Connect with us

Hi, what are you looking for?

သတင်း

မလှိုင်မြို့တွင် လက်ဖက်ရည်ဆိုင်မ​ပိတ်၍ဆိုကာ စစ်တပ်က ဆိုင်အတွင်း ဝင်ရောက်ရိုက်နှက်ပြီး ဆိုင်ကယ်များ သိမ်းယူသွား

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့ပေါ်တွင် လက်ဖက်ရည်ဆိုင်မပိတ်သေး၍ဟုဆိုကာ စစ်ကောင်စီတပ်သားများက ဆိုင်ထိုင်နေသူများအား ဝင်ရောက်ရိုက်နှက်ပြီး ၎င်းတို့​၏ ဆိုင်ကယ် ၁၅စီးခန့်အား သိမ်းယူသွားကြောင်း မြို့ခံများက ပြောသည်။

အာဏာသိမ်းကာလ အစောပိုင်းက မြိတ်မြို့တွင် စစ်ကောင်စီတပ်သားများက ပြည်သူများ၏ ဆိုင်ကယ်များအား အဓမ္မသိမ်းယူနေစဥ်။ ဓာတ်ပုံ - CJ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့ပေါ်တွင် လက်ဖက်ရည်ဆိုင်မပိတ်သေး၍ဟုဆိုကာ စစ်ကောင်စီတပ်သားများက ဆိုင်ထိုင်နေသူများအား ဝင်ရောက်ရိုက်နှက်ပြီး ၎င်းတို့​၏ ဆိုင်ကယ် ၁၅စီးခန့်အား သိမ်းယူသွားကြောင်း မြို့ခံများက ပြောသည်။

အောက်တိုဘာ ၁၂ ရက် ည ၇နာရီခန့်က မလှိုင်မြို့လယ် မီးပွိုင့်အနီးရှိ လက်ဖက်ရည် ဆိုင်အား စစ်ကောင်စီတပ်က ဝင်ရောက်ပြီး ထိုင်နေသော ပြည်သူများအား ဝမ်းလျားမှောက် ကာ ရိုက်နှက်ခဲ့ကြောင်း၊ ထို့နောက် ပြည်သူများ ၏ ဆိုင်ကယ် ၁၅ စီးခန့်အား အဓမ္မသိမ်းယူသွားကြောင်း မလှိုင်မြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ည ၇နာရီရှိသေးတယ်။ လက်ဖက်ရည်ဆိုင်မပိတ်လို့ဆိုပြီး ထိုင်နေတဲ့သူတွေကို အပြစ်ရှာ ဝမ်းလျားမှောက်ခိုင်းအထိလုပ်တာလို့ သိရပါတယ်။ သေနတ်တွေ ပစ်ဖောက်ပြီးကို ဝင်ရမ်းတာပါ။”ဟု လူထုသတင်းကွန်ယက်-မလှိုင်မြို့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် မလှိုင်မြို့ပေါ်၌ စစ်ကောင်စီတပ်က ​ဆိုင်ကယ်များအား နေ့စဥ်စစ်ဆေးတင်းကြပ်နေပြီး လိုင်စင်အပြည့်အစုံပါသော်လည်း ငွေညှစ်နေကြောင်း ဒေသခံများက ပြောသည်။

မလှိုင်မြို့နယ်နှင့် နယ်မြေချင်း ထိဆက်နေသည့် တောင်သာနှင့် နွားထိုးကြီးမြို့နယ်များတွင် သြဂုတ် ၁၀ရက်ကစတင်ခဲ့သည့် မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် တိုက်ပွဲများဖြစ်ပွားနေသည်။

ထို့အပြင် စစ်ကောင်စီတပ်ကလည်း လေကြောင်းတိုက်ခိုက်နေ၍ ပြည်သူများ ထိခိုက်သေဆုံးမှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

Facebook