ပေါက်ကွဲမှုမှာ စစ်ကောင်စီတပ်ပစ်ခတ်သည့်လက်နက်ကြီးကျည် ဆီသယ်ယာဥ်ပေါ်ပြန်ကျ၍ ပေါက်ကွဲခြင်းဟု ခန့်မှန်းပြောဆိုမှုများရှိသော်လည်း People’s Spring မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

Facebook