Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက ဂန့်ဂေါမြို့နယ်တွင်ဗုံးကြဲပြည်သူ ၂ဦး​သေ ၊ ၂ ဦးဒဏ်ရာရ

စစ်​ကောင်စီက မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်တွင်းတစ်​နေရာကို ယနေ့(အောက်တိုဘာလ ၁၄ရက်)ညနေပိုင်းက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ ဒေသခံနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

ဗုံးကြဲခံရ၍ ​နေအိမ်တစ်လုံးအပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

လူအေး/People’s Spring

စစ်​ကောင်စီက မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်တွင်းတစ်​နေရာကို ယနေ့(အောက်တိုဘာလ ၁၄ရက်)ညနေပိုင်းက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ ဒေသခံနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

ညနေ ၃နာရီခွဲခန့်တွင် ဂန့်ဂေါမြို့နယ် လာပို့ရွာနှင့် ဘောပြင်းရွာကို ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ဗုံး ကျဲချတိုက်ခိုက်ခြင်းဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

ဘောပြင်းရွာမှ ​ဒေသခံပြည်သူနှစ်ဦးသေဆုံးပြီးလာပို့ရွာမှ​ဒေသခံ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ သေဆုံးဒဏ်ရာရသူများနှင့်ပတ်သက်၍ အသေးစိတ်မသိရှိရသေးပေ။

စစ်ကောင်စီက လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်မည် စိုး​သေ​ကြောင့် ဒေသခံပြည်သူများမှာဘေးလိုမည်ထင်သည့်နေရာသို့ ညတွင်းချင်းတိမ်းရှောင်မှုများရှိနေသည်။

အောက်တိုလာလ ၅ ရက်ကလည်း ဂန့်ဂေါမြို့နယ်၊ ဆင်မရွာကို စစ်‌ကောင်စီက လေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲခဲ့ရာ အရပ်သားတစ်ဦး သေဆုံးခဲ့သည်။

စစ်ကောင်စီသည် အောင်တိုဘာလဆန်းတွင် နိုင်ငံတဝန်းလေကြောင်းမှ နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေသည်။

​အောက်တိုဘာ ၁၄ ရက်ညနေ ၅နာရီခွဲခန့်တွင်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းလားရှိုးမြို့ကို လေကြောင်းမှဖပ်မံဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၁ဦး​သေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နဲ့ ရှမ်းပြည်နယ် မဘိမ်းမြို့တို့ကို ဒီနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး နောက်ထပ်လေယာဉ်ပျံသန်းမှုတွေရှိနေတာကြောင့် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးရဲဘော်တွေက သတိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook