Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်က ရွာတွေမှာ ရေရှားနေ

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ သောက်သုံးရေရှားပါးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

(ရေရှားနေသည့် ကျေးရွာတွေကို အညာမြေတပ်ပေါင်းစုက လိုက်လံဝေငှပေးနေစဥ်။ ဓာတ်ပုံ-Bo Bo Thant Zin)

ဧပြီ-၂၆၊ ၂၀၂၆။ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ သောက်သုံးရေရှားပါးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ယခုနှစ် နွေကာလမှာ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာတွေက ရေတွင်းရေကန်တွေဟာ ခမ်းခြောက်လာပြီး ယခင်နှစ်တွေကထက် သောက်သုံးရေ ရှားပါးမှုဒဏ်ကို ရင်ဆိုင်နေရကြောင်း အညာမြေတပ်ပေါင်းစုရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်စင်က ပြောပါတယ်။

“အရင်နှစ်တွေက ရေကအဲလောက်မခက်ခဲဘူးရယ်။ မနှစ်က မိုးခေါင်သွားတာ အချက်တစ်ခု။ ပြီးတော့ ငလျင်တွေ အကြီးအကျယ်လှုပ်သွားတဲ့အခါမှာ ရေတွင်းရေကန်တွေကလေ အပေါ်ရေလို့ခေါ်မလားမသိဘူး။ အဲဒါတွေက အရမ်းခမ်းသွားတာ။ အဲဒါတွေကြောင့် ဒီနှစ်မှာ သက်ရောက်မှုက ဒီမှာလာပြီး ရိုက်ခတ်သွားတာ”လို့ ကိုဘိုဘိုသန့်စင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ယခုနှစ်မှာ မိုးဦးနောက်ကျနေတာကြောင့် ရေတွင်းရေကန်တွေ ရေပြန်လည်မဖြည့်တင်းနိုင်ဘဲ ရေလိုအပ်ချက်ရှိလာခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

“ဒီနှစ်က မိုးဦးလည်းနောက်ကျနေတယ်။ အရင်နှစ်တွေက ဒီချိန်ဆို မိုးဦးတော်တော်ကျသွားပြီ။ ရေတွင်းရေကန်တွေ ရေပေါတော့ ရေအလျင်မီတယ်။ ဒီနှစ်ကျတော့ အဲလိုမျိုးတွေဖြစ်သွားပြီးတော့ ရေက လုံးလုံးကြီး အလျင်မမီတော့တာ။”လို့ ကိုဘိုဘိုသန့်စင်က ပြောပါတယ်။

ရေခက်ခဲနေတဲ့ ကျေးရွာတွေကို အညာမြေတပ်ပေါင်းစုကနေ ရေကားတွေနဲ့ သောက်သုံးရေ လိုက်လံဝေငှပေးနေပြီး လက်ရှိ အပူချိန်ပြင်းထန်တာ၊ စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေလို့ ရေသယ်ဖို့ အခက်အခဲရှိတာ၊ ရေဝေချိန် လူစုလူဝေးဖြစ်ပေါ်ပါက လေကြောင်းအန္တရာယ်ကို အထူးဂရုစိုက်နေရလို့ အကန့်အသတ်တွေကြားကနေ ဝေငှရတာ စတဲ့အခက်အခဲတွေရှိနေတယ်လို့ ရဲဘော်တွေက ပြောပါတယ်။

​လက်ရှိမှာ ရေတစ်ကားကို ကုန်ကျစရိတ် ငွေကျပ် ၁၈၀,၀၀၀ (တစ်သိန်းရှစ်သောင်း) ခန့် ရှိနေပြီး ပါဝင်ကူညီပေးကြဖို့ ရေအလှူရှင်တွေကို အညာမြေတပ်ပေါင်းစုက မေတ္တာရပ်ခံထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်း ထပ်မံတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။