သတင်း မိတ္ထီလာမြို့ရှောင်လမ်းမှာ ညဘက်ဖြတ်သွားတဲ့ယာဥ်တွေ အနုကြမ်းစီးခံရ မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှောင်လမ်းမှာ ညဘက်ဖြတ်သန်းသွားတဲ့ ယာဥ်တွေ အနုကြမ်းစီးခံနေရကြောင်း ဒေသခံတွေက ပြောပါတယ်။ LuduNwayOoဧပြီ 26, 2026
သတင်း ဖားကန့်ရောက် စစ်တပ်က ဓားမြတိုက်လုယက်နေဟု ဒေသခံတွေပြော ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်စွဲထားတဲ့ လုံးခင်းကျေးရွာက နေအိမ်တစ်အိမ် ဓားပြတိုက်ခံလိုက်ရပြီး စစ်တပ်က အရပ်သားဟန်ဆောင်ပြီး ဓားပြတိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။။ LuduNwayOoဧပြီ 26, 2026
သတင်း စစ်တွေမြို့ပေါ်က စစ်ရှောင်စခန်းတွေဆီပို့မယ့် မူးယစ်ဆေးဝါးတွေသယ်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁ဦးကို AAဖမ်းဆီး စစ်ကောင်စီထိန်းချုပ်ထားတဲ့ စစ်တွေမြို့ပေါ်ကို ပို့ဆောင်မယ့် မူးယစ်ဆေးဝါးတွေတင်ဆောင်လာတဲ့စက်လှေနှစ်စီးနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁ဦးကို အာရက္ခတပ်တော် (AA)က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ LuduNwayOoဧပြီ 26, 2026
သတင်း မြိုင်မြို့နယ်က ရွာတွေမှာ ရေရှားနေ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ သောက်သုံးရေရှားပါးနေကြောင်း ဒေသခံတွေက ပြောပါတယ်။ LuduNwayOoဧပြီ 26, 2026
သတင်း နတ်မောက်အရှေ့ခြမ်းမှာ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က ကျေးရွာတွေမီးရှို့နေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်အရှေ့ခြမ်းမှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က ကျေးရွာတွေ မီးရှို့နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ LuduNwayOoဧပြီ 26, 2026
သတင်း မိုးသက်လေပြင်းကြောင့် ဒေသအများစုမှာ ထိခိုက်ပျက်စီးမှုရှိ ကချင်နဲ့ ရှမ်းပြည်နယ်က မြို့နယ်အများစုမှာ ယမန်နေ့ ဧပြီ ၂၅ရက်က မိုးကြီးပြီး လေပြင်းတိုက်ခတ်လို့ နေအိမ်အဆောက်အအုံတွေ ပျက်စီးမှုရှိခဲ့ပါတယ်။ LuduNwayOoဧပြီ 26, 2026
သတင်း ဓနုဖြူမြို့မဈေး မီးလောင် ဧရာဝတီတိုင်း၊ ဓနုဖြူမြို့မဈေးမှာ မီးလောင်မှုဖြစ်ပြီး ဈေးရုံကြီးတွေ အပါအဝင် ဈေးဆိုင်တော်တော်များများ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ LuduNwayOoဧပြီ 26, 2026
သတင်း ပြည်ပသွင်းကုန်တွေအပေါ် အခွန်တိုးကောက်မယ်လို့ စစ်ကောင်စီကြေညာ ပြည်ပသွင်းကုန်တွေအပေါ် အကောက်ခွန်တိုးကောက်မယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌာနက ကြေညာပါတယ်။ LuduNwayOoဧပြီ 26, 2026
သတင်း မန္တလေးမှာ ဆိုင်ကယ်စီးဦးထုပ်မဆောင်းသူတွေနဲ့ ယာဥ်စုတ်နေရင် ဆီရောင်းမပေးဖို့ စစ်ကောင်စီ ကန့်သတ် မန္တလေးမြို့မှာ ဆိုင်ကယ်စီးဦးထုပ်မဆောင်းသူတွေနဲ့ ကိုယ်ထည်မကောင်းတဲ့ ယာဥ်တွေကို ဆီရောင်းမပေးဖို့ ဆီဆိုင်တွေကို စစ်ကောင်စီရဲ့ လက်ဝေခံ တိုင်းအုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားလိုက်ပါတယ်။ LuduNwayOoဧပြီ 26, 2026
သတင်း ဖလမ်းမြို့ပြန်ထိန်းချုပ်နိုင်တဲ့ စစ်တပ်က အိန္ဒိယနယ်စပ် ရိဒ်ခေါ်ဒါမြို့ဆက်ဦးတည်နိုင် ချင်းပြည်နယ် ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ် နိုင်တဲ့ စစ်တပ်ဟာ မြန်မာ-အိန္ဒိယ နယ်စပ်မြို့ ဖြစ်တဲ့ နယ်စပ်ကုန်သွယ်ရေး အတွက် အရေးပါတဲ့ ရိဒ်ခေါ်ဒါကို ဆက်လက် ထိုးစစ်ဆင်နိုင်ဖွယ်ရှိကြောင်း ချင်းတော်လှန်ရေးတပ်တွေနဲ့ နီးစပ်တဲ့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။ LuduNwayOoဧပြီ 26, 2026