Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်သားများလစာငွေစက္ကူမိတ္တူဖြင့် ပေးနေ၊ မကျေနပ်သည့် စစ်သားတစ်ဦးက အရာရှိလက်နက်ယူလာပြီး PDFထံ အလင်းဝင်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာတွင် စစ်ကောင်စီတပ်သားများ​၏ လစာအား ငွေစက္ကူမိတ္တူဖြင့် ပေးသည်ကို မကျေနပ် သည့် စစ်သားတစ်ဦးက အရာရှိ လက်နက်ယူလာပြီး PDFတပ်ဖွဲ့ထံ အလင်းဝင်လာကြောင်း သတင်းရရှိသည်။

အလင်းဝင်စစ်သားက လက်နက်အပ်နေစဥ်။ ဓာတ်ပုံ - MPL

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာတွင် စစ်ကောင်စီတပ်သားများ​၏ လစာအား ငွေစက္ကူမိတ္တူဖြင့် ပေးသည်ကို မကျေနပ် သည့် စစ်သားတစ်ဦးက အရာရှိ လက်နက်ယူလာပြီး PDFတပ်ဖွဲ့ထံ အလင်းဝင်လာကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၂ရက် နေ့လယ် ၁ နာရီခန့်က ကန်နီပျူစောထီးရွာတွင် တပ်စွဲထားသော အမှတ်(၂၅၂) ​ခြေမြန်တပ်ရင်းမှစစ်သား ဝေဖြိုးအောင်သည် ၎င်း၏အထက်အရာရှိကိုင် ဆောင် သည့် MA-3 သေနတ် တစ်လက်နှင့် ကျည်များယူလာပြီး အလင်းဝင်ရောက်လာကြောင်း M.P.L People’s Defense Force တပ်ဖွဲ့မြောက်ပိုင်းဇုန်(မြိုင်ပကဖ)မှ တာဝန်ခံ ကိုအဂ္ဂက ပြောသည်။

Public Service Announcement

Public Service Announcement

ကန်နီပျူစောထီးကျေးရွာရှိ ပျူခေါင်းဆောင် ကျော်ဆန်းဝင်းက ပြီးခဲ့သည့် သြဂုတ် ၅ ရက်ကစ၍ ကျပ် တစ်ထောင်တန်၊ ငါးထောင်တန်၊ တစ်သောင်းတန်များအား မိတ္တူဆွဲပြီး ၎င်းလက်မှတ်ထိုး၍ ကျေးရွာအတွင်း၌ အရောင်းအဝယ်ပြုလုပ်ရာ လည်းကောင်း၊ စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများအား လစာပေးရာလည်းကောင်း ငွေစက္ကူအား မိတ္တူကူးပြီး အသုံးပြုနေခြင်းဖြစ်ကြောင်း မြိုင်မြို့နယ် အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူများက ပြောသည်။

” လစာကိုလည်း အကုန်လုံးကို မိတ္တူဆွဲပေးတာ။ စျေးကိုလည်း ရွာထဲပဲ ဝယ်ရတာ။ ကျွန်တော်တို့က စျေးပို့တဲ့သူတွေကိုစုံစမ်းပြီး ရိက္ခာဖြတ် တောက်နေကြတာ။ စခတွေပါ မိတ္တူပေးတာ။ ကျွန်တော်ထင်တာကတော့ အဲမှာကျနေတဲ့ ဗိုလ်ကြီးလိုကောင် ဒါမှမဟုတ် ကပ္ပတိန်လိုကောင် မေဂျာလိုကောင်က နည်းနည်းတော့ထက်ပုံရတယ်။ သူတို့ မိတ္တူသုံးရမယ်ဆိုပြီး အကုန်လုံး အဲလိုလုပ်ထားတာ။”ဟု မြိုင် ပကဖခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

ကန်နီပျူရွာတွင်သုံးစွဲနေသော တစ်ထောင် ငွေစက္ကူမိတ္တူတစ်ရွက်အားတွေ့ရစဥ်။ ဓာတ်ပုံ – MPL

ထို့အပြင် ရိက္ခာအဖြစ် စစ်ကောင်စီတပ်သားနှင့်ပျူစောထီးများအား တစ်လလျှင် ဆန် ၂ပြည် သာပေး၍ ဆန်ပြုတ် ပြုတ်သောက်နေရကြောင်း၊ ခေါင်းဆောင်များက လက်အောက်ငယ်သားများနှင့် ရွာသူရွာသားများကိုလည်း အနိုင်ကျင့်နှိပ်စက်နေကြောင်း အလင်းဝင်လာသော စစ်သားက ထွက်ဆိုထားသည်ဟု ကိုအဂ္ဂက ပြောသည်။

ထိုကဲ့သို့ ပြုလုပ်နေသည်ကို မကျေနပ်သည့်စစ်သား ဝေဖြိုးအောင်က PDFထံ အလင်းဝင်လာခြင်း ဖြစ်သည်။

“အဓိက ကတော့ သူ့ခေါင်းဆောင်အရာရှိနဲ့ ပျူခေါင်းဆောင်ကျော်ဆန်းဝင်းမိသားစုကို မကျေနပ်တာ ပြောတယ်။ သူ့ကို ၉ လပိုင်းလစာလည်းမပေးသေးဘူး ပြောတယ်။ သူ့လစာ ၄၇၀,၀၀၀ ရတယ် ပြောတယ်။ အရင်လတွေပေးတော့လည်း လစာကို မိတ္ထူဆွဲထားတဲ့ငွေအတုတွေပဲပေးတယ်တဲ့။”ဟု ကိုအဂ္ဂက ပြောသည်။

ကန်နီပျူစောထီးရွာတွင် အောက်ခြေတပ်သားများ၊ ရွာသူရွာသားများ၏ ဖုန်းများအား ခေါင်းဆောင်များက သိမ်းဆည်းထားပြီး လေယာဥ်နှင့် ရိက္ခာချပေးလျှင်လည်းခေါင်းဆောင် များကသာ သိမ်းယူခဲ့ကြောင်း၊ ထို့အပြင် ကျေးရွာအတွင်းခြူးနဂါးဆေးလိပ်တစ်လိပ် ကျပ်တစ်သောင်း၊ ဆေးလိပ်အဖြူ သုံးလိပ် ကျပ်တစ်သောင်း၊ ဆီတစ်ပိဿာ ကျပ်ခြောက်သောင်းပေးဝယ်နေရကြောင်း သတင်းရရှိသည်။

ကန်နီပျူစောထီးကျေးရွာတွင် လူဦးရေ ၂,၀၀၀ခန့်ရှိရာ ၁,၂၀၀ ခန့်မှာ ထွက်ပြေးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ခိုလှုံနေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်တပ်က ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ပခုက္ကူခရိုင် အမှတ်(၆) တပ်ရင်း - Myaing Villages Revolution Frontက ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။