ဇူလိုင်-၁၅၊၂၀၂၆။ဇော်ရမ်း/People’s Spring
ချင်းပြည်နယ်၊မင်းတပ်မြို့အနီးမှာမြေအနက် ၁၀ ကီလိုမီတာ(၆မိုင်ခန့်)ကို ဗဟိုပြုပြီး ရစ်ခ်တာစကေး၄ ဒဿမ၂ အဆင့်ငလျင်လှုပ်သွားပါတယ်။
ဇူလိုင်လ ၁၅ ရက်၊မနက် ၄နာရီ ၁၂မိနစ်ခန့်မှာ လှုပ်သွားတာပါ။လှုပ်ရှားမှုသိသာတယ်လို့ ဒေသခံတဦးကပြောပါတယ်။အဆိုပါ ငလျင်သတင်းကို ထိုင်းမိုးဇလဌာန(TMD)၊ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)တို့ကသတင်းထုတ်ပြန်ထားပါတယ်။
မင်းတပ်မြို့ဟာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်း မကြာခဏဗုံးကြဲခံနေရတဲ့မြို့ဖြစ်ပြီး ယမန်နေ့ကလည်း ဗုံးကြဲလို့ ထိခိုက်ပျက်စီးမှုတွေ ရှိနေပါတယ်။

Public Service Announcement
ဇူလိုင်လထဲမှာစစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ရန်ကုန်တိုင်းက မြို့နယ်အချို့မှာ ငလျင်မကြာခဏလှုပ်နေပြီး ချင်းပြည်နယ်မှာကပထမဆုံးလှုပ်ရှားတာဖြစ်ပါတယ်။
ဇူလိုင်လ၁၂ရက်မနက်ပိုင်းမှာစဉ့်ကူးမြို့အနီး ရစ်ခ်တာစကေး ၄ဒဿမ၄ အဆင့်ငလျင်၊ဇူလိုင်လ၁၁ရက်နေ့က စစ်ကိုင်းတိုင်းပုလဲမြို့အနီးမှာ ရစ်ခ်စကေး ၃ဒဿမ၆ အဆင့်နဲ့ ဇူလိုင်လ ၁၀ရက်နေ့မှာတော့ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့အနီးမှာရစ်ခ်တာစကေး ၄ဒဿမ၃အဆင့်ငလျင်လှုပ်ရှားခဲ့ပါတယ်။
ဧရာဝတီတိုင်း၊ကျိုက်ပိမြို့အနီးမှာဇူလိုင်လ ၅ရက်နေ့က ရစ်ခ်တာစကေး ၃ ဒဿမ ၆အဆင့်ငလျင်လှုပ်ခဲ့ပြီး ဇူလိုင်လ ၄ ရက် မနက်ကတော့ ရန်ကုန်မြစ်ဝအနီးမှာ ရစ်ခ်တာစကေး ၃ဒဿမ၅အဆင့်ရှိတဲ့ငလျင်ငယ် လှုပ်ခဲ့ပါတယ်။


















































